10 w - Translate

“Apple က AI စနစ်ကြီး အချိန်မှီ ထုတ်မပြနိုင်လို့ တိုင်
ပတ်တာလောက်တော့ သနားတာပေါ့ 😂”
2010 တုန်းက Color (၂) မျိုး ဖြစ်တဲ့ Black နဲ့ White ပဲ ထုတ်တဲ့ iPhone 4 မှာ “White” “အဖြူရောင်” ဗားရှင်းကိုထုတ်လုပ်မှုပိုင်း တိုင်ပတ်ပြီး စျေးကွက်ထဲရောက်ဖို့ ရက်ပေါင်း ၃၀၈ ရက် နောက်ကျဖူးသတဲ့
ကျနော်လဲ အခုမှ သိတာဗျ
ဆန်းတော့ဆန်းသားဖြစ်ပုံက ဒီလိုပါ
July 2010 မှာ ဖုန်းကို မိတ်ဆက်တယ်
October 2010 မှာ iPhone 4 အဖြူရောင်ကို ထုတ်တာ ပြသနာတစ်ချို့ရှိလို့ နောက်ကျမယ်ဆိုပြီး Spring 2011 မှ ထုတ်မယ် ကြေငြာတယ်
April 2011 မှပဲ iPhone 4 အဖြူရောင်က စျေးကွက်ထဲရောက်လာပါတယ်
ဘာလို့ ဒီလိုနောက်ကျလဲဆိုတော့ အဖြူရောင် ကြောင့်ပါပဲ
ဖုန်းရဲ့ရှေ့နဲ့နောက်မှန် က အဖြူရောင်နှစ််ခုက Apple ရဲ့ စံနှုန်းကို မမှီတာ ကာလာ မညီတာတွေကြောင့်ပါတဲ့
နောက်ထပ်ပိုဆိုးတာက အဖြူရောင်မှာ Light Leakage ဖြစ်ပြီး ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည် နဲ့ Display ကွာလတီပိုင်းကိုပါ ထိခိုက်မှုရှိသွားတယ်ဆိုပါတယ်
ဆိုတော့ ဖုန်းအရောင်တောင် တစ်နှစ်လောက် နောက်ကျမှ စျေးကွက်ထဲပို့နိုင်တဲ့ Apple အတွက် AI စနစ်ကြီး ထုတ်ပေးဖို့ နောက်ကျတာလောက်က အဆန်းမဟုတ်ပါဘူးလို့ပဲ ဆိုရမှာပါ

image