Kelra က MLBB Game ရဲ့ GOAT လား ?
===============================
လက်ရှိ Onic PH အသင်းမှာကစားနေပြီး အကြမ်းဆုံးလက်စွမ်းတွေကိုပိုင်ဆိုင်ထားပြီး Gold Standard လို့ဆိုရလောက်အောင် Gold Lane ကအနေ အသင်းကိုအမြဲ Carry လေ့ရှိတဲ့ကစားသမားတစ်ယောက်ရှိပါတယ်။
သူ့နာမည်ကတော့ Kelra ဖြစ်ပြီး အခုလို World Champion မဖြစ်ခင် Execration, Smart Omega အသင်းတို့မှာဆော့ကစားထဲက လက်စွာပြီးလေတိုက်ကြမ်းတာကြောင့် လူအများသတိထားမိနေတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ဒါပေမယ့်ဒီလို Rookie ကစားသမားဘ၀ကနေအခုဆိုရင် Kelra ရဲ့ Professional Career မှာ MSC 2021, MPL PH Season 14, M6 World Championship, World Championship Challenge, Snapdragon Pro Series Season 6, SPS Mobile Masters 2025 စတဲ့ချန်ပီယံဆုတွေကို ဆွတ်ခူးထားနိုင်ခဲ့ပြီး မရဖူးတဲ့ချန်ပီယံဆု မရှိသလောက်ဖြစ်နေတာပါ။
ဒါ့အပြင်ကျင်းပတဲ့ Grand Final တိုင်းလိုလိုမှာလည်း Finals MVP ဆုကိုရယူတတ်ပြီး သူ့အတွက်သီးသန့် Moonton က Beatrix Skin ထုတ်ပေးရတော့မယ့် Kelra ကို MLBB ရဲ့ GOAT လို့သတ်မှတ်လို့ရပြီလားဆိုတာ ဘော်ဒါတို့ရဲ့အမြင်လေးတွေ ပြောပေးသွားကြပါဦး။
