10 w - Translate

ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံမီးလောင်မှုဖြစ်ပွား
***************
(မှုခင်း) ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်း၊ အကွက်အမှတ် (၂၃၀)ရှိ Nisho အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား၍ ရွှေလင်ဗန်းမီးသတ်စခန်းမှ မီးသတ်ယာဥ် ၄ စီး၊ ရေသည်ယာဥ် ၁ စီးနှင့် လူမှုကူညီရေးအသင်းဝင်များက ပူး‌ပေါင်းငြှိမ်းသတ်ခဲ့ကြပြီး ည ၉ နာရီ ၈ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

ည ၉ နာရီ ၉၄ မိနစ်အချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image