14 w - Translate

ကျောက်ဆည်တွင် တောင်ကျချောင်းရေဖြင့် ကားတစ်စီးနှင့် ယာဉ်မောင်း မျောပါပျောက်ဆုံး
----------------------------------
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း တောင်ကျရေအရှိန်ကြောင့် မော်တော်ယာဉ်တစ်စီးနဲ့အတူ ယာဉ်မောင်းအမျိုးသားတစ်ယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံးကနေ သိရပါတယ်။

ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးရှိ တောင်ကျချောင်း တစ်ခုမှာ မော်တော်ယာဉ် ဖြတ်သန်းချိန် တောင် ကျရေအရှိန်ကြောင့် အောက်တိုဘာလ(၁)ရက် ညပိုင်း လောက်မှာ Probox အမျိုးအစား မော်တော်ယာဉ်တစ်စီးနဲ့ ယာဉ်မောင်းအမျိုးသားတစ်ယောက် မျောပါသွားတာ ဖြစ်ပါတယ်။ တောင်ကျချောင်းထဲ မျောပါသွားတဲ့ မော်တော် ယာဉ်နဲ့ ယာဉ်မောင်းအမျိုးသားကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းထိ ရှာဖွေတွေ့ ရှိတာ မရှိသေးဘူးလို့ သိရပါတယ်။

image
14 w - Translate

ဗြိတိန်တွင် ကျောက်မီးသွေးသုံးဓာတ်အားထုတ်မှု ရပ်ဆိုင်း
-------------------------
ဗြိတိန်ရဲ့ နောက်ဆုံး ကျောက်မီးသွေးစက်ရုံကို စက်တင်ဘာ ၃၀ ရက်က ပိတ်သိမ်းခဲ့ပြီး ဒါဟာ ၁၄၂ နှစ်အတွင်း ဗြိတိန် စွမ်းအင်စနစ်ကနေ ပထမဆုံးအကြိမ် ကျောက်မီးသွေးကို ဖယ်ရှားလိုက်တဲ့ အဓိကမှတ်တိုင်ဖြစ်တယ်လို့ Uniper ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် မိုက်ကယ်လူးဝစ်က အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ဟာ ၂၀၅၀ ပြည့်နှစ်မှာ အသားတင် ဓာတ်ငွေ့ထုတ်လွှတ်မှု သုညကိုရောက်အောင် ရည်မှန်းချက် ရှိပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ဓာတ်အားပေးကဏ္ဍကို ကာဗွန်ရှင်းထုတ်ဖို့အတွက် ရုပ်ကြွင်းလောင်စာက စွမ်းအင်ထုတ်လုပ်မှု လျှော့ချဖို့နဲ့ လေနဲ့နေရောင်ခြည်လို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မျိုးဆက်တွေ တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ Uniper ပိုင်ဆိုင်တဲ့ ရက်ကလိဖီ အွန်ဆိုအာ ဓာတ်အားပေးစက်ရုံဟာ ဗြိတိန်နိုင်ငံ မစ်လန်းမှာ ၁၉၆၇ ခုနှစ်က စတင် လည် ပတ်ခဲ့ပြီး သူ့ရဲ့ ၂ ဂဂ္ဂါဝပ် ဓာတ်အားပမာဏဟာ အိမ်ခြေနှစ်သန်း လုံလောက်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။

စက်ရုံမှာ ဝန်ထမ်း ၁၇၀ လောက်ရှိပြီး တချို့ဟာ ဆန္ဒအလျောက် ပိုလျှံဝန်ထမ်းအဖြစ်ခံယူကာ တချို့က အငြိမ်း စားယူသွားသလို စက်ရုံဖျက်သိမ်းဖို့ အချိန်ယူရမယ့် နှစ်နှစ်အတွက် တချို့ကတော့ ကျန်ရှိနေတယ်လို့ လူးဝစ်က ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပြီး အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ ကာဗွန်ထုတ်နည်းတဲ့ သိုလှောင် စခန်းအဖြစ် ပြောင်းလဲလုပ်ကိုင်စရာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဗြိတိန်ဟာ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်တာကို ရပ်ဆိုင်းတဲ့ ပထမဆုံး G7 နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

image
14 w - Translate

The Conjuring 4 ရဲ့ BTS ပုံ အချို့ပါ။
London မှာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
#fg #conjuring4 #bts
Crd - #finalgirl

image
14 w - Translate

The Conjuring 4 ရဲ့ BTS ပုံ အချို့ပါ။
London မှာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
#fg #conjuring4 #bts
Crd - #finalgirl

image
14 w - Translate

ဗိုက်အရမ်းဆာနေလို့ပါ

image

ငါးဖယ်ချဥ်သုပ်

ငါးဖယ်ချဥ် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နံနံပင် ငရုတ်သီးမှုန့် ဆီ အချိုမှုန့် ငံပြာရည် သံပုရာရည်
အကုန်သမအောင်နယ် ထမင်းပူပူလေးနဲ့လွေး 😌

image
14 w - Translate

ယနေ့ ရွှေစျေး ဒေါ်လာစျေးနှင့် နိုင်ငံခြားငွေစျေးတွေ အဆင်းဘီးတပ်သလို ထပ်ကျ

(အောက်တိုဘာလ ၂ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 4450 – 4550
စင်ကာပူဒေါ်လာ 3400 – 3500
ဥရောပယူရို 4830 – 4970
ဂျပန်ယန်း 30.47 – 31.31
တောင်ကိုရီးယားဝမ် 3.34 – 3.43
အိန္ဒိယရူပီး 49.67 – 51.03
မလေးရှားရင်းဂစ် 1035 – 1075
တရုတ်ယွမ် 623 – 640
ထိုင်းဘတ် 135.50 – 139.86

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,200,000
ဝယ်စျေး 6,100,000

၁၅ ပဲရည်
ရောင်းစျေး 5,800,000
ဝယ်စျေး 5,700,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,390,000
၁၅ ပဲရည် - 5,060,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2648 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
14 w - Translate

တောင်ကြီးမြို့ရာသီဥတုအခြေနေ☃️

ဘာကိုလွမ်းလို့လွမ်းမှန်းမသိဘူး💔

လူတစ်ယောက်ဆီမှာအမြဲပြန်ချင်တဲ့မြို့လေးတစ်မြို့တော့ရှိကြမှာပါနော်❤️

image
14 w - Translate

တောင်ကြီးမြို့ရာသီဥတုအခြေနေ☃️

ဘာကိုလွမ်းလို့လွမ်းမှန်းမသိဘူး💔

လူတစ်ယောက်ဆီမှာအမြဲပြန်ချင်တဲ့မြို့လေးတစ်မြို့တော့ရှိကြမှာပါနော်❤️

image
14 w - Translate

တောင်ကြီးမြို့ရာသီဥတုအခြေနေ☃️

ဘာကိုလွမ်းလို့လွမ်းမှန်းမသိဘူး💔

လူတစ်ယောက်ဆီမှာအမြဲပြန်ချင်တဲ့မြို့လေးတစ်မြို့တော့ရှိကြမှာပါနော်❤️

image