14 w - Translate

ဒီရော့စီကို နည်းပြအဖြစ်မှ ရိုးမား ထုတ်ပယ်
-----------------
စီးရီးအေကလပ် ရိုးမားအသင်းဟာ အသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်သလို လက်ရှိနည်းပြလည်းဖြစ်တဲ့ ဒီရော့စီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ စက်တင်ဘာလ(၁၈)ရက်နေ့မှာ တရားဝင် ကြေညာသွားခဲ့ပါတယ်။ ရိုးမားအသင်းဟာ အခုဘောလုံးရာသီ စီးရီးအေ(၄)ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးတာကြောင့် ဒီရော့စီကို နည်းပြ အဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုအချိန်မှာ ဒီရော့စီနဲ့လမ်းခွဲလိုက်ပြီဖြစ်ပြီး ဒါကအသင်းရဲ့ရလဒ်တွေ ကောင်းမွန်လာဖို့အတွက် ရည်ရွယ်တယ် လို့ ရိုးမားအသင်းက ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ တာဝန်ရှိသူ တွေအနေနဲ့ အသင်းရဲ့ရလဒ်တွေအပေါ် စိတ်ဝင်တစားလုပ်ဆောင်နေကြတာကြောင့် အသင်းကို လမ်းကြောင်းမှန် ပေါ် ပြန်လည်ရောက်ရှိလာအောင် လုပ်ဆောင်သွားမယ်လို့လည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။

ဒီရော့စီဟာ ရိုးမားအသင်းမှာ ဆယ်စုနှစ်(၂)ခုနီးပါး ကစားသမားအဖြစ် ကစားခဲ့သူဖြစ်ပြီး ရိုးမားအသင်းကို နည်းပြအဖြစ် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလမှာ တာဝန်ယူကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

image
14 w - Translate

အိုဒီဂတ်၏ဒဏ်ရာ ထင်ထားသည်ထက် ပိုမိုပြင်းထန်
---------------------------
ဩစတြီးယားအသင်းနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာရခဲ့တဲ့ နော်ဝေကွင်းလယ်လူ အိုဒီဂတ်ရဲ့ဒဏ်ရာက မူလက ထင်ထားတာထက် ပိုမိုပြင်းထန်တယ်လို့ အာဆင်နည်းပြအာတီတာက စက်တင်ဘာလ(၁၈)ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဩစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ဆက်မကစားနိုင် တော့တာကြောင့် ပွဲချိန်(၆၇)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။

အစောပိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရတော့မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နည်းပြအာတီတာကတော့ အိုဒီဂတ်ရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုမိုပြင်းထန်နေတယ် လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်တွေရဲ့အဖြေအရ အိုဒီဂတ်ရဲ့ဒဏ်ရာက ပြင်းထန်ခဲ့ပေမဲ့ အချိန်အတော်ကြာ အနားမယူရဖို့အတွက် မျှော်လင့်မိတယ်လို့ နည်းပြ အာတီတာက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်စက်တင်ဘာလ (၂၂)ရက် နေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ရှိတာကြောင့် အိုဒီဂတ် ဒဏ်ရာရရှိခဲ့တာက အသင်း အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

image
14 w - Translate

🙂

image

ကစ်ကစ်တစ်မျှစ်သောက်ဆမ်းချက်နည်း

ကစ်ကစ်တစ်ကိုဆားများများနဲ့လူးပြီး(၁၀)မီနစ်လောက်နှပ်ထားပါ(ငါးအသားနုလို့ပါအသားလည်းကျစ်စေပါတယ်) ပြီးရင်
မျှစ်စိမ်းကိုပါးပါးလေးလှီးထားပါ ငရုပ်သီးခြောက်၊ နနွင်းမှုန်များများ၊ဂျင်း၊ ကြက်သွန်နီ(၂)ဥ ခန့် ထည့်ထောင်းပါ ပြီးရင် ဆားနှပ်ထားတဲ့ငါးကိုရေနဲ့သေချာစင်အောင်ဆေးပါ ပြီးရင်အိုးထဲထည့်ပါ၊ လှီးထားတဲ့မျှစ်တွေထည့်ပါ ရေကိုများများထည့်ပါ၊ ရခိုင်ငပိနည်းနည်းထက်ပိုထည့်ပါမျှစ်ပါလို့ပါ၊ဆားနှပ်ထားတာမို့ငါးသားထဲဆားစိမ့်ဝင်ပြီးသားမို့ဆားနည်းနည်းပဲထည့်နောက်မည်းကြည့်ပြီးမှလိုရင်ထည့်ပါ၊ အချိုမှုန့်မစားရင်ကြက်သားမှုန့်အနည်းငယ်သာထည့်ပါ ပြီးရင်ကြိုက်နှစ်ရာချဉ်ထည့်ပါ၊ဆီမထည့်ရပါနော် ပြီးရင်အဖုံးပိတ်ချက်ရင်းပါပြီ မှတ်ချက် ချက်တဲ့အခါမီးအပူမများစေရပါ(80 or (50 ပဲသုံးပေးပါ

image
14 w - Translate

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

(စက်တင်ဘာလ ၁၉ ရက်၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 5200 – 5300
စင်ကာပူဒေါ်လာ 3830 – 3930
ဥရောပယူရို 5480 – 5650
ဂျပန်ယန်း 34.52 – 35.57
တောင်ကိုရီးယားဝမ် 3.70 – 3.82
အိန္ဒိယရူပီး 57.78 – 59.54
မလေးရှားရင်းဂစ် 1150 – 1200
တရုတ်ယွမ် 695 – 715
ထိုင်းဘတ် 148.58 – 153.84

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,850,000
ဝယ်စျေး 6,800,000

၁၅ ပဲရည်
ရောင်းစျေး 6,420,000
ဝယ်စျေး 6,370,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,213,000
၁၅ ပဲရည် - 4,890,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2570 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
14 w - Translate

ဒီလို တောင်းပန်တာမျိုးဆို လက်ခံတယ် ☺️

image
14 w - Translate

ဒီလိုမျိုး စပို့လုပ်နိုင်မှ ကိုယ့်ဘွထဲဝင်ခဲ့ပါ

image
14 w - Translate

ခြောက်သွေ့ပြီး💚💚 ဖွာနေတဲ့ဆံသားကို ပြန်လည်ထိန်းသိမ်းနည်း💁✅

၁။ hair oilလိမ်းဖို့ မပျင်းပါနဲ့😁

ခေါင်းလျှော်ပြီး မခြောက်တခြောက်ဖြစ်ချိန်ပိုလိမ်းပေးပါ

💐 ဆံပင်အောက်ဖျားတွေကိုနေ့တိုင်းလိမ်းပေးပါ💐

ခေါင်းမလျှော်ခင် နာရီဝက်အလို ဥပမာသံလွင်ဆီလိမ်းပေးတာမျိုး လုပ်ပေးပါ

၂။ ခေါင်းခနခနလျှော်တာမျိုးရှောင်ပေးပါ🚿🚿

Dryer မှုတ်တဲ့အခါလည်း လေပူမသုံးဘဲလေအေးဘဲသုံးပေးပါ📌
အပူချောင်းတွေကဆံသား ခြောက်တာ ပျက်စီးတာပိုဖြစ်စေပါတယ်🙆
နေပူထွက်ရင် အဆောင်းမပါဘဲ မသွားပါနဲ့ 💞

၃။ Moisture လိုအပ်နေတာဖြစ်လို့ Shampoo ရွေးချယ်မှု မှန်ကန်ရန်လိုအပ်ပါတယ်ရှင့်

image
14 w - Translate

အောက်တိုဘာ(၁၀)ရက်မတိုင်မီ မုတ်သုံဆုတ်ခွာနိုင်
-----------------------
အနောက်တောင်မုတ်သုံလေဟာ လာမယ့်အောက်တိုဘာလ(၁၀)ရက် မတိုင်ခင်လောက်မှာ မြန်မာတစ်နိုင်ငံ လုံးကနေ ဆုတ်ခွာသွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားတဲ့နေရာမှာ မုတ်သုံလေ မဟုတ်ပေမယ့်လည်း တခြား မိုးလေဝသ ဖြစ်စဉ်တွေကြောင့် မိုးရွာသွန်းတာတွေဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ လာမယ့်နောက်(၂)ရက်အတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကနေ ဆုတ်ခွာနိုင်သွားနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ(၁၉)ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

image
14 w - Translate

လူမြင်ကွင်းတွင် ကျင်ကြီးစွန့်သူ စင်ကာပူတရားရုံးက ငွေဒဏ်ရိုက်
----------------------------
စင်ကာပူနိုင်ငံ မာရီနာ ဘေး ဆန်းစ် (Marina Bay sands)က စျေးဝယ်စင်တာ ဝင်ပေါက်မှာ အညစ်အကြေးစွန့်တဲ့ ဗီဒီယိုထဲက အမျိုးသားကို စင်ကာပူတရားရုံးက ကြာသပတေးနေ့မှာ အမေရိကန်ဒေါ်လာ (၃၀၀)ကျော် ဒဏ်ငွေ ချမှတ်လိုက်ပါတယ်။ ဒဏ်ငွေချမှတ်ခံရသူဟာ အိန္ဒိယလူမျိုး ရာမူ ချင်နာရာဆာ ဆိုသူဖြစ်ပြီး အများပြည်သူ ဆိုင်ရာ နေရာမှာ အညစ်အကြေးစွန့်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံတဲ့နောက် ဒဏ်ငွေချမှတ်ခံရတာပါ။

အဲဒီ ဒဏ်ငွေချမှတ်ချိန်မှာ သူက တရားသူကြီးကို ဒဏ်ငွေ လျှော့ပေါ့ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို တရားသူကြီးက ဒဏ်ငွေနည်းနည်းပဲဆောင်ချင်ရင် လူအများမြင်ကွင်းမှာ ဒါမျိုး မလုပ်ဖို့နဲ့ အရက်သေစာ မူးယစ် သောက်စားတာမျိုး မလုပ်ဖို့ တုံ့ပြန်ဆုံးမခဲ့ပါတယ်။ အဲဒီ ဆောက်လုပ်ရေးလုပ်သား ရာမူ ဟာ စင်ကာပူမှာ အလုပ်လုပ်ခွင့် ပါမစ်နဲ့ လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ(၂၉)ရက်က အရက်အပြင်းစား (၃) ပုလင်း သောက်သုံးခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် အရက်မူးပြီး သန်းခေါင်ကျော် လောက်မှာ MBS မှာရှိတဲ့ ကာစီနိုရုံမှာ လောင်းကစား သွားလုပ်ခဲ့ပါ တယ်။ အဲဒီကာစီနိုရုံကနေ အောက်တိုဘာ (၃၀)ရက်နေ့ မနက် ၅ နာရီမှာ မူးမူးနဲ့ ပြန်ထွက်လာရာမှာ အလေး အပင် စွန့်ချင်လာလို့ အများသုံး အိမ်သာကို မရှာနိုင်တော့ဘဲ စျေးဆိုင်တစ်ခုရဲ့ ဝင်ပေါက်ရှေ့ လူမြင်ကွင်းမှာ မဆင်မခြင် အညစ်အကြေးစွန့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို MBS လုံခြုံရေးဝန်ထမ်းတစ်ယောက်က ရဲစခန်းကို သတင်းပို့ တိုင်ကြားခဲ့တာကြောင့် အခုလို ငွေဒဏ်အဖြစ် အမေရိကန်ဒေါ်လာ (၃၀၀) ဒဏ်ငွေ ချမှတ်ခံရတာဖြစ်ပါတယ်။

image