11 w - Translate

ရှင်သန်နေတဲ့နေ့ရက်တွေကို
တိတ်တိတ်လေးပဲ ကုန်ဆုံးသွားချင်တော့တယ် ။
ကိုယ့်အကြောင်းတွေကို
ဘယ်သူ့ကို ပေးမသိချင်သလို
ဘယ်သူ့အကြောင်းကိုမှလည်း
ကိုယ် စိတ်မဝင်စားဖြစ်တော့ဘူး ။

ဆက်နွယ်နေတဲ့ လူ့အသိုင်းအဝိုင်းကို
အတတ်နိုင်ဆုံး ချုံ့လိုက်ပြီး
တိတ်တိတ်လေးပဲ ရှင်သန်သွားချင်တယ် ။

ကိုယ် ဘယ်လိုလူမျိုးပါလို့
ရှင်းပြနေရမယ့်သူတွေထက်
ကိုယ် ဘယ်လိုလူမျိုးဖြစ်ဖြစ် လက်ခံပေးမယ့်
လူ့အသိုင်းအဝိုင်းလေးထဲမှာပဲ ရှင်သန်သွားချင်တယ် ။

ဘယ်အရာကိုမှ ပြိုင်မလုချင်သလို
ဘယ်အရာကိုမှလည်း ရှင်းပြမနေချင်တော့ဘူး ။

ဒီအတိုင်းလေးပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ရှင်သန်ပြီး
တိတ်တိတ်ဆိတ်ဆိတ်လေး ပျောက်ကွယ်သွားချင်တယ် ။

ရှာတွေ့ချင်သူတွေ ရှာတွေ့လို့
ကြင်နာချင်သူတွေ ကြင်နာပြီး
ချန်ခဲ့ချင်သူတွေ ချန်ခဲ့ကြပါစေ ။

ဘာအရာကိုမှ မတောင်းဆိုချင်သလို
ဘာအရာကိုမှလည်း အပြစ်တင်နေမှာ မဟုတ်ပါဘူး ။

ကိုယ့်အတွက်တော့
တိတ်ဆိတ်ခြင်းဆိုတာ ပျော်မွေ့ရာ တစ်ခုပါပဲ ။

-ယူနိုရာ

image
11 w - Translate

မငတ်ဖို့ ရုန်းကန်မိတာကလွဲရင်
မပျော်အောင်နေတာ ကြာပြီလို့ ပြောရမယ်

ကပ်ကြီးလေးပါးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတဲ့အခါ
လူဟာ လူလို ကျင့်ကြံအားထုတ်ရတယ်။

#နွေသစ်ငြိမ်း

image
11 w - Translate

သီတင်းကျွတ် မုန့်ဖိုးလိုက်တောင်း ချင်ပေမယ့် မိမိမှာအချိုးမပြေလေး ဖြစ်နေသောအခါ 😉

image
11 w - Translate

အဆင်ပြေရာကိုဖမ်းဆုပ်ပြီး
ကျန်ခဲ့ပါလို့ ပြောခဲ့တဲ့
မျက်နှာလေးကို မမေ့ဆုံးပါပဲ။

-နွေသစ်ငြိမ်း

image
11 w - Translate

ဂရုစိုက်နော် ...

နောက်ဆို အရင်လို
ဘာပဲဖြစ်ဖြစ် စိတ်ပူပေးမယ့်
ကိုယ် ရှိနေတော့မှာ မဟုတ်ဘူး ။

ရှိနေချင်လဲ မင်းရွေးခဲ့တဲ့လမ်းမို့
ကျေကျေနပ်နပ်
ကျန်ခဲ့ဖို့ပဲ တွေးပါတယ် ။

#2001

image
11 w - Translate

ရန်လည်း ရှာစေချင်တယ်
ပြန်လည်း လာစေချင်တယ်

ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင်ပေါ့လေ ။

#နေညိုရောင်ခြည်

image
11 w - Translate

အချိန်ဟာလူကိုမစောင့်ပေမယ့်
လူတွေကတော့အချိန်ကိုစောင့်ကြရတာပဲမလားကွယ်.....။

မေ့ပစ်ဖို့ကိုဖြစ်ဖြစ်...
ထပ်ချစ်ဖို့ကိုဖြစ်ဖြစ်ပေါ့....။

#ညတာရာလင်း

image
11 w - Translate

တစ်လုတ်ကယ်ဝဝ စားလိုက်ရလျင်ဖြင့်...🥹😏
#kuukuu

image
11 w - Translate

တစ်ယောက်တည်း အထီးမကျန်အောင် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ စကားပြောပေးပါ။

တိရစ္ဆာန်တွေက စကားပြန်ပြောလာပြီဆိုရင်တော့ စိတ်ရောဂါကုဆရာဝန်ဆီ အမြန်ဆုံးသွားပါ။

The Voices (2014)

image
11 w - Translate

ဂုတ်ထောက်သွားပြီ အကို🥹
#kuukuu

image