Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အပိုဆုကြေး သန်းကြွယ်သူဌေး Charles Oliveira
UFC 309 ပြိုင်ပွဲမှာ Charles Oliveira နဲ့ Michael Chandler တို့ကို အကောင်းဆုံးတွဲဆိုင်း (Fight of the Night) သတ်မှတ်လိုက်တာမို့ ကစားသမားတွေက ဒေါ်လာ (၅) သောင်းစီရကြတယ်။
အခုဆိုရင် Charles Oliveira က အပိုဆုကြေးရတာ အကြိမ် (၂၀) ရှိလာပါပြီ။ UFC အဖွဲ့အစည်းမှာ အပိုဆုကြေးအများဆုံး ကစားသမားပါပဲ။ အပိုဆုကြေးပမာဏတင် ဒေါ်လာ (၁) သန်း (၂) သောင်းရှိပါပြီ။ အပိုဆုကြေးစုစုပေါင်း ဒေါ်လာ (၁) သန်းကျော်ရဖူးတဲ့ ပထမဆုံး ကစားသမားဖြစ်လာပါပြီ။
ဒီနေရာမှာ စာဖတ်သူက ကတ်သီးကတ်သတ်လာမေးလို့ရပါတယ်။ အပိုဆုကြေးက ဒေါ်လာ (၅) သောင်းဆိုတော့ အကြိမ် (၂၀) ဆိုရင် ဒေါ်လာ (၁) သန်းဖြစ်ရမှာမလား။ ဘာလို့ ဒေါ်လာ (၁) သန်း (၂) သောင်းဖြစ်နေရတာလဲ။ ဒါဆိုရင် အပိုဆုကြေးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်။
ဟိုးအရင်တုန်းက အပိုဆုကြေးပမာဏက ဒေါ်လာ (၃) သောင်းပါ။ နောက်ပိုင်းမှာ ဒေါ်လာ (၄) သောင်းအထိ တိုးပေးလိုက်တယ်။ ဒေါ်လာ (၅) သောင်းခွဲဖြစ်လာတယ်။ နောက်ထပ် (၅) သောင်းတဲ့။ ဒေါ်လာ (၇) သောင်းခွဲပေးတာလည်း ရှိတယ်။ ဒေါ်လာ (၆) သောင်းဖြစ်လိုက်သေးတယ်။ ပမာဏက အမျိုးမျိုးပြောင်းနေတာပါ။
UFC အဖွဲ့အစည်းမှာ အပိုဆုကြေးပမာဏက မတည်ငြိမ်ပါဘူး။ ပေးချင်သလို ပေးတာပါ။ များတာလည်းရှိသလို နည်းတာလည်းရှိပါတယ်။ နောက်ပိုင်းမှာ အပိုဆုကြေးပမာဏကို ဒေါ်လာ (၅) သောင်းရယ်လို့ သတ်မှတ်လိုက်တာပါ။
UFC 300 ပြိုင်ပွဲမှာ အပိုဆုကြေး ဒေါ်လာ (၃) သိန်းပေးဖူးပေမယ့် ဒါက အထင်ကရရာပြည့်ပြိုင်ပွဲမို့ပါ။ အပိုဆုကြေးနှုန်းက မတည်ငြိမ်တာမို့ ခေါင်းဖြူကြီး Charles Oliveira ရဲ့ စုစုပေါင်းအပိုဆုကြေးပမာဏက ဒေါ်လာ (၁) သန်းမဟုတ်ဘဲ ဒေါ်လာ (၁) သန်း (၂) သောင်းဖြစ်နေရတာပါ။
ကျွန်တော်လေ့လာဖူးသလောက် ခေါင်ပွဲနဲ့ ဒုတိယခေါင်ပွဲတွေက PPV Amount အပေါ်မှာ မူတည်ပြီး အကျိုးအမြတ်ခံစားခွင့်ရှိပါတယ်။ တရားဝင်တွဲဆိုင်း အစီအစဉ်မှာ Joshua Van က တတိယခေါင်ပွဲဖြစ်ပါတယ်။ တတိယခေါင်ပွဲသမားတွေက PPV Point ရတယ်လို့ မကြားဖူးပါ။ ကျွန်တော်မသိပါ။ ကျွန်တော်သိတာက Prelim Card ထက် Main Card မှာ ကစားခွင့်ရတာ နာမည်ပိုကြီးပြီး ဂုဏ်သိက္ခာပိုရှိတာပဲ။ အဆင့် (၁) Brandon Royval ကိုသာ နိုင်လိုက်ရင် Joshua Van က ထိပ်ဆုံး (၃) ယောက်စာရင်းဝင်သွားနိုင်သလို ခါးပတ်လုခွင့်ရနိုင်တာမို့ သန်းကြွယ်သူဌေးဖြစ်သွားနိုင်တာပဲ။ မာတာမိခင် ကျေးဇူးရှင်ကို အခုထက် ပိုကျေးဇူးဆပ်ခွင့်ရပါမယ်။ အခုပွဲသာ နိုင်လိုက်ရင် Joshua Van က ဘောစိဖြစ်ပြီ။
ခေါင်းဖြူကြီး Charles Oliveira က ရှုံးပွဲများလို့သာ Underrated ဖြစ်နေတာပါ။ ကြေးစား (၄၆) ပွဲထိုးထားတာတောင်မှ Finish Rate က (၈၉) ရာခိုင်နှုန်းဖြစ်နေတယ်။ UFC အဖွဲ့အစည်းမှာ ပြီးခြေပြီးလက်အရှိဆုံးဖိုက်တာပဲ။
Ilia Topuria က Alexander Volkanovski နဲ့ Max Holloway တို့ကို ဆက်တိုက်အလဲထိုးထားတာပါ။ Charles Oliveira ကို အလဲထိုးနိုင်ရင် Ilia Topuria က ဆရာကြီးဂိုဏ်းချုပ်ဖြစ်ပြီ။ P4P Ranking မှာ အဆင့်တက်လာလိမ့်မယ်။
အရင်ဆောင်းပါးမှာ ပြောထားသလိုပဲ ခေါင်းဖြူကြီး Charles Oliveira က အစောပိုင်းမိနစ်တွေမှာ အထိနာတတ်တယ်။ ဒါကို အခွင့်ကောင်းယူပြီး Ilia Topuria က ပထမအချီမှာတင် အလဲထိုးမယ်လို့ ကြွေးကြော်နေတာပါ။
Ilia Topuria နဲ့ Charles Oliveira တို့ အရပ်ကွာတာ ပရိသတ်တိုင်းသိတယ်။ ကျွန်တော့်အမြင်ကို ပြောရရင် အရပ်ကွာတာက Ilia Topuria အတွက် ပြဿနာမဟုတ်ဘူး။ ခေါင်းဖြူကြီး Charles Oliveira ထက် အရပ်ရှည်တဲ့ Max Holloway ကိုတောင် ဖြုတ်လာလို့ပါ။ အရပ်ကွာဟမှုပြဿနာကို Ilia Topuria ဖြေရှင်းနိုင်လိမ့်မယ်။
တကယ်တိုင်ပတ်နိုင်တာက လက်တံပါပဲ။ Charles Oliveira က Ilia Topuria ထက် လက်တံ (၅) လက်မသာတယ်။ ဒီပမာဏက ကြီးမားလွန်းတယ်။ Front Kick ကန်ပြီး တားထားလိုက်ရင် Ilia Topuria က အနားကပ်လို့တောင် ရပါ့မလား။ ဒါလည်း တွေးစရာပဲ။ ခေါင်းဖြူကြီး Charles Oliveira က အမှားလုပ်လို့မရဘူး။ အရင်ပွဲချန်ပီယံပွဲတွေလို ကစားမိလို့ကတော့ အလဲထိုးခံရမှာပဲ။
ပထချီအလဲထိုးနဲ့ ပြောင်မြောက်တဲ့နိုင်ပွဲ ရယူပြတဲ့ #ရဲရင့်နောင်
***********
တကယ်ကြိုးစားပြီး ကြိတ်ပြင်ဆင်နေခဲ့တာမှန်းသိလို့ ဒီရလာဒ်နဲ့ ထိုက်တန်ပါတယ်။
အနိမ့်မြင့် အတက်ကျတွေကြားထဲကနေ ဒီလို ရုန်းထပြတာကိုလဲ အသိမှတ်ပြုပါတယ်။
မကြာခင် လက်အိတ်အပါးလေး ဆင်မြန်းပြီး ၊ ကမ္ဘာ့စင်မြင့်ထက်မှာ သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးပြဖို့လဲ မျှော်လင့်မိပါတယ်။
အလဲထိုး နိုင်ပွဲအတွက် #congratulationstions ညီလေး
ONE စင်မြင်ထက်မှာ တွေ့ရနိုင်တဲ့ နောက်ထပ်မြန်မာဖိုက်တာ (သို့) ရဲရင့်နောင်
-----------
ရဲရင့်နောင် က ONE Friday Fights စင်မြင့်ထက် တက်လှမ်းဖို့ အလားလာတွေ ရှိနေတယ်လို့ ကြားနေတဲ့ သတင်းတွေကတော့ ကြာပါပြီ။
သူကိုယ်တိုင်လဲ အတော်လေး ကြိတ်ကြိုးစားနေသလို ၊ မနေ့က ပွဲဆိုရင် ပထမချီနဲ့ အလဲထိုးပြီး နိုင်ပွဲရယူခဲ့တဲ့ အကြောင်းကိုတောင် စတေးတပ်တင်ခဲ့သေးပါတယ်။
ဒီကနေ့မှာတော့ သူ့ရဲ့ နည်းပြဆရာ ကိုယ်တိုင်က "မကြာခင် ONE Lumpinee" မှာ တွေ့ကြမယ်ဆိုပြီး စတေးတပ် ရေးလိုက်ပါပြီ။
ဒါ့ကြောင့် အတော်လေးကို သေချာသလောက် ဖြစ်နေပါတယ်။
ကြားထဲမှာ ဘာအဖုထစ်မှ မရှိပဲ ပွဲဖြစ်ကြဖို့ပဲ မျှော်လင့်မိပါတယ်။
တကယ်လို့ ရဲရင့်နောင်သာ ONE Friday Fights စင်မြင့်ထက်ရောက်မယ်ဆိုရင် ထိုင်းဘက်ကနေ ကြိုးစားနေကြတဲ့ မြန်မာဖိုက်တာတွေ အတွက်တော့ နောက်ထပ် မှီငြမ်းရမယ့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသလို ဖြစ်မှာပါ။
အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ ညီငယ်ရေ.............🤜🤛