Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တကယ်ချစ်တဲ့အခါ
- ခဏတာ ရင်ခုန်မှုအသစ်အတွက်နဲ့
ဘေးနားမှာ အနှစ်နှစ်အလလ ရှိနေပေးသူကို သစ္စာမဖောက်လိုက်ပါနဲ့။
-အသစ်အသစ်သော ရင်ခုန်မှုက
အချစ်စစ် မဖြစ်နိုင်ဘူးဆိုတာ
သိရပါမယ်။
-ချစ်တယ်လို့ ပြောပြီးရင် နောက်ကနေ လက်တွေ့ကျကျ ချစ်ပေးပါ။
-သစ္စာ ရှိရမယ်။
-စိတ်ရှည်ရမယ်။
-အချိန်ပေးရမယ်။
-ဘဝရဲ့ first priority အဖြစ် ထားရမယ်။
-အဆက်အသွယ် အမြဲလုပ်ရမယ်။
-စိတ်လုံခြုံမှု ပေးရမယ်။
-ဖြစ်တည်မှုတိုင်းကို လက်ခံပြီး
ချစ်ပေးနိုင်ဖို့ လိုတယ်။
-ပိုကောင်းတဲ့လူတွေ့လာရင်တောင်
ဒီလူကို တကယ်ချစ်တယ်ဆိုရင်
ငြင်းနိုင်ရမယ်၊ရှောင်နိုင်ရမယ်။
ထပ်ခါထပ်ခါ ရွေးချယ်ရမယ်။
ကြည်နူးစရာကောင်းတဲ့အချစ်ရေး
တစ်ခု ဖြစ်လာဖို့ဆိုတာ လုံလောက်တဲ့ အားစိုက်မှု(effort)ရှိရတယ်။
ရင်းနှီးမြှုပ်နှံရတာရှိမယ်။ သိပ်နေပျော်စရာ
မကောင်းတဲ့လောကကြီးထဲ ကိုယ့်အသည်းတစ်ခြမ်းကို ရှာတွေ့ရင်တော့ အထီးကျန်မှာကို ကြောက်စရာ မလိုတော့ဘူးလေ။
ဒီတော့ ဘဝမှာ အချစ်လည်း လိုအပ်တာပါပဲ။
အစားထိုးမရတဲ့အရာ…
သရဲကားတွေကြည့်ရတာလည်း...
ထိန့်လန့်စရာမကောင်းတော့ဘူး...။
ဟာသတွေဟာလည်း...
ရယ်ရွှင်မှုမပေးတော့ဘူး...။
ဦးထီးသီချင်းတွေတော့...
ခံစားလို့ရနေသေးတယ်...။
ကိုငှက်သီချင်းတွေနဲ့…
အမေ့အိမ်ကိုလွမ်းလို့ရသေးတယ်…။
ဘုံဆိုင်ထဲကစကားနဲ့ပြောရရင်...
တပုလင်းလဲလို့
တပုလင်းအစားထိုးရရင်ကောင်းသားပေါ့…။
သျှင်ဇော (တောင်ငူ)
Photo - Crd
မျှော်လင့်တတ်တဲ့အခါ
အပေးလည်း မလွယ် ရသလို
အရွေးလည်း မလွဲ ရဘူး
ပေးတိုင်း ပြန်မရတဲ့အခါ
ကိုယ့်စိတ်ကလေး နာရတယ်
အိုကံ ကောင်းချင်ရင်
ချစ်ခြင်းမေတ္တာကိုလည်း ဆင်ခြင်ရသလို
ပစ္စည်းဥစ္စာကိုလည်း ချွေတာရတယ် ။ ။
#ခွန်ဟိဏ်း(Yesagyo)