5 w - Translate

🌟 Watch Link & Pin Remover Tool 🌟
💰 ဈေးနှုန်း: [20000ကျပ်]
နာရီလက်ပက်ကြိုး (Link & Pin Watch Strap) ချိန်ညှိဖို့ ဒါမှမဟုတ် သန့်ရှင်းဖို့ လိုအပ်တဲ့အခါ ဆိုင်ကိုသွားစရာမလိုတော့ပါဘူး! ဒီ Watch Link & Pin Remover လေးနဲ့ အိမ်မှာတင် အလွယ်တကူ ပြင်ဆင်လို့ရပါပြီ။

✨ အချက်လတ်များ
✔️ Link Pin Watch Band ထဲက Pins များကို အလွယ်တကူ ဖယ်ထုတ်ပြီး ပြန်ထည့်နိုင်ခြင်း
✔️ အရည်အသွေးမြင့် Metal နဲ့ ပြုလုပ်ထားပြီး တာရှည်ခံခြင်း
✔️ Spare Pins ၃ ခု ပါဝင်တာမို့ သုံးရင်းကွေးသွားရင်တောင် စိတ်ပူစရာမလိုပါဘူး (Pins တွေ တစ်ခါတရံ တောင့်တင်းတဲ့အခါ ကွေးတတ်ပါတယ်)
✔️ အရွယ်အစား - 672720mm (သယ်ရလွယ်ကူပြီး သိမ်းရအဆင်ပြေ)

📦 ပါဝင်ပစ္စည်းများ:
1 * Watch Link & Pin Remover
3 * Pins

🔧 အသုံးပြုပုံ
နာရီလက်ကောက်ကြိုးထဲက Pins များကို ဖယ်ထုတ်ဖို့နဲ့ ပြန်ထည့်ဖို့ အထူးသင့်တော်တဲ့ ဒီ Tool လေးဟာ သင့်နာရီကို ထိခိုက်မှုမရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ABS နဲ့ အရည်အသွေးမြင့် Metal ကိုသုံးထားလို့ ခိုင်ခံ့ပြီး အသုံးပြုရလွယ်ကူပါတယ်။

📞#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို
www.shop.com.mm/shop/zaycho

နာရီချစ်သူတွေအတွက် မရှိမဖြစ် Tool လေးတစ်ခု! အခုပဲ မှာယူလိုက်ပါ။ ⏱️

image

imageimage
+5
5 w - Translate

#နိုင်ငံတကာသတင်း
◼ အီရန် ၊ တရုတ်နှင့် ရုရှားတို့ အိုမန်ပင်လယ်ကွေ့တွင် စစ်ရေးလေ့ကျင့်မှုစတင်
ကြာရှည်စွာတည်ရှိခဲ့သော အနောက်တိုင်းမဟာမိတ်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ချိန်တွင် အီရန် ၊ တရုတ် နှင့် ရုရှားနိုင်ငံမှ စစ်သင်္ဘောများက အိုမန်ပင်လယ်ကွေ့တွင် နှစ်စဉ်ပြုလုပ်သည့် စစ်‌ရေးလေ့ကျင့်မှုကို ယနေ့ စတင်လိုက်ပြီး ၎င်းတို့၏ စစ်ရေးအရချိတ်ဆက်မှုများကို ပြသခဲ့ကြသည်။
‘လုံခြုံ‌ရေးခါးပတ်-၂၀၂၅’ ခု အမည်ပေးထားပြီး အီရန်နိုင်ငံ ချာဘာဟာ ဆိပ်ကမ်းအနီးတွင် ပြုလုပ်နေသော ပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများသည် ၂၀၁၉ ခုနှစ်မှစ၍ အီရန် ၊ တရုတ် နှင့် ရုရှားတို့ကြား ငါးကြိမ်မြောက် ရေတပ်စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာပြောကြားချက်အရ သိရသည်။
အမေရိကန်ဩဇာအာဏာ နှင့် အနောက်တိုင်းဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို စိန်ခေါ်ရန် ကြိုးစားရင်း အာဏာရှင်ဆန်သောနိုင်ငံသုံးနိုင်ငံကြားက ကြီးထွားလာသော ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်းအဖြစ် ယင်းစစ်ရေးလေ့ကျင့်မှုများကို လေ့လာဆန်းစစ်သူများက ရှုမြင်ခဲ့ကြသည်။
သို့ရာတွင် ဒေါ်နယ်ထရန့်က ယူကရိန်းကိုချောင်ထိုးကာ ရုရှားအားလက်ခံခဲ့ပြီး ဆယ်စုနှစ်များစွာအနောက်တိုင်းလုံခြုံရေး အဓိကထောက်တိုင်ဖြစ်ခဲ့သော နေတိုးမဟာမိတ်အဖွဲ့အား ပြတ်တောက်အောင်လုပ်ခဲ့ခြင်းနှင့်အတူ အမေရိကန်အကာအကွယ်အတွက် အာရှမဟာမိတ်များက ငွေကြေးပိုမိုပေးချေရန် တွန်းအားပေးခဲ့ပြီးနောက် ယခုနှစ်သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုများ ပိုမိုထင်ရှားလာခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများအကြောင်း ယမန်နေ့က မေးမြန်းခဲ့ချိန်တွင် ၎င်းအနေဖြင့် အမေရိကန် ရန်ဘက်သုံးနိုင်ငံ အင်အားပြမှုကို စိုးရိမ်မှုလုံးဝ မရှိကြောင်း ‌ဒေါ်နယ်ထရန့်က ပြောကြားသည်။
“ ကျွန်တော်တို့က သူတို့အားလုံးထက် အင်အားကြီးမားပါတယ်။ သူတို့အားလုံးထက် ကျွန်တော်တို့က အင်အားပိုမိုသာလွန်ပါတယ်။” ဟု သမ္မတလေယာဉ် Air Force One ပေါ်တွင် ဖောက်စ်သတင်းဌာနကို ပြောကြားသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် အမေရိကန်နှင့် အီရန် ကြား တင်းမာမှုများမြင့်တက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အီရန်၏ နျူကလီးယားအရေး နှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က အမြင့်ဆုံးဖိအားပေးရေး မူဝါဒကို ပြန်လည်ချမှတ်ထားပြီး ယင်းမှာ အနိုင်ကျင့်သောနည်းဗျူဟာဖြစ်ကြောင်း တီဟီရန် က ရှုတ်ချထားသည်။
အိုမန်ပင်လယ်ကွေ့သည် အိန္ဒိယသမုဒ္ဒရာနှင့် ဟောမုဇ်ရေလက်ကြားကို ဆက်သွယ်ထားသော အရေးပါသောရေလမ်းကြောင်း ဖြစ်ကာ ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု လေးပုံ တစ်ပုံ ခန့် ဖြတ်သန်းသောနေရာလည်း ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-CNN

image
5 w - Translate

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဟားမတ်စ်ပြောကြား
*********************
(နိုင်ငံတကာ) မတ်လ ၁၀
ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ဆောင်ရွက်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာပစ္စည်းများ ဝင်ရောက်ခွင့်ပြုရန်လိုအပ်ကြောင်း ဟားမတ်စ်အဖွဲ့က မတ်လ ၉ ရက်တွင် ပြောကြားသည်။

ကိုင်ရိုတွင် ဟားမတ်စ်အဖွဲ့နှင့် အီဂျစ်တာဝန်ရှိသူများအကြား အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ရန်နှင့် ဓားစာခံများကို အသုတ်လိုက်လဲလှယ်ရန် ဆွေးနွေးခဲ့ကြကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

ဒုတိယအဆင့်အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် စခန်းများဖွင့်လှစ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများ ဝင်ရောက်ခွင့်ပြုရေးတို့ကို ချက်ချင်းဆောင် ရွက်ရန် ဟားမတ်စ် အဖွဲ့က ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

အဆင့်သုံးဆင့်ပါဝင်သည့် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် ဇန်နဝါရီလ ၁၉ ရက် တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် လက်ရှိအချိန် တွင် ဒုတိယအဆင့် ဆောင်ရွက်ရန် တန့်နေခဲ့သည်။

အပစ် အခတ် ရပ်စဲရေးကြားဝင်စေ့စပ်ညှိနှိုင်းသည့် အီဂျစ်နိုင်ငံသည် ဂါဇာဒေသ တွင် ရေရှည်တည်တံ့သည့် အပစ်အခတ် ရပ်စဲရေးရရှိရန်နှင့်ဒေသခံများကို မရွှေ့ပြောင်းစေဘဲ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အာရပ် ထိပ်သီးညီလာခံတွင် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကုန်ကျမည့် ဂါဇာဒေသပြန်လည်တည်ဆောက်ရေး အစီအမံကို တင်ပြခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား ဖိအားပေးရေးနှင့် ပထမအဆင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေးအတွက် မတ်လအစောပိုင်းတွင် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ ဝင်ရောက်ခွင့်ပိတ်ပင်သည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

image

ကျနော်က အာဘွား ပေးမှာပါဗျ 🥴

image
5 w - Translate

နိုဗိုစီဗစ်မြိုရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို နစက ဥက္ကဋ္ဌဖွင့်လှစ်ပေးခဲ့
*******************
(ပြည်တွင်း) မတ်လ ၁၀
ရုရှားနိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၉ ရက်နံနက်ပိုင်းမှာ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား နစက ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဲဒီနောက် နစကဥက္ကဋ္ဌမှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖျန်းပေးခဲ့ပြီး ကောင်စစ်ဝန်ချုပ် ရုံးဝန်ထမ်းမိသားစုများနှင့် နိုဗိုစီဗစ်မြို့မှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားအရာရှိများ ကို တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်မြို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်မှု၊ ကုန်သွယ်မှုများတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးစေလိုမှု၊ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်များမှာ ပညာတော်သင်များ ပညာသင်ကြားနိုင်ရေး ထပ်မံစေလွှတ်ရန်စီစဉ်လျက်ရှိမှုတို့ကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌမှ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် သင်တန်းသားအရာရှိများ၏ လိုအပ်ချက်များကိုမေးမြန်းပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။

အဆိုပါ မြန်မာကောင် စစ်ဝန်ချုပ်ရုံးဖွင့်ပွဲမှာ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ နိုဗိုစီဗစ်မြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းက နှစ်နိုင်ငံဆက်ဆံရေးရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး နိုဗိုစီဗစ်ဒေသတွင်နေထိုင်တဲ့ ရုရှားနိုင်ငံသားများအတွက် မြန်မာနိုင်ငံနှင့်ချိတ်ဆက်ပေါင်းကူးရန်၊ နှစ်နိုင်ငံကြား နားလည်မှုမြှင့်တင်ရန်၊ နိုဗိုစီဗစ်ဒေသဝန်းကျင်ရှိ မြန်မာအသိုင်းအဝိုင်းကိုကူညီစောင့်ရှောက်ပြီး ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

image
5 w - Translate

အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက ၂၄ နာရီ Helpline ဖုန်း “1566” ကိုသတင်းပိုတိုင်ကြားနိုင်
*******************
(ပြည်တွင်း) မတ်လ ၁၀
အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “1566” ကို ဖွင့်ထားပြီး လူမှုရေးလိုအပ်ချက်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နေပြည်တော်ရှိ ရုံးအမှတ် (၂၃)အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောကြားခဲ့ပါတယ်သည်။

လက်ရှိကာလတွင် ကမ္ဘာပေါ်ရှိ လူဦးရေသန်း ရှစ်ထောင် ကျော်ရှိတဲ့အနက် ကမ္ဘာ့အမျိုးသမီးက သန်း လေးထောင် ကျော် (၄၉ ဒသမ ၇၃ ရာခိုင်နှုန်း)ရှိ ကြောင်း၊ ယခင်နှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများအကြားမှာ အမျိုးသမီးနှင့် မိန်းကလေးငယ် ၆၁၂ သန်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) နှင့်အညီ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကို လည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်ဖြစ်သော “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့” နှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးမြှင့်တင် ခြင်းနှင့် အမျိုးသမီးများစွမ်းရည် မြင့်မားလာစေရန် အမျိုးသမီးများကို သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်နယ်ပယ်တွင် ပိုမိုပါဝင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ခေါင်းဆောင်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးတို့တွင် အမျိုးသမီးစွမ်းပကားမြှင့်တင်ပေးရေးလုပ်ငန်းများကိုလည်း ဝိုင်းဝန်း ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

image

မြန်မာတောင်တန်းတွေ မြစ်တွေ ရှုခင်းတွေ လှ

image

မြန်မာတောင်တန်းတွေ မြစ်တွေ ရှုခင်းတွေ လှ

image