Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
(၂၀၂၃-၂၄)ရာသီတွင် ပုံစံကောင်းရနေပြီး အင်္ဂလန်တောင်ပံကစားသမားများ
ကိုးလ် ပါးလ်မား (ချယ်လ်ဆီး)
ဘာကာယို ဆာကာ (အာဆင်နယ်)
ဖီးလ် ဖိုဒန် (မန်ချက်စတာစီးတီး)
ကစားသမား(၃)ဦးစလုံးဟာ မိခင်အသင်းအတွက် ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမားများဖြစ်သည်။ချယ်လ်ဆီးတောင်ပံကစားသမား ပါးလ်မားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်တွင် (၂၀)ဂိုးသွင်းယူထားကာ (၉)ဂိုးဖန်တီးပေးထားနိုင်ပြီး သွင်းဂိုး (၂၉)ကြိမ်ပါဝင်ပတ်သတ်ထားနိုင်သူဖြစ်သည်။အာဆင်နယ်တောင်ပံကစားသမား ဆာကာဟာ (၁၄)ဂိုးသွင်းယူထားနိုင်ကာ (၈)ဂိုးဖန်တီးပေးထားနိုင်သလို မန်စီးတီးတောင်ပံကစားသမား ဖိုဒန်ကလည်း (၁၄)ဂိုးသွင်းယူထားနိုင်ပြီး (၇)ဂိုးဖန်တီးပေးထားနိုင်သည်။တောင်ပံကစားသမား (၃)ဦးစလုံးဟာ အင်္ဂလန်လက်ရွေးစင်အဖြစ် ကစားခွင့်ရရှိထားသူများဖြစ်သည်။ဆာကာဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဖိုဒန် ဟာလည်း ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။ပါးလ်မား အနေနဲ့ ယူ(၂၁)မှ ထင်ရှားလာသူဖြစ်ပြီး ချယ်လ်ဆီး အသင်းအတွက် ယခုနှစ်ရာသီတွင် ခြေစွမ်းပြနေသူတစ်ဦးဖြစ်သည်။
Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်...
Google မှ ၄င်းရဲ့ Google Map ကို AI Feature တွေဖြင့် Upgrade လုပ်ထားတယ်လို့ ပြောလာပါတယ်။ Google Map အသစ်မှာ အသုံးပြုနိုင်မယ့် အဆင့်မြင့် Feature တွေထဲက တစ်ခုကတော့ လက်ရှိမှာအတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
အဲ့တာကတော့ Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်ဆိုတဲ့ အချက်ပါ။
ဒီလုပ်ဆောင်ချက်မှာဆိုရင် EV ကားမောင်းသူများအတွက် ရှည်လျားတဲ့ခရီး မောင်းနှင်တဲ့အခါ အားကုန်ခါနီးအချိန်တွေမှာ အားနည်းတဲ့အချိန်တွေမှာ အမြန်ဆုံးအားသွင်းနိုင်ရန်အတွက် အနီးဆုံးမှာရှိတဲ့ Charging Stations များကို Google Map မှာ အတိအကျပြသပေးသွားမှာဖြစ်ပါတယ်။ မိမိသွားမယ့် လမ်းခရီးတစ်လျှောက် ရှိနိုင်မယ့် Charging Staations တွေရဲ့ တည်နေရာကို ကြိုတင်သိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် google.com/travel မှလည်း EV Charging Support ပေးနိုင်တဲ့ ဟော်တယ်များကို ရှာဖွေနိုင်ပါတယ်။
ဒါ့အပြင် အသုံးပြုပြီးသူများက Review များနှင့် Rating များလည်း ပေးနိုင်တဲ့အတွက် နောက်ထပ်အသုံးပြုသူတွေဟာ တည်နေရာ၊ အားသွင်းကြာချိန်၊ အသုံးပြုပုံ စသဖြင့် feedback နဲ့ Info တွေကိုလည်း တွေ့နိုင်ဦးမှာပါ။
Google အနေနဲ့ ဒီလုပ်ဆောင်ချက်ကို မေလထဲမှာ စတင်ထည့်သွင်းသွားမှာဖြစ်ပြီး Google Built in အသုံးပြုနိုင်မယ့် EV ကားတွေမှာ ပထမဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ရည်ရွယ်ချက်ချင်းမတူလို့ပါ >>>>>>>>>>>>>>>>>>>>>>
တစ်ခါက ပျားတစ်ကောင်နဲ့ ယင်ကောင်တစ်ကောင်ဟာ ပျံသန်းလာရင်း လမ်းမှာတွေ့ဆုံကြတဲ့အခါ ပျားက လမ်းလွှဲသွားတယ်။
ဒါကို ယင်ကောင်က ရိပ်မိတော့ ပျားကိုပြောတယ်။
(ယင်ကောင်)>>>"ဟ့ကောင်ပျားး မင်းက ဘာလို့ ငါ့ကို ယှဉ်မသွားတာလဲ"
(ပျား)>>>"မင်းအနားကို မကပ်ချင်လို့ပေါ့"
(ယင်ကောင်)>>>"ဘာလဲ ငါက နူနေလို့လား"
(ပျား)>>>"မဟုတ်ဘူး၊ ငါတို့ရဲ့သဘာဝက မတူညီလို့ပါ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင်တွေနဲ့ပျံသန်းရတာပါပဲ။ ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဖြစ်ထိုက်ဘူး။ ပျားဆိုတဲ့ငါတို့က ပန်းဝတ်ရည်တွေကို ပျားရည်အဖြစ် ပျားအိမ်မှာစုဆောင်းကြတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေကြားမှာပဲ ပျော်မွေ့ကြတယ်။ ငါတို့ပျားတွေက တစ်ဖြောင့်တည်းပျံသန်းတယ်။ မင်းတို့က တဝဲလည်လည်ပျံသန်းကြတယ်။ ငါတို့ပျားတွေက ကိုယ် စုပ်ယူမယ့်ပန်းခင်းကို တစ်ပတ်ပတ်ပြီးမှ စုပ်ယူတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်ကြေးတွေဆီ တစ်ရှိန်ထိုးပျံသွားကြတယ်"
(ယင်ကောင်)>>>"ဒါပေမဲ့ ငါတို့က မင်းတို့လို လူတွေကို အဆိပ်နဲ့မတုံ့ပြန်ပါဘူး"
(ပျား)>>>``ငါတို့အဆိပ်က ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့ သဘာဝကပေးထားတာ။ ငါတို့ပျားတွေက ချွေးနံ့ကိုမုန်းတယ်၊ အညစ်အကြေးတွေကို ရွံတယ်။ တကယ်တော့ မင်းတို့ယင်ကောင်တွေရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကသာ လူတွေကို အန္တရာယ်ဖြစ်စေတာပါ။ မင်းတို့နဲ့ငါတို့ကြားမှာ မတူညီတဲ့ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ရပ်တည်မှုတွေရှိတယ်။ "ဒါကြောင့် မင်းလည်း မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ၊ ငါလည်း ငါနှစ်သက်တဲ့ သာယာအေးချမ်းခြင်းတွေမှာပဲ ပျော်တော့မယ်"
ဘဝဆိုတဲ့အရိပ်အောက်မှာ တူရာစုကြတယ်ဆိုပေမဲ့ ယင်ကောင်လို အညစ်အကြေးတွေထဲမှာပဲ ပျော်မွေ့တဲ့သူတွေလည်းရှိတယ်။ ပျံသန်းပုံ၊ ရပ်တည်ပုံမတူညီကြတဲ့ဘဝမှာ ကိုယ်က ဘယ်လိုဘဝမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့လိုတယ်
ဒါကြောင့် ကိုယ်နေ့တိုင်းဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ ခံယူချက်နဲ့ ရပ်တည်ပုံချင်း မတူညီမှုတွေ ရှိနေတတ်ပါတယ်။
ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်သင့်ဆုံးလဲဆိုတာ ဒီစာဖတ်မိတဲ့ သူတိုင်း ခွဲခြားသိမြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
မောင်သာချို# credit
🌿 လူအများစု မသိသေးသော ဝါးပင်အကြောင်း သိကောင်းစရာ
🌿ဝါးပင်သည် ရေညှိရေမှော်ပင်မှတဆင့် ဖြစ်ပေါ်လာသော မြက်ကြီးပင်ဖြစ်ပြီး ဝါးပင်
အလေးချိန်၏သုံးပုံတပုံကို ဇီဝမြေသြဇာ
အဖြစ် ခြွေချပေး၍ ဝါးပင်ရှိသော ဧရိယာမှာ
မြေသြဇာအထူးကောင်းမွန်ပါသည်။။ ဝါးပင်သည် ဖုန်စုတ်ယူအား
ကောင်းသည်။ဝါးရွက်တွင် အဏုဇီဝပိုးများ
ရှင်သန်ပေါကျဖှားပွီး ထိုပိုးမွှားများသည်
အပင်များရှင်သန်ရန် အကောင်းဆုံး ဇီဝ
မြေသြဇာဖြစ်သည်။
မြေအောက်ရေကိုထိန်းသိမ်းပေးပြီး မြေဆီ
လွှာများ မိုးရေနောက်ပါမသွားအောင်
များစွာသောအမြစ်များက ထိန်းသိမ်းထား
သည်။သေးငယ်သောအရွက်များအပေါ်သို့
ကျလာသောမိုးပေါက်များကို အမှုန်အမွှား
အဖြစ် ပြောင်းလဲပေးပြီး မြေပေါ်သို့ကျစေ၏
ဝါးပင်သည် အခြား
သော အပင်ထက် အောက်ဆီဂျင် ၃၅
ရာခိုင်နှုန်း ပိုမိုထုတ်နိုင်သည်။ ဝါးတဟက်
တာ စိုက်ပျိုးထားသောခြံသည် ကာဗွန်တန်
၂၀၀ ဆာလဖာဒိုင်အောက်ဆိုက် တန်၆၀
မှ၉၀ ဖုန်မှုန့်တန် ၆၀မှ စုပ်ယူနိုင်သည်။
ဝါးပင်စိုက်ပျိုးထားခြင်းဖြင့်သင့်နှင့်သင့်
ပတ်ဝန်းကျင်တွင်သန့်ရှင်းသောလေကိုရရှိစေသည်
ဝါးပင်သည်ဖုန်မှုန့်စုတ်ယူမှုအားကောင်းသောကြောင့်
သန့်ရှင်းသောပတ်ဝန်းကျင်ကိုရရှိစေသည်
ယော||င်္ကျားလေးအတော်များ"က လမ်းခွဲပြီးသွားတဲ့နောက်မှ နောင်တရတတ်ကြတယ် ။
မိန်းကလေ:တွေကကျ အစပိုင်းမှာမချစ်ပင်မဲ့ နောက်ပိုင်းမှာ မျက်ရ"ည်ကျရလောက်တဲ့ထိ ချစ်ပေးကြတယ် ။
ယော||င်္ကျားလေးဘက်က တန်ဖိုးမထားတတ်တဲ့အခါ အဆုံးမှာ နောင်တရပြီးတော့ တခြားသူလက်ထဲရောက်သွားတာကိုပဲ ကြည့်နေခဲ့ရတယ် ။
မိန်းကလေ:ဘက်ကတော့ ကို့ပေါ်တန်ဖိုးမထားတဲ့လူကို စွန့်လွှတ်ပြီး တစ်ခြားသူလက်ထဲ လှပစွာ ရှင်သန်နေလေတယ် ။
လောကကြီးကတရားပါတယ် တန်ဖိုးထားတတ်ကြပါစေ ။