မြန်မာငါးဖမ်းစက်လှေက မက်သာဖက်တမင်း ၅.၅ တန် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီးရရှိ

နိုဝင်ဘာ ၂၆

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ မြန်မာအလံလွှင့်ထူထားတဲ့ ငါးဖမ်းစက်လှေတစ်စီးပေါ်က မက်သာ ဖက်တမင်းမူးယစ်ဆေးဝါး ၅.၅ တန် ဖမ်းဆီးရရှိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ကင်းထောက်လေယာဉ်တစ်စင်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ကပ္ပလီပင်လယ် (Andaman Sea) ပြင်အတွင်း မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေငယ်တစ်စင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ရေလုပ်သား ၆ ဦးပါဝင်တဲ့ ငါးဖမ်းစက်လှေ တနင်္ဂနွေနေ့က အိန္ဒိယရေပိုင်နက်ထဲဝင် ရောက် လာတဲ့အချိန်မှာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းကို အဆိုပါနေရာကို စေလွှတ်ခဲ့ပါတယ်။

“ငါးဖမ်းစက်လှေပေါ်က တားမြစ်မူးယစ်ဆေးဖြစ်တဲ့ မက်သာဖက်တမင်း ကီလိုဂရမ် ၅၅၀၀ ဝန်းကျင် တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။” လို့ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သိမ်းဆည်းရရှိဖူးသမျှ မူးယစ်ဆေးဝါး တွေထဲမှာ အများဆုံးဖြစ်ပြီး ငါးဖမ်းစက်လှေကိုတော့ အိန္ဒိယရေတပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ မြင့်တက်လာခဲ့ပြီး ဝရုန်းသုန်းကား ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံထိစပ်နေတဲ့ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တောတွင်းနေရာတွေက လျှို့ဝှက်စွာတည်ဆောက်ထားတဲ့ ဓာတ်ခွဲခန်းတွေမှာ အဆိုပါ မူးယစ်ဆေးဝါးတွေကို အဓိက ထုတ်လုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်သူတွေဟာ မူးယစ်ဆေးတွေ မှောင်ခိုသယ်ဆောင်ဖို့အတွက် တရုတ်နဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းရာမှာ မြေပြင်က တင်းကျပ်လှတဲ့လှည့်ကင်းတွေကို ရှောင်ရှားဖို့အတွက် ရေလမ်းကြောင်းခရီးကို ရွေး ချယ်သွားလာနေကြတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ မက်သာဖက်တမင်း တန်ချိန် ၁၉၀ စံချိန်တင် ဖမ်း ဆီးနို်င်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး (UNODC) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဖမ်းဆီးရရှိလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ဒေါ်လာ သန်းနဲ့ချီပြီးရရှိနိုင်တယ်ဆိုပေမဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာတွေက လက်ကားဈေးနှုန်းကတော့ မူးယစ်ဆေးတစ်ကီလိုကို ဒေါ်လာ ၄၀၀ အောက်သာရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Ref: India seizes 5.5 tonnes of Myanmar meth in 'biggest' drug bust

#centralnewsnaypyitaw

image
image
image
image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

image
32 w - Translate

Denim Skirt Style 🖤✨

imageimage
+4
32 w - Translate

ဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ

ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း ဂျပန်အစိုးရရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့ ကလေးငယ်နဲ့ မိသားစုဌာနဟာ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အွန်လိုင်းစစ်တမ်းတခုကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်အရွယ် လူနှစ်သောင်းကို မေးမြန်းခဲ့ရာ လက်မထပ်ရသေးသူ ၁၈၀၀၀ ပါဝင်ပြီး ကျန် ၂၀၀၀ ကတော့ လက်ထပ်ပြီးသူတွေဖြစ်ပါတယ်။

ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက လက်တွဲဖော်ဘယ်လိုရှာရမယ်ဆိုတာ မသိဖြစ်နေကြကြကြောင်းနဲ့ အချို့ကတော့ ဒီကိစ္စအပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေပြီး ကြိုးစားရှာရင်တောင် မတွေ့လောက်ဘူးလို့ သံသယရှိနေကြောင်း ပြောကြပါတယ်။

လက်မထပ်ရသေးသူနဲ့ လက်ထပ်ပြီးသူ ၃၀ ရာခှိုင်နှုန်းကတော့ အိမ်ထောင်ဖက်ကြင်ဖော်တယောက်ကို အထူးတလည်ရှာဖွေတာဟာ အေးချမ်းသာယာမရှိဘူးလို့လည်း ဆိုကြပါတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံဟာ လက်ထပ်မှုနှုန်းနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီး အစိုးရဲ့ ပံ့ပိုးကူညီမှုတွေကို ပြည်သူတွေပိုမိုသိရှိအောင် လုပ်ဖို့လိုအပ်နေပြီး ကူညီမှုတွေ တိုးမြှင့်သွားမယ်လို့ အစိုးရရဲ့ ကလေးငယ်နဲ့ မိသားစုဌာန တာဝန်ရှိသူက ပြောပါတယ်။ ကလေးမွေးဖွားမှုနှုန်းကျဆင်းလာတာနဲ့ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာမှုတို့ကြောင့် ဂျပန်နိုင်ငံဟာ နိုင်ငံရဲ့ စက်မှုနဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ပြည်ပလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။

image
32 w - Translate

နေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက်က နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန် အဘက်ဘက်မှ ကြိုးပမ်းနေသကဲ့သို့ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ထို့သို့ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိစေရေး၊ ဒေသထွက် ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ရုံးသို့ သွားရောက်၍ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image