Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရှုံးပွဲဆက်နေသော်လည်း အသင်းကစားပုံကို ပြောင်းလဲရန် မလိုအပ်ဟု နည်းပြဂွါဒီယိုလာပြော
မန်စီးတီးအသင်း ရှုံးပွဲဆက်နေပေမဲ့အသင်းရဲ့ ကစားပုံကို ပြောင်းလဲဖို့ မလိုအပ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။ ဖီယင်နုနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ကစားပုံပြောင်းလဲဖို့ လိုအပ်သလားဆိုတဲ့ သတင်း ထောက်တယောက်ရဲ့ မေးခွန်းအပေါ် ဘာကြောင့် ပြောင်းလဲဖို့လိုအပ်မှာလဲလို့ နည်းပြဂွါဒီယိုလာက ပြန်လည်မေးခွန်းထုတ်ခဲ့တာပါ။
အသင်းသွားနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ကြီးမားတဲ့ယုံကြည်မှုရှိပြီး ရှုံးနိမ့်တဲ့ပွဲစဉ်တွေမှာ စိတ်ရှည်မှု နည်းပါးခဲ့တာကြောင့်သာ ရလဒ်မကောင်းခဲ့တာလို့ ဂွါဒီယိုလာက ပြောသွားပါတယ်။
DVB
Photo-Reuters
26 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,400
USD Sell - MMK 4,500
EUR Buy - MMK 4,590
EUR Sell - MMK 4,710
SGD Buy - MMK 3,290
SGD Sell - MMK 3,350
THB Buy - MMK 126.58
THB Sell - MMK 129.87
JPY Buy - MMK 28.35
JPY Sell - MMK 29.10
MYR Buy - MMK 983
MYR Sell - MMK 1,010
CNY Buy - MMK 606
CNY Sell - MMK 622
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,780,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,140,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
မန်ယူနည်းပြသစ် အာမိုရင်၏ ဘောလုံးဒဿန နောက်ခံလူ ဒါလော့ ချီးကျူး
မန်ယူနည်းပြသစ် အာမိုရင်ရဲ့ ဘောလုံးဒဿနအပေါ် နောက်ခံလူ ဒါလော့က ချီးကျူးစကား ဆိုပါတယ်။
နည်းပြအာမိုရင်ရဲ့ ကစားကွက်အသစ်ဟာ အသင်းအပေါ် သက်ရောက်မှုတခုရှိခဲ့ပြီး အသင်းကြီးတသင်းရဲ့ စရိုက်လက္ခဏာမျိုး ပြန်လည်ရရှိတယ်လို့ ခံစားရကြောင်း နောက်ခံလူ ဒါလော့က ပြောပါတယ်။
ပေါ်တူဂီနောက်ခံလူဟာ အစ်ဆွစ်နဲ့ တဂိုးစီသရေကျခဲ့တဲ့ နည်းပြသစ် အာမိုရင်ရဲ့ ပထမဆုံးပွဲစဉ်မှာ ပွဲထွက်ကစားခဲ့သူပါ။
နည်းပြအာမိုရင်ရဲ့ ဘောလုံးအတွေးအခေါ်နဲ့ ကစားကွက်က အသင်းရဲ့အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိပြီး လက်တွေ့ကစားနိုင်ဖို့သာ လေ့ကျင့်ဖို့လိုအပ်မှာဖြစ်ကြောင်း ဒါလော့က ပြောပါတယ်။
လေ့ကျင့်ချိန်များလာတဲ့အခါ အခုထက်ပိုကောင်းတဲ့ ကစားပုံတခု ရရှိလာမှာဖြစ်ပြီး နည်းပြ အာမိုရင်နဲ့ နည်းပြအဖွဲ့ဝင်တွေကို ချီးကျူးရမှာဖြစ်ကြောင်း ဒါလော့က ပြောပါတယ်။
DVB
Photo-Reuters
ဇာတ်လမ်းကစပြီ
-------------------------
ဒေါ်နယ်ထရမ့်က သူ သမ္မတအဖြစ် ကျမ်းကျိမ်တဲ့ ပထမနေ့ကစပြီး မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်က သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်တွေ တိုးကောက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။
"ဇန်နဝါရီ ၂၀ ရက်မှာ ကျုပ်ရဲ့ ပထမဆုံး စီမံခန့်ခွဲရေးအမိန့်တွေထဲက တစ်ခုအနေနဲ့ အဓိပ္ပါယ်မရှိ ဟင်းလင်းပွင့်နေတဲ့နယ်စပ်တွေဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါကနေ အမေရိကန်ပြည်ထောင်စုထဲကိုဝင်လာတဲ့ ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅% ကောက်ခံဖို့ လိုအပ်တဲ့စာရွက်စာတမ်းအားလုံးကို လက်မှတ်ရေးထိုးသွားမှာပါ" လို့ သူ့ Truth Social လူမှုမီဒီယာပလက်ဖောင်းမှာ ရေးလိုက်ပါတယ်။
"မူးယစ်ဆေးဝါး အထူးသဖြင့် ဖန်တနိုင်းဝင်ရောက်မှုတွေနဲ့ တရားမဝင် နိုင်ငံခြားသားတွေအားလုံး ကျုပ်တို့နိုင်ငံထဲ ကျူးကျော်မှုရပ်တန့်တဲ့အထိ ဒီအကောက်ခွန် အသက်ဝင်မှာ ဖြစ်တယ်"
"အလားတူပဲ တရုတ်နိုင်ငံဟာလည်း အမေရိကန်ကို တရားမဝင် မူးယစ်ဆေးဝါး စီးဆင်းမှုကို ဟန့်တားပေမယ့် လက်ရှိအကောက်ခွန်တွေထက် ၁၀% ပိုများတဲ့ ကုန်စည်စည်းကြပ်ခွန်ဆောင်ရမယ်လို့ ပြောလိုက်ပါတယ်။
ဒါကြောင့် လတ်တလော အဲ့ဒီသုံးနိုင်ငံရဲ့ ငွေကြေးဈေးကွက်တွေ ဂယက်ရိုက်သွားပါတယ်။
Credit to Min Myat San