ထိုင်ဝမ် အရေးပေါ် အခြေအနေအတွက် အမေရိကန် ပြင်ဆင်ထား

နိုဝင်ဘာ ၂၆

ထိုင်ဝမ်နှင့်ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာသည့် အချိန်တွင် အမေရိကန်သည် ဂျပန်နှင့် ဖိလစ်ပိုင်၌ စစ်တပ်ဖြန့်ကြက် ချထားရန်အတွက် အရေးပေါ် အစီအစဉ်များ ရေးဆွဲနေသည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဂျပန်၏ ကျိုဒိုသတင်းအေဂျင်စီကမူ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် ဒီဇင်ဘာလတွင် ပထမဆုံး ပူးတွဲ စစ်ဆင်ရေး အစီအစဉ်တစ်ခုကို ရေးဆွဲနေကြောင်း နိုဝင်ဘာ ၂၄ ရက်က ဖော်ပြခဲ့သည်။

HIMARS အတွဲလိုက်ဒုံးပစ်စနစ်ကို ပိုင်ဆိုင်ထားသည့် အမေရိကန် မရိန်းတပ်ရင်းတစ်ရင်းကို ဂျပန်၏ ကျူးရှူး (Kyushu) ကျွန်းမှ ထိုင်ဝမ်အနီး ယိုနာဂူနီ (Yonaguni) ကျွန်းအထိ ရှည်လျားသည့် နန်ဆိုင်းကျွန်းစု တစ်လျှောက် ဖြန့်ကြက်ချထားလိမ့်မည်ဟု ကျိုဒိုမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် အရေးပေါ်ကိစ္စနှင့် ကြုံတွေ့ရမည့် အခြေအနေတွင် စောစီးသည့် အဆင့်မျိုး၌ အမေရိကန်စစ်တပ်၏ လမ်းညွှန်ချက်များအရ ထိုကျွန်းများပေါ်၌ ယာယီစစ်စခန်းများ တည်ဆောက်မည်ဖြစ်ပြီး မရိန်းစစ်သားများ ဖြန့်ကြက်ချထားလိမ့်မည်ဟု ကျိုဒိုမှ ဖော်ပြခဲ့သည်။

ထိုမရိန်းတပ်ဖွဲ့များအတွက် လောင်စာများနှင့် ခဲယမ်းများ အပါအဝင် ထောက်ပို့ကဏ္ဍအတွက် ဂျပန်စစ်တပ်က ပါဝင် လုပ်ဆောင်လိမ့်မည်ဟု ကျိုဒိုမှ ဖော်ပြခဲ့သည်။

အမေရိကန်ကြည်းတပ်က ဖိလစ်ပိုင်တွင် ဘက်စုံသုံး အထူးတပ်ဖွဲ့များ ဖြန့်ကြက်ချထားမည်ဖြစ်ပြီး တာဝေးပစ် တပ်ဖွဲ့များလည်း ဖြန့်ကြက်လိမ့်မည်ဟု ထိုသတင်း၌ ဖော်ပြထားသည်။

ထိုသတင်းနှင့်ပတ်သက်ပြီး ဂျပန်နှင့်ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးများ အပြင် မနီလာ(Manila) မြို့တော်ရှိ အမေရိကန်သံရုံးတို့က မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ထိုအကြောင်းအရာအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျိုဒိုသတင်းအေဂျင်စီက မေးမြန်းရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ထိုင်ဝမ်သည် တရုတ်၏ ခွဲခြားမရသည့် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတာ၊ တင်းမာမှုနဲ့ ထိပ်တိုက်တွေ့မှုဖြစ်အောင် ရန်စတာ၊ ဒေသတွင်း စစ်အင်အား ဖြန့်ကြက်ချထားဖို့အတွက် ထိုင်ဝမ်အရေးကို အသုံးချတဲ့ သက်ဆိုင်ရာနိုင်ငံတွေကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" ဟု မော်က ပြောကြားခဲ့သည်။


Source: CAN

ပုံ - အမေရိကန် သမ္မတနဲ့ ထိုင်ဝမ်ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ပဲစောင်းလျားသီးသုပ်

ကြက်သွန်နီ
ပဲစောင်းလျားသီးပြုတ်
ပုစွန်ခြောက်
ခရမ်းချဥ်သီး
ဆီချက်
ငရုတ်သီးမှုန့်
ဆား
အချိုမှုန့်/ကြက်သားမှုန့်
ပဲမှုန့်

image
32 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၆ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၄၇၄၃ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၃ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၀၆ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၁၀ ကျပ်
ဝယ်ဈေး - ၂၈.၃၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၀ ကျပ်
ဝယ်ဈေး - ၅၅၀၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၉ ကျပ်
ဝယ်ဈေး - ၁၁၉၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
32 w - Translate

တောင်ကြီး ဆောင်းနံနက်ခင်း☁️

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....

ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့

ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

image
32 w - Translate

တောင်ကြီး ဆောင်းနံနက်ခင်း☁️

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....

ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့

ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

image
32 w - Translate

တောင်ကြီး ဆောင်းနံနက်ခင်း☁️

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....

ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့

ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

image
32 w - Translate

တောင်ကြီး ဆောင်းနံနက်ခင်း☁️

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....

ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့

ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

image
32 w - Translate

တောင်ကြီး ဆောင်းနံနက်ခင်း☁️

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....

ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့

ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

image
image
image
image
32 w - Translate

ပိုက်ဆံတစ်သောင်းပါတယ်ဆိုပြီး စားချင်ရာစားပြီးမှ ဗိုလ်ချုပ်ပိုက်ဆံတစ်ထောင်ဖြစ်နေသောအခါ :

image

ထိုင်ဝမ်အရေး ကြိုတွေးပြီး ဂျပန်ကျွန်းပေါ်မှာ အမေရိကန်ဒုံးကျည်တပ်ဖွဲ့တွေ တပ်ဖြန့်ချသွားမည်

နိုဝင်ဘာ၂၆

ထိုင်ဝမ်အရေး ကြိုတင်မျှော်လင့်ပြီး ဂျပန်နိုင်ငံ နန်းဆဲ့ကျွန်းပေါ်မှာ ဒုံးကျည်တပ်ဖွဲ့တွေ တပ်ဖြန့်ချထားနိုင်ရေး အတွက် အမေရိကန်အစိုးရက ယာယီစစ်စခန်းတွေတည်ဆောက်သွားမှာဖြစ်ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး Kyodo News က ရေးသားထားပါတယ်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ တပ်စွဲထားတဲ့ အမှတ် ၁၂ မရိန်းတပ်ရင်းကို ဂျပန်နိုင်ငံကျူရှူးကျွန်းကနေ ထိုင်ဝမ် ကျွန်းအထိ အနောက်တောင်ဘက်ကနေ ဆက်စပ်သွယ်တန်းနေတဲ့ အဆိုပါ နန်းဆဲ့ကျွန်းပေါ်မှာ တပ်ဖြန့်ချသွား မှာဖြစ်ကြောင်း Kyodo News က ပြောပါတယ်။

အမှတ် ၁၂ မရိန်းတပ်ရင်းဟာ ကုန်းရေနှစ်သွယ်သွားယာဉ်တွေ၊ ကမ်းထိုးယာဉ်တွေ၊ လှေငယ်တွေနဲ့ ကမ်းကပ် သွားလာပြီး ပင်လယ်ပြင်နဲ့ ဆက်စပ်တဲ့နယ်မြေတွေမှာ စစ်ဆင်ရေးဆောင်ရွက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲဖွဲ့စည်းတည် ဆောက်ထားတဲ့ အမေရိကန်ကမ်းတပ် မရိန်းတပ်ရင်းနှစ်ရင်းထဲက တစ်ရင်းဖြစ်ပါတယ်။

ဒီတပ်ရင်းတွေဟာ ခံစစ်အားလျော့နည်းတဲ့ ရန်သူ့နေရာတွေကို တိတ်တဆိတ် အမြန်ချဉ်းကပ်ဝင်ရောက် တိုက် ခိုက်နိုင်ဖို့ ဖွဲ့စည်းထားတာလို့ဆိုပါတယ်။

ဒီဇင်ဘာလမှာ ကျင်းပမယ့် အမေရိကန်-ဂျပန် ပထမဦးဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်ထဲမှာ ဒီ တပ်ရင်းတွေကို ထည့်သွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း Kyodo News က ပြောပါတယ်။

အဲဒီမရိန်းတပ်ဖွဲ့အတွက် လောင်စာဆီနဲ့ ခဲယမ်းတွေအပါအဝင် လော်ဂျစ်စတစ်ထောက်ပံ့မှုတွေကို ဂျပန်တပ်ဖွဲ့ ဝင်တွေက ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ဂျပန်ကျွန်းတွေကို ချဉ်းကပ်လာမယ့် စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ဖို့အတွက် ခရုစ်ဒုံးကျည် ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့ ဂျပန်အစိုးရက ပြီးခဲ့တဲ့နှစ်က ခွင့်ပြုခဲ့ပါတယ်။

သမရိုးကျထိပ်ဖူးတွေနဲ့အတူ အဲဒီပြည်တွင်းထုတ် ခရုစ်ဒုံးကျည်ဟာ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ဖို့အတွက် ကင်းထောက်နဲ့ radar-jamming တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ၎င်းတို့ပိုင် ကျွန်းတွေကို ကာကွယ်ဖို့အတွက် ကာမီကာဇေအသေခံဒရုန်းတွေကို ရာနဲ့ချီပြီး တပ် ဖြန့်ချထားဖို့လည်း စီစဉ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်အရေးကို ကြိုတွေးပြီး အမေရိကန်ကြည်းတပ်ကလည်း ဖိလစ်ပိုင်နိုင်ငံမှာ နယ်ပယ်စုံ စစ်ဆင်ရေးတပ်ဖွဲ့ (Multi-Domain Task Force - MDTF ) ရဲ့ တာဝေးပစ်လက်နက်ကြီးတပ်ဖွဲ့တွေကို တပ်ဖြန့် ချသွားမှာ ဖြစ်ပါတယ်။ နယ်ပယ်စုံစစ်ဆင်ရေးတပ်ဖွဲ့ (MDTF) ဟာ ကြည်း၊ ရေ၊ လေ၊ အာကာသ၊ ဆိုက်ဘာနဲ့ သတင်းနယ်ပယ်အားလုံး မှာ စစ်ဆင်နိုင်စွမ်းရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

Ref: US to Deploy Missiles on Japanese Island Bases for Taiwan Conflict

#centraal newsnaypyitaw

image
image
image