32 w - Translate

Japan, one of my dream country 🫶✨

image
32 w - Translate

Japan, one of my dream country 🫶✨

image
32 w - Translate

Japan, one of my dream country 🫶✨

imageimage
+7
32 w - Translate

🍻

image

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အခြေအနေမှာ မြန်မာဘက်သို့ ဦးတည်ရွေ့လျား မည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

နိုဝင်ဘာ ၂၆

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၇၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဗဟိုချက်လေဖိအား ၁၀၀၃ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ကာ ထိုမှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက် အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာနိုင်ငံ ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

Credit - New Vision News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်မည့်စံချိန်ဆီစက်ရုံဖွင့်လှစ်

နိုဝင်ဘာ ၂၆

တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်မည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၆၂) ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့်စက်မှုဇုန်(၂) ၌ ဖွင့်လှစ်ခဲ့သည်။

Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်ရက်ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ဖြစ်ပြီး တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
Zar Ni shared a post  
32 w

32 w

မင်္ဂလာဆောင်ပြီး သုံးနှစ်ကြာသော
ယောကျာ်းတိုင်းနီးပါး၏ ရင်တွင်းစကားသံ 🙃🙃

image
32 w - Translate

မင်္ဂလာဆောင်ပြီး သုံးနှစ်ကြာသော
ယောကျာ်းတိုင်းနီးပါး၏ ရင်တွင်းစကားသံ 🙃🙃

image
32 w - Translate

Part-3
ရေနံ့သာ ခင်ခင်ကြီး - အပိုင်း(၁)
မောင်သိန်းဆိုင်
သည်တော့လည်း သေဆုံးသူနှင့် ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ မည်သို့မည်ပုံ အဆက်အဆံ ရှိခဲ့သည်၊ တစ်ချိန်က မည်သို့ ဖြစ်ပျက်ခဲ့သည်ဆိုခြင်းများအပေါ် လူတို့ စိတ်ဝင်စားလာသည်။ သိနားလည်လိုလျက် ရှိကြသည်။ သို့တိုင်အောင် ယင်းအဖြစ်သည်ကား ဆက်လက်၍ ပုစ္ဆာတစ်ပုဒ်ဖွယ်သာလျှင် ရှိခဲ့သည်။ မည်သူကမျှ ဖော်ထုတ်နိုင်စွမ်း မရှိခဲ့။ သို့ဖြင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုခံရခြင်းတွင် သူမ၏နှလုံးသားပြဿနာက တခြား၊ ဥပဒေရေးရာက တခြားအဖြစ် နားလည်ထားကြသည်။
ဥပဒေဆိုသည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး များစွာ မကျေနပ်။ ဥပဒေသည် တဒင်္ဂဖြစ်စဉ်အပေါ်တွင်သာ မူတည်ချမှတ်သော အရာ ဖြစ်သည်။ တဒင်္ဂဖြစ်စဉ်၏ နောက်ကွယ်မှ သမိုင်းကြောင်းကို မျက်ကွယ်ပြုထားတတ်သည်ဟု ထင်သည်။ ဥပဒေသည် အချိန်ကာလတည်းဟူသော ပယောဂတစ်မျိုးကြောင့် အဂတိ လိုက်စားသည်ဟု ထင်သည်။ မိမိ၏ဘဝ၊ မိမိနှင့် အသတ်ခံရသူတို့၏ ကာလများစွာက ကြောင်းရာဖြစ်ပျက်များကို မျက်ကွယ်ပြုသည်ဟု အထင်ရောက်သည်။ စင်စစ်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသူမှာ သည်ဘဝ၊ သည်လောက၊ သည်အသက်၊ သည်အရွယ်အထိ သူမ၏အချစ်မြတ်နိုးရဆုံးသောလူတစ်ယောက် ဖြစ်သည်ဆို ခြင်းကို ဥပဒေသည် လုံးဝ သဘောမပေါက်ချေတကား။
သည်အတွေးကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သဲ့သဲ့မျှ ပြုံးလိုက်မိလေသည်။ ထိုအပြုံးကား နာကြည်း ခံပြင်းရခြင်းမှ တွန်းကန် ပွင့်ထွက်လာရသော အပြုံး။ သို့မဟုတ် . . . မဲ့ပြုံး။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မျက်လုံးများကို မှေးမှိတ်ထားလိုက်သည်။ အိပ်ပျော်အောင် ကြိုးစားမိခြင်းကား မဟုတ်၊ ဝေးအတိတ်မှ ဖြစ်ရပ်များဆီသို့ စိတ်အာရုံကို လွင့်ပါးလိုက်စေခြင်းသာ ဖြစ်သည်။ ထိုအခါ ... ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏အတွေးအာရုံသည် ကျဉ်းမြောင်းမည်းမှောင်နေသော အခန်းထဲမှ ရုန်းကန် တိုးထွက်သွားလျက် အဝေးသို့ လွင့်ပြန့်သွားသည်။ ရွေ့ လျားသွားသည်။ လျင်မြန်သော အဟုန်ဖြင့် မိုင်ပေါင်းမြောက်မြားစွာကို တစ်ခဏချင်း ဖြတ်ကျော်နိုင်စွမ်း ရှိခဲ့သည်။
အမြင်အာရုံသို့ ဖုန်းဆိုးမြေ၏ အသွင်အပြင် ဝင်ရောက်လာသည်။ ကြမ်းတမ်းခြင်း၊ ခက်တရော်ခြင်း၊ ခြောက်သွေ့ခြင်း၊ ပူလောင်ခြင်း စသည်တို့ဖြင့် ဖြန့်ကြက်ထားသော မြေပေါ်မှာ တည်ရှိနေသည့် မြင့်မားသော သံငြမ်းစင်၊ အထုအထည် ကြီးမားသော သံလှောင်ကန်ကြီးများ၊ အစဉ်မပြတ် လှုပ်ရှားနေသော စက်ရုံများ၊ မိုးမိုးမတ်မတ် ထိုးထိုးထောင်ထောင်ရှိသည့် မီးဖိုခေါင်းတိုင်များ၊ ခေါင်းတိုင်မှနေကာ ကောင်းကင်သို့ ပျံ့လွင့်နေသည့် အခိုးအငွေ့များ၊ ရှေ့တိုးနောက်ငင် လှုပ်ရှားနေသည့် မောင်းတံများ၊ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည့် လူအများ စသည်တို့သည် အမြင်အာရုံသို့ ရောက်ရှိလာသည်။ တစ်ဆက်တည်းမှာပင် သူမ၏မျက်လုံးအစုံဝယ် မောင်မောင်ဦး၊ ခင်မောင်ညွန့်၊ ဦးအောင်ခန့်၊ ဒေါ်မြလေး၊ ဦးကောင်းမိုး၊ ဒေါ်သူဇာ၊ မဝင်းရီ၊ ကိုညိုထွန်း စသူများ၏ ရုပ်အသွင်တို့ ထင်ဟပ်လာသည်။ ထိုသူတို့နှင့် စပ်လျဉ်း၍ ငိုခဲ့ရ၊ ရယ်ခဲ့ရ၊ ဆွေးခဲ့ရ၊ တမ်းတခဲ့ရ၊ ကြည်နူးခဲ့ရ၊ နာကြည်းခဲ့ရခြင်း စသည့်ဝေဒနာများသည် ရင်ထဲမှာ ပြန်လည်ပေါ် ပေါက်လာသည်။
သို့နှင့်အမျှ ... ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အကြားအာရုံသို့ ဧရာဝတီမြစ်၏ရေစီးသံ၊ လှိုင်းကြက်ခွပ်သံ၊ ဂယက်ပွက်သံတို့သည်လည်း တိုးတိတ်ညင်သာသော အသံအဖြစ် သဲ့သဲ့ညင်းညင်းမျှ ပျံ့လွင့်ရောက်ရှိလာပြန်လေသည်တည်း။
အပိုင်း(၂)ဆက်ရန်>>>
------------------
မေတ္တာဖြင့်
သောကြာကြိုက်သောစာစုများ စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။

image

ကပ္ပလီပင်လယ်ပြင်အတွင်း မြန်မာအလံလွှင့်တင်ထားပြီး မြန်မာနိုင်ငံသား ၆ ဦးလိုက်ပါလာသော သင်္ဘောတစ်စီးပေါ်မှ မူးယစ်ဆေး ကီလိုဂရမ် ၅၅၀၀ကို အိန္ဒိယ ဖမ်းဆီး

နိုဝင်ဘာ ၂၆

ကပ္ပလီပင်လယ်ပြင်ထဲမှာ မြန်မာအလံလွှင့်တင်ပြီး ခုတ်မောင်းသွားလာနေတဲ့ မြန်မာသင်္ဘောတစ်စီးထံကနေ မက်သာဖက်တမင်း မူးယစ်ဆေး ကီလိုဂရမ် ၅၅၀၀ ကို အိန္ဒိယကမ်းခြေစောင့်တပ်က နိုဝင်ဘာလ ၂၅ ရက်မှာ ဖမ်းမိခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ရဲ့ ကင်းထောက်လေယာဥ်တစ်စီး ကင်းလှည့်နေချိန်အတွင်း ‘စိုးဝေယံထူး(TRC)’ နာမည်နဲ့ မြန်မာအလံလွှင့်ထူထားတဲ့သင်္ဘောကို နိုဝင်ဘာ ၂၄ ရက်မှာ ထောက်လှမ်းမိခဲ့တာဖြစ်ပြီး သင်္ဘောရဲ့သွားလာလှုပ်ရှားမှုကို သံသယရှိတာကြောင့် အမြန်ကင်းလှည့် ပူးတွဲစစ်ဆင်ရေးစင်တာကို သတင်းပေးရာကနေ အိန္ဒိယကင်းလှည့်ရေယာဥ်တွေက လိုက်ပါစောင့်ကြပ်ကာ ကြားဖြတ်ဟန့်တားပြီးမှ နိုဝင်ဘာ ၂၅ ရက်မနက်မှာ စစ်ဆေးဖမ်းဆီးခဲ့တာပါ။

စိုးဝေယံထူးအမည်နဲ့ မူးယစ်ဆေးသင်္ဘောကို အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘောကခြံရံပြီး အိန္ဒိယ ရေပြင်ပိုင်နက်က ဘာရန်ကျွန်းမှာ နိုဝင်ဘာ ၂၅ ရက်မနက်မှာ သင်္ဘောပေါ်တက်ရောက်စစ်ဆေးချိန် မက်သာဖက်တမင်း မူးယစ်ဆေး ကီလိုဂရမ် ၅၅၀၀၊ Inmarsat ဂြိုဟ်တုဖုန်းတစ်လုံးနဲ့ မြန်မာသင်္ဘောသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလို မူးယစ်ဆေး အများအပြား ဖမ်းမိမှုဟာ အိန္ဒိယကမ်းခြေစောင့်တပ်အတွက် အိန္ဒိယနိုင်ငံရဲ့ ပင်လယ်ရေကြောင်းပိုင်နက်ထဲမှာ ဖမ်းမိသမျှထဲ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်လာတယ်လို့လည်း သိရသလို ဖမ်းမိတရားခံတွေကို ဆက်လက်စစ်ဆေးဖို့ Sri Vijaya Puram မြို့ ဆီကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ကပ္ပလီပင်လယ်ပြင်ထဲက အိန္ဒိယရေပိုင်နက်ထဲမှာ တတိယနိုင်ငံတွေဆီ လှေစီးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတဲ့ ဘင်္ဂါလီလှေတွေနဲ့ မြန်မာငါးဖမ်းသူတွေကို မြင်တွေ့ရတာတွေရှိလာတာကြောင့် အိန္ဒိယရေတပ်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့လည်း အိန္ဒိယ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

Ref : ; NDTV

Credit - Mt News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image