26 w - Translate

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်ကာလ ဟိုတယ်/ တည်းခိုခန်းများ ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလာ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၏ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ လာရောက်လည်ပတ်ရန် ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလျက်ရှိကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဟိုတယ်အခန်းခဈေးနှုန်းများ ယခင်ထက် အနည်းငယ် မြင့်တက်လာသော်လည်း အောက်တိုဘာ စတုတ္ထပတ်မှ စတင်၍ အခန်းကြိုတင်ဘွတ်ကင် ပြုလုပ်သူများပြားလာခဲ့ရာ မီးပုံးပျံပွဲတော်ပြုလုပ်မည့် အဝေရာမီးပုံးပျံကွင်းအနီးရှိ ဟိုတယ်တည်းခိုခန်းများမှာ ပွဲတော်ရက်များအတွက် အခန်းပြည့်လု နီးပါးအထိပင်ရှိနေကြောင်း ဆိုသည်။

လက်ရှိ ရက်ပိုင်းအတွင်း ဟိုတယ်နှင့် တည်းခိုးခန်း အခန်းခ ဈေးနှုန်းများ စုံစမ်းသူများမှာ သိသိသာသာများလာကြောင်းနှင့် အခန်းဈေးနှုန်းများမှာ ဟိုတယ်တစ်ခုနှင့် တစ်ခု မတူသော်လည်း ယမန်နှစ်ထက်စာလျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့ ဆိုသည်။

ဟိုတယ် နှစ်ယောက်ခန်း တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် (၄၀၀၀၀)ဝန်းကျင်မှ သိန်းဂဏန်းထိရှိပြီး (၅)ယောက် တစ်ခန်းလျှင် ကျပ် (၁)သိန်းဝန်းကျင်မှစ၍ နံနက်စာ ဘူဖေးပါ၊ မပါနှင့် အခန်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နိုဝင်ဘာ(၉)ရက်မှ နိုဝင်ဘာ(၁၅)ရက်အထိ (၇) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်သို့ ရှမ်းပြည်နယ် ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားပြီး ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားသည့် ရိုးရာပွဲတော်များတွင် တစ်ခုအပါဝင်ဖြစ်ကြောင်း သိရသည်။

image
image
image
26 w - Translate

When your best friend is one year younger than you :

image
26 w - Translate

ယနေ့အတွက်မိုတီ

image
26 w - Translate

💅

image
26 w - Translate

💅

image
26 w - Translate

💅

image
26 w - Translate

💅

image
26 w - Translate

💅

image
26 w - Translate

💅

image
26 w - Translate

💅

image