22 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀

#gems

image
22 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀

#gems

imageimage
22 w - Translate

ရာသီဥတုက ပူလို့ စွပ်ကျယ်ဝတ်ထားပါတယ် 😁ဆိုတဲ့ နေအရာရာချော😍😍😍

#celenews

image

ကာပီများခြေနေ

image
22 w - Translate

အပြန်လှန်မှမဟုတ်ရင်
ဘယ်အပေါင်းသင်းကိုမှ ပြုံးမပြတော့ဘူး
ဒါကရှိသင့်လို့ရှိလာတဲ့ မာနလို့ထင်ပါတယ်..၊

သူတို့မှာ ဘဝရှိသလို
ကျွန်တော့်မှာလဲ ဘဝရှိပါတယ်
လူသားတွေဖြစ်တာကြောင့် ဘယ်သူ့ကိုမှကြောက်ပြီး
သိမ်ငယ်နေမှာတော့မဟုတ်ပါဘူး
ခွဲခြားခံရပြီးတဲ့နောက် ကျွန်တော်
ရောပြီးမပေါတော့ပါဘူး..။

မုန်းလားဆို မဟုတ်ဘူး
ခင်လားဆိုလဲ အသင့်တင့်ပါပဲ
မေးရင်ဖြေမယ် ခေါ်ရင်ထူးမယ်
ဒါကကျွန်တော့်လူမှုရေးပါ
မကောင်းဘူးထင်ရင်တော့ ရှောင်ပေါ့..။


#crd_to_owner_with_respect

image

OFFICIAL: Denmark နောက်ခံလူ Patrick Dorgu သည် ၂၀၃၀ ဇွန်လထိ ၅ နှစ်ခွဲစာချုပ် (+ ၁ နှစ်တိုးခွင့်) ဖြင့် တရားဝင် ပြောင်းရွှေ့လာပြီဖြစ်သည်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၅ သန်း + ၄ သန်းဖြစ်ပြီး ကျောနံပါတ် ၁၃ အား ဝတ်ဆင် ကစားမည်ဖြစ်သည်။

#ဘောလုံးသတင်းစုံ

image

Meta ၏ ပရိုဂရမ်တစ်ခု ဖျက်သိမ်းမှုက အာရှမှာ မတည်ငြိမ်မှုများဖြစ်လာနိုင်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂

Facebook ၊ Instagram၊ Threads၊ နှင့် WhatsApp လူမှုမီဒီယာများ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီက ထိုလူမှုမီဒီယာများပေါ်တွင် အချက်အလက် မှန်၊ မမှန် စစ်ဆေးသည့် ပရိုဂရမ် (fact-checking program) ကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက်သည် အာရှဒေသအပေါ် ဂယက်ရိုက်ခတ်စေနိုင်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။

ထိုဆုံးဖြတ်ချက်သည် အာရှဒေသတွင် သတင်းအမှားများ ပိုမိုပျံ့နှံ့လာနိုင်ပြီး လူမှုရေး မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုပရိုဂရမ် သည် သတင်းအမှားများကို တိုက်ဖျက်သည့် Meta ကုမ္ပဏီ၏ အောင်မြင်သော မဟာဗျူဟာတစ်ခုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရသည်။

လွတ်လပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ထိုပရိုဂရမ်သည် လူမှုမီဒီယာ ပလက်ဖောင်းများ ပေါ်တွင် သတင်းအမှားများကို ခွဲခြားစိစစ်ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာသေးမီက Meta ကုမ္ပဏီသည် ထိုပရိုဂရမ်ကို ရပ်တန့်ကြောင်း ကြေညာခဲ့ပြီး လူမှုမီဒီယာ အသုံးပြု သူများအကြား ပို့စ်များတွင် ဆက်စပ်အကြောင်းအရာများ ထည့်သွင်းနိုင်သည့် Community Notes အမည်ရှိ ပရိုဂရမ်ကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ထိုပရိုဂရမ်နှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။

Meta စီအီးအို မာ့ခ် ဇူကာဘာ့ချ် (Mark Zuckerberg) ကမူ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိုမိုကျယ်ပြန့်စေရန် အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အဖွဲ့များနှင့် ကျွမ်းကျင်သူများကမူ Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို အာရှကဲ့သို့ နေရာဒေသများတွင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ကွင်းစ်လန်း နည်းပညာတက္ကသိုလ်၏ ဆက်သွယ်ရေး သင်တန်းကျောင်း (Queensland University of Technology’s School of Communication) ၏ တွဲဖက်ပါမောက္ခဖြစ်သည့် မီရှဲလ် ရီဒလင်ဂါ (Michelle Riedlinger) ကမူ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် ပရိုဂရမ်ကို ရပ်တန့်လိုက်ခြင်းသည် အမုန်းစကားများ၊ သတင်းအမှားများ ပျံ့နှံ့မှုကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများအား လျော့နည်းသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုတက္ကသိုလ်မှ ပါရဂူဘွဲ့ဆိုင်ရာ သုတေသနပညာရှင် နက် ဝတ် (Ned Watt) ကလည်း Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် အခြားလူမှုမီဒီယာ ကုမ္ပဏီများ၏ သတင်းအမှား တိုက်ဖျက်သည့် လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia

ပုံ - လူမှုမီဒီယာကို သရုပ်ဖော်ပြထားစဉ်

#centralnewsnaypyitaw

image

အမေရိကန်က အခွန်ကောက်ခံမှုစတင်ကြောင်း ကြေညာပြီးနောက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂

အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ရဲ့ သွင်းကုန်တွေအပေါ် ဒီနေ့ကစပြီး အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုံ့ပြန် အစီအမံတွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုကာ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ကို သွင်းကုန် ၄၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ထရန့်က အခွန်စည်းကြပ်ရင် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ ကနေဒါဝန်ကြီးချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ အစီအမံတရပ် ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

နိုဗာစကိုးရှားပြည်နယ်မှာတော့ အမေရိကန်ကနေ တင်သွင်းတဲ့အရက်တွေအားလုံးကို စတိုးဆိုင်တွေအားလုံးကနေ ဖယ်ရှားဖို့ထိ ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။

မက္ကဆီကို စီးပွားရေးဝန်ကြီးချုပ်ကတော့ အမေရိကန်ရဲ့အခွန်းစည်းကြပ်မှုအပေါ် လတ်တလောမှတ်ချက်မပေးပေမယ့် အခွန်တန်ပြန်ကောက်ခံတာနဲ့ တုံ့ပြန်ဖို့ရှိနေတယ်လို့ အစိုးရ သတင်းရင်းမြစ်တယောက်ကပြောပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တိုင်ကြား ဖြေရှင်းခိုင်းမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာလို့လည်း တရုတ်နိုင်ငံက စွပ်စွဲပြောဆိုပါတယ်။

ဒီလိုအခွန်ကောက်ခံမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ပို်ငအခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် ပြတ်ပြတ်သားသားကာကွယ်ဖို့ တန်ပြန်အစီအမံတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image

image

လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်ကဒီရာသီကာလမှာအပြောင်းအရွှေ့ကိစ္စလှုပ်ရှားမှုမရှိသလောက်ရှိခဲ့ပြိးနောက်လာမဲ့နွေရာသီကာလမှာတော့သေချာပေါက်ကစားသမားခေါ်ယူအားဖြည့်မယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ကြိုးကြာနီအသင်းဟာ နယ်သာလန်သားနည်းပြအာလ်နေးစလော့ဒ်လက်အောက်မှာဒီရာသီကစားသမားခေါ်ယူမှုမရှိလုနီးပါးရှိခဲ့ပြီးဆောင်းရာသီကာလစျေးကွက်မှာလည်းမရှိခဲ့တာဖြစ်ပါတယ်။သူတို့အသင်းအနေနဲ့ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ဖီဒရီဂို ချီယေဆာကိုသာခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားခေါ်ယူမှုမရှိပေမဲ့လီဗာပူးလ်အသင်းအနေဲ့နည်းပြယာဂင်ကလော့ပ်ရဲ့လက်ထက်ကစားသမားအစုအဖွဲ့အတိုင်းလက်ရှိအချိန်အထိပုံစံကောင်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာချန်ပီယံဆုကိုအမြဲစိန်ခေါ်နိုင်တဲ့အသင်းဖြစ်သင့်ပါတယ်။ငါတို့အနေနဲ့ တချိန်လုံးအမြဲတမ်းယှဉ်ပြိုင်နေပါတယ်။

ကျနော့်အနေနဲ့ ကလပ်အသင်းရဲ့အဆင့်အတန်းကိုထိန်းသိမ်းထားနိုင်မယ်လို့မျှော်လင့်ပါတယ်။တခါတလေမှာတော့ကစားသမားစျေးကွက်နဲ့ပတ်သက်ပြီးမေးခွန်းတွေရှိပါလိမ့်မယ်။ဘာလို့လဲဆိုတော့ နွေရာသီကာလအပါအဝင်ဆောင်းရာသီကာလတွေမှာငါတို့ဘာတွေအများကြီးလုပ်ဆောင်ခဲ့လဲဆိုတာသူတို့မမြင်ခဲ့တာကြောင့်ပါ။

ဒီဟာကလည်း ဒီကိစ္စအကြောင်းအရာအတွက်အကြောင်းအရင်းပါပဲ့။ငါတို့မှာဒီလိုကောင်းမွန်တဲ့စုဖွဲ့မှုရှိထားပြီး ငါတို့အနေနဲ့ နွေရာသီကာလမှာတော့သေချာပေါက်အသင်းဆီခေါ်ယူအားဖြည့်ဖို့လုပ်ဆောင်နေတယ်ဆိုတာကျနော်သိပါတယ်လို့စလော့ဒ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image