26 w - Translate

တရုတ်သံရုံး၏ စတုတ္ထအကြိမ်မြောက် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့တို့ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား အောက်တိုဘာ ၂၆ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့တို့မှ ဆရာတော်(၂၁)ပါးအား တရုတ်သံရုံး၏ တာဝန်ရှိသူများက ကထိန်သင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တရုတ်သံရုံးမှ ရေဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများကိုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

image
image
image
26 w - Translate

ဘာစီလိုနာ ကစားသမားများ လှောင်ပြောင်ခံရမှု စစ်ဆေးမည်
-------------------
အောက်တိုဘာ ၂၆ ရက်နေ့က ကစားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ယာမယ်အပါအဝင် ဘာစီလိုနာ ကစားသမားတွေ လူမျိုးရေးခွဲခြားလှောင်ပြောင်ခံရတာကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ သိရပါ တယ်။ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ၄ ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ အသက် ၁၇ နှစ်အရွယ် ဘာစီလိုနာ ကြယ်ပွင့် ယာမယ်အပါအဝင် ဘာစီလိုနာကစားသမားအချို့ကို ပစ်မှတ်ထားလှောင်ပြောင်ခံရမှုတွေ ရှိခဲ့တယ်လို့ သိရပြီးနောက် အခုလို စုံစမ်းစစ်ဆေးဖို့ ပြုလုပ်လာခဲ့ကြတာပါ။

စပိန်အားကစားတရားရုံးကလည်း ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒီလိုလှောင်ပြောင်ခံရမှုနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ စပိန်အစိုးရ၊ လာလီဂါနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း အခုလိုမျိုး ကစားသမားတွေ လူမျိုးရေး ခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ် စုံစမ်းမှုတွေ အတူပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ယာမယ် အပါအဝင် အသင်းရဲ့ ကစားသမားတွေ လူမျိုးရေးခွဲခြားလှောင်ပြောင်ခံရမှုနဲ့ပတ်သက်လို့ ဘာစီလိုနာအသင်း ဘက်က တစ်စုံတစ်ရာ ပြောကြားတာမျိုးတော့ မရှိသေးပါဘူး။ ရီးရဲလ်အသင်းတောင်ပံတိုက်စစ်မှူး ဗီနီစီးယက်စ် ကတော့ ဒီသတင်း ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ လူမျိူးရေးခွဲခြားမှုတွေကို ရှုတ်ချသလို ဘာစီလိုနာ ကစားသမား တွေဘက်က အပြည့်အဝရပ်တည်သွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

image
26 w - Translate

Us 🐚~🪼°

image
26 w - Translate

Us 🐚~🪼°

image
26 w - Translate

Us 🐚~🪼°

imageimage

ကြောင်လျှာသီးမီးဖုတ်သနပ်သုပ်

ကြောင်လျှာသီးကိုမီးဖုတ်ပြီး
အပေါ်ယံအခွံတွေခြစ်ထုတ်ပါ
ပြီးရင်ရေဆေးပြီး လိုသလိုလှီးဖြတ်ပါ
အခါးကြောက်ရင်ရေစိမ်ပေးပါ

ပြီးရင်တော့ ကြောင်လျှာသီးကို
ကြက်သွန်နီဆီချက် ငပိမီးကင်
ဆား ဟင်းခပ်မူန့် သံပုရာရည်
ငရုတ်လှော်မူန့်အနည်းငယ်
ပဲကျက်မူန့် နှမ်းနက်လှော်ထောင်း
(မြေပဲလှော်ထောင်းရှိရင်ထည့်ပါ)
ကြက်သွန်မြိတ်တို့နဲ့ ရောသုပ်လိုက်ရင်
ထမင်းမြိန်တဲ့ အသုပ်လေးရပါပြီရှင့် 😊

image
26 w - Translate

အချစ်ဆိုတာ
လေးစားမှုကအစပြုတယ်လို့ ခံယူတယ်။

ပညာကိုသော်လည်းကောင်း
စိတ်ဓာတ်ကိုသော်လည်းကောင်း
လေးစားမိရင်း ချစ်မိသွားတတ်တယ်။
ကိုယ့်အနေနဲ့ လေးစားနိုင်တဲ့အရည်အချင်းမရှိသရွေ့
အဲ့လူကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။

ကိုယ်လေးစားမိတဲ့သူဆို
ရုပ်ရည်နဲ့လည်းမဆိုင် ငွေကြေးနဲ့လည်းမဆိုင်ဘဲ
ကြာလာတဲ့အခါ ချစ်မိသွားနိုင်တာပဲလေ။

ကိုယ့်အတွက်ကတော့
ကိုယ့်ချစ်သူဟာ ကိုယ်လေးစားရတဲ့သူပဲဖြစ်လိမ့်မယ်။

image
26 w - Translate

"ထက်မြက်သူနှင့် ညံ့ဖျင်းသူ"

ထက်မြက်သူက နားထောင်
ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်
ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ
တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ်
ကိုယ့်ကိုယ်ကို ထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။

ထက်မြက်သူက ဘဝရဲ့အသေးစိတ်
အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ္ဖက္သားရဲ့
အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ္ဖက္သားကို ဟာသလုပ်တယ်။

ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း
အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ
ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း
ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အခ်စ္ဆုံးရွုံး/မဆုံးရှုံးလည်း
ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို
လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး
အနာဂတ္ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို
အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ
ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။
ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။
ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။
ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရွုံးထဲက အတွေ့အကြုံ၊
သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရွုံးထဲကေန
ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ
အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း
ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရာပါ ပါရမီရှိလည်း
နောက်ပိုင်းမှာ တုံးအ ညံ့ဖျင်းသွားအောင်
ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူဖြစ်မှန်းသိတော့တယ်)

#crd_to_owner_with_respect

image

တန်ဟတ်နဲ့မန်ချက်
လမ်းခွဲပြီ
ဘိုင်ဘိုင် တန်တန်ရေ

image
26 w - Translate

စိတ်ကောက်လဲ ဂရုစိုက်တယ်. ✨. ✨.

image