Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြောင်လျှာသီးမီးဖုတ်သနပ်သုပ်
ကြောင်လျှာသီးကိုမီးဖုတ်ပြီး
အပေါ်ယံအခွံတွေခြစ်ထုတ်ပါ
ပြီးရင်ရေဆေးပြီး လိုသလိုလှီးဖြတ်ပါ
အခါးကြောက်ရင်ရေစိမ်ပေးပါ
ပြီးရင်တော့ ကြောင်လျှာသီးကို
ကြက်သွန်နီဆီချက် ငပိမီးကင်
ဆား ဟင်းခပ်မူန့် သံပုရာရည်
ငရုတ်လှော်မူန့်အနည်းငယ်
ပဲကျက်မူန့် နှမ်းနက်လှော်ထောင်း
(မြေပဲလှော်ထောင်းရှိရင်ထည့်ပါ)
ကြက်သွန်မြိတ်တို့နဲ့ ရောသုပ်လိုက်ရင်
ထမင်းမြိန်တဲ့ အသုပ်လေးရပါပြီရှင့် 😊
အချစ်ဆိုတာ
လေးစားမှုကအစပြုတယ်လို့ ခံယူတယ်။
ပညာကိုသော်လည်းကောင်း
စိတ်ဓာတ်ကိုသော်လည်းကောင်း
လေးစားမိရင်း ချစ်မိသွားတတ်တယ်။
ကိုယ့်အနေနဲ့ လေးစားနိုင်တဲ့အရည်အချင်းမရှိသရွေ့
အဲ့လူကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။
ကိုယ်လေးစားမိတဲ့သူဆို
ရုပ်ရည်နဲ့လည်းမဆိုင် ငွေကြေးနဲ့လည်းမဆိုင်ဘဲ
ကြာလာတဲ့အခါ ချစ်မိသွားနိုင်တာပဲလေ။
ကိုယ့်အတွက်ကတော့
ကိုယ့်ချစ်သူဟာ ကိုယ်လေးစားရတဲ့သူပဲဖြစ်လိမ့်မယ်။
"ထက်မြက်သူနှင့် ညံ့ဖျင်းသူ"
ထက်မြက်သူက နားထောင်
ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်
ညည်းတွားတိုင်တန်းတယ်။
ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ
တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ်
ကိုယ့်ကိုယ်ကို ထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။
ထက်မြက်သူက ဘဝရဲ့အသေးစိတ်
အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ္ဖက္သားရဲ့
အားနည်းချက်တိုင်းကို မှတ်သားတယ်။
ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ္ဖက္သားကို ဟာသလုပ်တယ်။
ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း
အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ
ဝင့်ကြွားဂုဏ်မောက်တယ်။
ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း
ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အခ်စ္ဆုံးရွုံး/မဆုံးရှုံးလည်း
ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။
ထက်မြက်သူက မကောင်းတဲ့အတိတ်ကို
လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး
အနာဂတ္ကို လျစ်လျူရှုတယ်။
ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို
အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ
ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။
ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။
ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။
ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။
ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။
ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။
ထက်မြက်သူက အရွုံးထဲက အတွေ့အကြုံ၊
သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရွုံးထဲကေန
ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။
ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ
အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။
ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။
ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း
ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရာပါ ပါရမီရှိလည်း
နောက်ပိုင်းမှာ တုံးအ ညံ့ဖျင်းသွားအောင်
ကျင့်တယ်။
(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူဖြစ်မှန်းသိတော့တယ်)
#crd_to_owner_with_respect
မင်းကိုတော့ ယုံကြည့်ချင်တယ်လို့ဝန်ခံခဲ့တယ်
ဒါပေမယ့် ငါယုံလိုက်ပြီဆိုတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်လာတာဘဲ။
ဒီလိုလုပ်ရပ်က နာကျင်ရပါတယ်လို့သေချာပေါက်ပြောပြခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့ဒီပုံစံတစ်ခုတည်းနဲ့ ပြန်ဆက်ဆံခံရတဲ့အခါ ငါလည်း ထပ်ပြီးဘယ်သူ့ကိုမှကိုမယုံရဲတော့ပြန်ဘူး
-သက်ထားရွှေစင်(THSS)-
#thethtarshwesinthss
စောက်ရေးမပါတဲ့ အဲ့ဒီနှစ်တွေမှာ ငါဟာ
ဘာမှဖြစ်ဖြစ်မြောက်မြောက် မဖြစ်ခဲ့တာကို
ဂုဏ်ယူနေမိတယ်။
#အောင်ခင်မြင့်
#illustrationbyyn
#inktober22