သစ်ရွက်ကြွေတွေပဲ များလာတယ်
အိပ်မက်လည်း ထပ်မမက်တော့ဘူး ။
လမ်းကတော့ အရင်လမ်းပါပဲ
မြစ်ထဲမှာ မျက်ရည်တွေခမ်းစပြုလာပြီ ။။
~၀င်းမြင့်
#nyeinsstationofstargazing
#ဝင်းမြင့်




Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သစ်ရွက်ကြွေတွေပဲ များလာတယ်
အိပ်မက်လည်း ထပ်မမက်တော့ဘူး ။
လမ်းကတော့ အရင်လမ်းပါပဲ
မြစ်ထဲမှာ မျက်ရည်တွေခမ်းစပြုလာပြီ ။။
~၀င်းမြင့်
#nyeinsstationofstargazing
#ဝင်းမြင့်
ဒေါ်နယ်ထရမ့် အောင်ပွဲခံ မိန့်ခွန်းပြောပြီ
နိုဝင်ဘာ ၆
အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ ဝက်စ် ပန်း ဘိချ်မှာ လုပ်တဲ့ရွေးကောက်ပွဲ မဲရလဒ်စုဝေးစောင့်ကြည့်တဲ့ပါတီမှာ လူထုရှေ့ကို ဒေါ်နယ် ထရမ့် ထွက်လာပြီး “အောင်ပွဲမိန့်ခွန်း” ပြောနေပြီ ဖြစ်ပါတယ်။
ထရမ့်ကတော့ “ ကျွန်တော်တို့နိုင်ငံကို အနာကျက်အောင် ကုစားမယ်”လို့ ဆိုပါတယ်။
နယ်စပ်ရေးရာကိစ္စတွေကို တည့်မတ်ဖို့ ကတိပြုပြီး သူနဲ့ သူ့ပါတီဟာ တစ်ချိန်ကလည်း ဒါကို ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်းက အောင်ပွဲခံမိန့်ခွန်းအဖြစ် ပြောနေတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါ့အပြင် ဒီအချိန်ဟာ အမေရိကန်ရဲ့ “ရွှေခေတ်”ပဲလို့ ဆက်ပြောပါတယ်။
“ဒါဟာ အမေရိကန် ပြည်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲပါ၊ ကျွန်တော်တို့အနေနဲ့ အမေရိကကို တစ်ဖန်ပြန်ပြီး ခမ်းနားအောင် လုပ်ခွင့်ပေးလိုက်တာ” ဆိုပြီး မဲဆွယ်စည်းရုံးတုန်းက ဆောင်ပုဒ်နဲ့ လက်သုံးစကားတွေကို ထပ်လောင်းပြောခဲ့ပါတယ်။
ပုံစာ-ဇနီးနဲ့ သားတို့နဲ့အတူ စင်မြင့်ပေါ် တက်လာတဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ် နယ်ထရမ့်
Credit - BBC
#သတင်းဟင်းလေးအိုးကြီး