仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image
image
image
image
20 w - Translate

ခေတ်ပျက်ကြီးမှာ ဂရုစိုက်ပါ ဖြစ်နိုင်ရင်မန်ယူဖန်တွေနားမသွားပါနဲ့

image
20 w - Translate

Blood Punch (2014)

ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ​ပြောရမယ့်ကားမျိုးပါ။

​သွေးသဲရဲရဲဇာတ်ဝင်ခန်း​တွေ အ​တော်​လေးပါသလို အ​ပြောအဆို
အ​တော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြု​ပေးပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်း​ပေမယ့် ​​ကျောင်းဓါတ်ခွဲခန်းမှာ
​ဆေးချက်မိလို့ ​ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်​ယောက်
မူးယစ်​ဆေးနဲ့ ကံမကုန်ချင်​တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး

ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂​​​ယောက်နဲ့
ကြုံခဲ့ရပါတယ်။
ဆေးချက်ရမယ့်​ နေရာ​ရောက်​တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့​ဆေး
၈၅​ပေါင်ကို တစ်ဦးတည်း​မောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့
မီလ်တန်​ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့
အဲဒီ​နေ့အပြီး ​နောက်တစ်​နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်​ယောက်
အသက်ရှင်​နေ​သေးသလို သူတို့ ကြုံ​တွေ့​နေရတာ​တွေက မ​နေ့က
ဖြစ်ခဲ့တဲ့အရာ​တွေအတိုင်း Deja vuလိုဖြစ်​နေတာမျိုး ကြုံလိုက်ရ
ပါတယ်။
အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး ​နောက်​နေ့ကူး​သွားလည်း သူက
ပြန်အသက်ရှင်​နေ​သေးသလို ဖြစ်ပြီးသားကိစ္စ​တွေပဲ ထပ်တလဲလဲ
ပြန်ဖြစ်​နေလို့ မီလ်တန်နဲ့ စကိုင်လာတို့  ၂​ ယောက် သူတို့ရဲ့ စိတ်​ကပဲ
လှည့်စား​​နေတာလား၊ တကယ်ပဲ အချိန်​သံသရာထဲ ၂​ယောက်လုံး
​​ရောက်​နေတာလား အ​ဖြေရှာဖို့ ဖြစ်လာပါ​တော့တယ်။ ​နောက်ဆုံး
အဲဒီအချိန်​ကျော့ကွင်းထဲ လွတ်​မြောက်နည်းကို ရှာ​တွေ့သွားမလား၊
ဘယ်သူလွတ်​မြောက်သွားမှာလဲဆိုတာ ​ကြည့်ရှုရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2222390798/158

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
20 w - Translate

2024 YR4 လို့နာမည်ပေးထားတဲ့ ကြယ်တံခွန်ဟာ နေအဖွဲ့အစည်းနားမှာ လှည့်ပတ်နေပြီး၊ အာကာသအေဂျင်စီများ၏ ကနဦးခန့်မှန်းချက်အရ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကမ္ဘာကို ဝင်တိုက်နိုင်ခြေ ရှိတယ်လို့ဆိုကြပါတယ် ။ ��ကြယ်တံခွန် 2024 YR4 ၏ အရွယ်အစားမှာ ၄၀ မှ ၉၀ မီတာအထိ ရှိပြီး၊ ဘောလုံးကွင်းတစ်ခု၏ အလျားနှင့် ဆင်တူပါတယ် ။��၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဒီကြယ်တံခွန်က ကမ္ဘာမှ မိုင်ပေါင်း ၃၀ သန်း ကွာဝေးမှာရှိနေသေးကြောင်း NASA ၏ Center for Near-Earth Object Studies (CNEOS) က ဆိုပါတယ် ။
တကယ်လို့ ကမ္ဘာကို ဝင်တိုက်မယ်ဆိုရင် တစ်နာရီကို မိုင်ပေါင်း ၃၈,၀၀၀ နှုန်းဖြင့်ဝင်တိုက်မှာဖြစ်ပြီး သူရဲ့အရွယ်အစားနဲ့အရှိန်ကြောင့် နျူကလီးယားဗုံးပေါင်း ရာချီ၏ ပျက်စီးမှုထက်ပင် ပိုမိုကြီးမားတဲ့ ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ် ။ �
ဒီပေါက်ကွဲမှုဟာ နျူကလီးယားဗုံးပေါင်း ရာချီပေါက်ကွဲမူ၏ စွမ်းအင်နှင့် ညီမျှနိုင်ပြီး၊ အနီးအနားရှိ ဒေသများကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပါတယ် ။ ကြယ်တံခွန်ဟာ မြေပြင်ပေါ်သို့ ကျရောက်ပါက၊ ချိုင့်ဝှမ်းကြီးတစ်ခုကို ဖြစ်ပေါ်စေကာ၊ ပတ်ဝန်းကျင်ရှိ အဆောက်အဦများ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိများကို ကို ကြီးမားစွာ ထိခိုက်စေမှာပါ ။ ကီလိုမီတာ ၅၀ ပတ်ပတ်လည်က သက်ရှိတွေအကုန်သေကြပျက်စီးသွားမယ်လို့ ကနဉီးခန့်မှန်ထားကြပါတယ် ။ ��ဥပမာအားဖြင့်၊ ၁၉၀၈ ခုနှစ်က Tunguska ဖြစ်စဉ်တွင်၊ အလားတူအရွယ်အစားရှိသော ကြယ်တံခွန်တစ်ခုသည် ရုရှားနိုင်ငံ၏ လူဦးရေနည်းပါးသော ဒေသတစ်ခုတွင် လေထုထဲ၌ ပေါက်ကွဲခဲ့ပြီး၊ TNT ပေါက်ကွဲမှု တန်ချိန် ၁၀ မှ ၁၅ သန်းခန့် စွမ်းအင်ကို ထုတ်လွှတ်ခဲ့ပါတယ် ။ ထိုပေါက်ကွဲမှုကြောင့် စတုရန်းမိုင် ၈၃၀ ဧရိယာအတွင်း သစ်ပင်ပေါင်း ၈၀ သန်းခန့်ကို မြေပြင်မှာ ပြားချပ်သွားစေခဲ့ပါတယ် ။
လက်ရှိတွက်ချက်မူတွေအရ ကြယ်တံခွန်ဝင်တိုက်နိုင်တဲ့ “အန္တရာယ်လမ်းကြောင်း” ဟာ တောင်အမေရိကမှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ ဆာဟာရတောင်ပိုင်း အာဖရိကအထိ ဖြစ်နိုင်ကြောင်း သိရပါတယ် ။
“ဒါပေမယ့် လမ်းကြောင်းက လုံးဝမသေချာသေးတာကြောင့် ထိခိုက်မှာလား၊ မထိခိုက်ဘူးလားဆိုတာ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာတော့ ကမ္ဘာကိုဝင်တိုက်နိုင်ခြေက ၂ % ရှိပါတယ် "လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ် ။
လက်ရှိမှာ ခန့်မှန်းထားတဲ့ ကြယ်တံခွန်ဝင်တိုက်နိုင်တဲ့ “အန္တရာယ်လမ်းကြောင်း” ပုံကို ကွန့်မန့်မှာထည့်ပေးထားပါမယ် ။

image
20 w - Translate

Kung Fu Panda : Dragon Knight (2022)

ကွန်ဖူးပန်ဒါ ကာတွန်းစီးရီးထွက်လာပါပြီ။
ကာတွန်းရုပ်ရှင်လိုပဲ ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ တဝကြီးကြည့်ရမှာပါ။

ဇာတ်လမ်းအစမှာတော့ ကလောက်စ်နဲ့ ဗရူကာဆိုတဲ့ ဖျံလူဆိုးနှစ်ကောင်ဟာ
တရုတ်ပြည်ရဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းလက်နက် ဝူကောင်းလက်အိတ်ကို လာလုပါတယ်။
အဲဒါကို နဂါးဆရာသခင် ပိုက တားဆီးရင်နဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ် ရွာပါပျက်စီးပြီး လက်အိတ်လည်းပါသွားပါတယ်။
ဒါကြောင့် မင်းကြီးက ပို့ဆီက နဂါးဆရာသခင်ဘွဲ့ကို ရုတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ အဲဒီဖျံနှစ်ကောင်နောက်ကို လိုက်ဖမ်းနေတဲ့ အင်္ဂလန်သူရဲကောင်း လေလွင့်ဓားမိမယ် လူသယ်ရာနဲ့အတူ ပေါင်းမိပြီး တလွဲတွေ စွန့်စားခန့်ဖွင့်ကြတဲ့အခါ …..

ဇာတ်ကားလင့်
https://t.me/c/2186686827/532

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

အရမ်းကို ကောင်းလွန်းတဲ့ စာတိုလေးပါ
ဖတ်ဖြစ်အောင်ဖတ်ပီး၊နှစ်သက်ပါကသူငယ်ချင်း တေကိုမျှဝေလိုက်ပါ
"ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန် ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ။"
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည် မြင်းပျိုလေးတစ်ကောင်ရှိတယ်၊ သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်လာတယ်၊ပြောတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား'
မြင်းကခေါင်းခါပြီးပြောတယ်၊
'ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည် မြင်းကွ ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက် ပြီး ကုန်ထမ်းရမှာလဲ ? '
စစ်သားလာတယ်၊ ပြောတယ်၊
`မင်းငါနဲ့လိုက်နိုင်မလား
မြင်းကခေါင်းခါပြီးပြောတယ်၊
ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည် မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ် ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? -
မုဆိုးလာတယ်၊ ပြောတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား'
မြင်းကခေါင်းခါပြီးပြောတယ်၊
'ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည် မြင်းကွ ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်း ဆင်းရဲမှုဒဏ် ခံရမှာလဲကွ?
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့ သေးချေ။
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ် ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက် ရှာလေသည်၊
အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြော တယ်၊
` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ စစ်သူကြီးကမေးတယ်၊
'ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
'ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံ ရှိသလား
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကထပ်မေးတယ်၊
'ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေ နဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ' ဒါဆို မင်းဘာအသုံးကျ သေးသလဲ
မြင်းကပြောတယ်
ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊
မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊ ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်
ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ် အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့ အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရလားလို့ နောင်တ မရပါနဲ့၊
လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံး
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့
မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲ
မဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊
ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ _ မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။
#credit

image