ဆာလက်ဟာ ရွန်းနီရဲ့စံချိန်အတိုင်း ပရီးမီးယားလိဂ်မှာသွင်းဂိုး ၁၀၀ ကျော်အိမ်ကွင်းသွင်းဂိုးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသမိုင်းကြောင်းစာမျက်နှာသစ်ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး သူ့အနေနဲ့လီဗာပူးလ်အသင်းကပြီးခဲ့တဲ့အပတ်တုန်းက ၀ုဗ်ဗာဟမ်တန်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်ကူညီပြီးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးကြောင့်ဆာလက်အနေနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက်အန်ဖီးလ်ကွင်းမှာသွင်းဂိုး ၁၀၁ ဂိုးသွင်းယူပြည့်မြောက်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ၁၀၁ဂိုးသွင်းယူနိုင်ခဲ့ဖူးခဲ့တဲ့ဝိန်းရွန်းနီရဲ့စံချိန်နဲ့တူညီသွားခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းကြောင်းတလျှောက်ကလပ်အသင်းတသင်းတည်းမှာဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမားတယောက်လည်းဖြစ်လာခဲ့ပါတယ်။

ကလပ်အသင်းတသင်းတည်းမှာ ဆာလက်ပိုပြီးဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမား ၂ ဦးသာရှိပြီး အာဆင်နယ်အသင်းရဲ့ကွင်းဟောင်းဖြစ်တဲ့ဟိုင်ဘူရီကွင်းမှာ ၁၁၄ ဂိုးသွင်းခဲ့တဲ့ သီယာရီအွန်နရီနဲ့ အီတီဟတ်ကွင်းမှာ ၁၀၆ ဂိုးသွင်းယူခဲ့တဲ့ဆာဂျီယိုအဂူရိုတို့ဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

ထမင်းဆိုင်လေးဖွင့်ထားတယ်
ဘယ်လမ်းလဲဆိုတော့ မဆုံသောလမ်း
ထမင်းလဲရပါတယ် ဘာဆန်လဲဆိုတော့ သူစိမ်းဆန်ပါ အရည်လဲရတယ် ဘာအရည်လဲဆို မျ၊က်ရည်

image

စစ်တပ်နှင့် TNLA သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲပြီးဆုံး

ဖေဖော်ဝါရီ ၁၉

မြန်မာ့တပ်မတော်မှ ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNL A)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်ထိ နှစ်ရက် ဆွေးနွေးခဲ့ ကြသော်လည်း သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

TNLA က “နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲသည့် အခြေအနေရှိသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ပါသည်”ဟု ပြော သည်။

TNLA သည် ကူမင်းမြို့ ဆွေးနွေးပွဲမှာ အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။

ထိုအချက်များမှာ (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက် စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူ များ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ဖြစ်သည်။

လက်ရှိတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ ထိန်းချုပ်ထားသည်။

#centralnewsnaypyitaw

image

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

ဖေဖော်ဝါရီ ၁၉

မကြာမီကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်စေ ရေးအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တရက်အလို မတ်လ ၁၆ ရက်နေ့အ ထိ လက်ခံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

" မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်။" လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။

ဒါအပြင် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြသူတွေအနေနဲ့လည်း မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ပါက ရောက်ရှိနေထိုင်ရာဒေသရှိ သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို ဆက်သွယ်ပြီး စာရင်းသွင်းကာစာမေးပွဲဖြေဆိုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်ထိ ကျင်းပမှာဖြစ်ပြီး ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပမှာဖြစ်ပါတယ်။

ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူ ၂၂၀၀၀၀ ကျော်ရှိကြောင်း ၊တနိုင်ငံလုံးမှာ နယ်မြေအေးချမ်းတဲ့နေရာတိုင်း အပါအဝင် စာစစ်ဌာန ၈၀၀ ကျော်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းက စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းခဲ့တဲ့ကျောင်းသားကျောင်းသူ ၁၄၅၂၀၀ ခန့် ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀၀၀၀ ကျော်သာရှိခဲ့တာကြောင့် ခုနှစ်မှာ ဖြေဆိုဖို့စာရင်းပေးသွင်းသူ ၈၀၀၀၀ လောက်မြင့်တက်လာပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသတွင်းလက်နက်ကိုင်တွေသိမ်းပိုက်ထားတဲ့ ဒေသတွေမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image

ခရမ်းချဥ်သီးပန်ထွေဖျော်နည်း
######################

ပါ၀င်ပစ္စည်းများ
*****************
- ခရမ်းချဥ်သီး
- ပုဇွန်ခြောက်မှုန့်
- နံနံပင်
- ကြက်သွန်မြိတ်
- ငရုတ်သီးမှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငံပြာရည်
- ဆီ
- ဆား

ပြုလုပ်နည်း
____________

- ခရမ်းချဥ်သီးကို ရေစင်အောင်ဆေးပြီး ဆား ဒါမှမဟုတ် ငံပြာရည် နဲနဲထည့်ပြီး နူးအောင်ပြုတ်ပါ။
- မီးသွေးမီး ဒါမှမဟုတ် ထင်းမီးနဲ့လည်း မီးဖုတ်လို့ရပါတယ်။
- ကြက်သွန်ဖြူ ပုဇွန်ခြောက် ကို ခရမ်းချဥ်သီးနဲ့ ရောထောင်းပါ။
- ညက်ရင် ပန်းကန်ထဲ ထည့်ပြီး ဆီထည့်ပါ။
- ပြီးရင် ကြက်သွန်နီ နံနံပင် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။
- ငရုတ်သီး မှုန့် ထည့်ပါ။
- သက်သတ်လွတ် ချင်ရင် ပုဇွန်ခြောက် ငံပြာရည် တို့မထည့်ပဲ သုံးဆောင်နိုင်ပါတယ်။

image

မိဘတွေခွင့်ပြုတဲ့အချိန်မှ ရည်းဇားထားရသောအခါ :

image

ဒါပါပဲ

image
20 w - Translate

၂၀ လီတာ ရေသန့်ဘူးကြီးထဲက ပိုးလောက်လန်း (ရေသန့်လို့ တံဆိပ်ကပ်ထားပေမယ့် တကယ်မသန့်တဲ့ ရေတွေ သောက်နေရတဲ့ ရန်ကုန်သားတွေ ဘဝ)
ပုံမှ အနီရောင်နဲ့ ဝိုင်းပြထားတာက ၂၀ လီတာ ရေသန့်ဘူးကြီးထဲက ပိုးလောက်လန်းပါ။ ကုန်ခါနီးမှ ရေခွက်ထဲမှာ ပါလာတာ၊ အော်ဂလီဆန်ဖို့ ကောင်းပါတယ်။ ရန်ကုန်၊ လှိုင်မြို့နယ် (၁၀) ရပ်ကွက်က ရွှေစံပယ် ရေသန့်ကုမ္ပဏီကပါ။ တဘူးကို ၁၅၀၀ ကျော် ပေးရပြီး ကန်ထဲက ရေတွေ သောက်နေရတာပါ။
အမှုန်ပါလာရင်တောင် ခွင့်လွှတ်လို့ ရနိုင်သေးပေမယ့် ပိုးလောက်လန်းပါလာတာတော့ အတော်ဆိုးပါတယ်။ ရန်ကုန် ရပ်ကွက်တွေထဲက ရေသန့်ဘူးလုပ်ငန်းတွေကို ပြန်စစ်ဆေးဖို့ လိုအပ်နေပါပြီ။ ပြည်သူတွေက ပိုက်ဆံအကုန်ခံပြီး ရေ-ာဂ-ါတွေ ဝယ်သောက်နေရသလိုပဲ။ စစ်ဆေးပြီး တကယ်သန့်မှ လိုင်စင်ထုတ်ပေးကြပါ။ နေ့စဉ် သောက်နေရတာမလို့ အရမ်းအရေးကြီးပါတယ်

image
20 w - Translate

Nausicaä of the Valley of the Wind (1984)

နောင်လာမယ့် နှစ်ပေါင်းများစွာအကြာမှာ ကမ္ဘာကြီးဟာ
စစ်ပွဲတွေနဲ့ လေထု/ရေထု ညစ်ညမ်းမှုတွေကြောင့်
လူသားမျိုးနွယ်အားလုံးဟာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တယ်။
ကျန်ရစ်တဲ့လူသားတွေဟာလည်း သယံဇာတအရင်းအမြစ်တွေအတွက်
စစ်မက်တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။
 
အဲ့ဒီအထဲမှာမှ Nausicaa မင်းသမီးလေးအုပ်ချုပ်တဲ့
လေညင်းတောင်ကြားမှာရှိတဲ့ တိုင်းပြည်လေးဟာ
အဆိပ်သင့်တောအုပ်ရဲ့ အနီးဆုံးမှာရှိပေမယ့်
အေးချမ်းတဲ့ တိုင်းပြည်တစ်ခုပေါ့။
 
တစ်နေ့မှာတော့ အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့ စစ်ပွဲကြား
လေညင်းတောင်ကြားတိုင်းပြည်လေး ကြားညပ်လာတဲ့အခါ
မင်းသမီး Nausicaa တစ်ယောက် သူ့ရဲ့တိုင်းပြည်ကို
ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

🍒🌸 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌸🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1444

image

ဂေါ်ဖီထုပ်မှ ရသော ကျန်းမာရေးအတွက် ကောင်းကျိုးများ
ဂေါ်ဖီထုပ်ကို အရပ်ထဲမှာ မုန်လာထုပ်လို့လည်း ခေါ်ကြပါတယ်။ အင်္ဂလိပ်နာမည်ကတော့ Cabbage ဖြစ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Brassica oleracea ဖြစ်ပါတယ်။ဂေါ်ဖီထုပ်ဟာ ကျွန်တော်တို့နိုင်ငံမှာ အလွယ် တကူဝယ်ယူရနိုင်ပြီး ဈေးနှုန်းလည်းသိပ်မကြီးတဲ့ ဟင်းသီးဟင်းရွက်တမျိုးပါ။

ဈေးနှုန်းသိပ်မကြီးပေမယ့် ဂေါ်ဖီထုပ်မှာ သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်ကေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်ဓာတ်၊ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ အလ်တီအောက်ဆီးဒန့် စတဲ့ဓာတ်တွေ အများကြီးပါဝင်တဲ့အတွက် ကျန်းမာရေးကို အလွန်အထောက်အကူပြုနိုင်ပါတယ်။

ကျွန်တော်တို့ဆီမှာ ဂေါ်ဖီထုပ်ကို ဟင်းချိုချက်သောက်တာ၊ အသားတမျိုးမျိုးနဲ့ရောကြော်တာ၊ အသုပ်ထဲထည့်သုပ်စားတာ၊ ရေစင်အောင်ဆေးပြီး တို့စာရာအဖြစ် ငါးပိရည်နဲ့ တို့စားတာ၊ ဂေါ်ဖီချဉ်တည်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။

ဂေါ်ဖီထုပ်မှာ ကျန်းမာရေးအတွက် အထောက်ကူပြုဓာတ်တွေပါတဲ့အတွက် ဂေါ်ဖီ ထုပ်စားခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကိုယ်ခံစွမ်းအားကိုကောင်းစေခြင်း

ဂေါ်ဖီထုပ်မှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အားကောင်းအောင် အထောက်အကူပြုပါတယ်။ ဂေါ်ဖီထုပ်ကို မကြာခဏပုံမှန်စားသုံးမယ်ဆိုရင် ဗီတာမင်စီဓါတ်များများရတဲ့အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်တာ၊ နှာစေးချောင်းဆိုးလွယ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

သုတေသနတွေအရ ဂေါ်ဖီထုပ်မှာ Glucosinolates ဆိုတဲ့ ဓါတ်ပစ္စည်းတွေ များစွာပါဝင်ပြီး ထိုဓါတ်ပစ္စည်းတွေဟာ ကင်ဆာရောဂါ နဲ့ နှလုံးရောဂါတွေဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၃။ ဝမ်းမှန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်မှာ အမျှင်ဓါတ်တွေ များစွာပါတာကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၄။ သွေးတွင်းမကောင်းတဲ့ အဆီဓါတ်ကို လျော့နည်းစေခြင်း

သုတေသနတွေအရ ဂေါ်ဖီထုပ်မှာကြွယ်ဝစွာပါတဲ့ ပိုလီဖီနော (polyphenols) ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောဓါတ်ကို လျော့နည်းစေပြီး သွေးဖိအားပုံမှန်ဖြစ်ဖို့ကိုလည်း အထောက်အကူပြုကြောင်း သိရပါတယ်။

၅။ ဓါတ်ရောင်ခြည်ကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း

ဂေါ်ဖီထုပ်မှာ ရှားပါးဓါတ်ပစ္စည်းတမျိုးဖြစ်တဲ့ 3,3’-diindolylmethane (DIM) ဓါတ်ပါပါတယ်။ ထိုဓါတ်ဟာ ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှုခံယူနေရတဲ့သူတွေမှာ ဓာတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်တဲ့ နုံးပြီး အားမရှိသလို ခံစားရတာ၊ အစားအသောက်ပျက်တာ၊ ရင်ပူတာ၊ အရေပြားတွေယားတာ၊ ခြောက်သွေ့တာ၊ အရည်ကြည်ဖုတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၆။ မျက်စိတိမ်စွဲရောဂါ ဖြစ်နိုင်ခြေကို လျော့ နည်းစေခြင်း

ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိမှာရှိတဲ့ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဂေါ်ဖီထုပ်မကြာခဏစားခြင်းဖြင့် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

၇။ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်မှာပါတဲ့ ဆာလ်ဖာနဲ့ စီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များများပေါက်ဖို့၊ ဆံပင်အုံထူဖို့အတွက် အထောက်အကူပေးပါတယ်။ ဒါတွေကတော့ သိသလောက် ဂေါ်ဖီထုပ်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ပါတယ်။

သတိပြုရန်များ

ဂေါ်ဖီထုပ်စားတဲ့အခါ တခါစားရင် အနည်း ဆုံး ၁၀၀ ဂရမ်စားသင့်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းစားမယ်ဆိုပါက ရေစင်အောင်သေချာဆေးပါ။ ဂေါ်ဖီထုပ်ကိုကြော်တာ၊ ချက်တာတွေလုပ်တဲ့အခါ မီးပြင်းပြင်းနဲ့အချိန်အကြာကြီး ချက်တာ၊ ကြော်တာကိုရှောင်ပါလို့ အကြံပေးချင်ပါတယ်။

မီးပြင်းပြင်းနဲ့ အချိန်အကြာကြီးကြော်တာ၊ ချက်တာလုပ်ပါက ဂေါ်ဖီထုပ်မှာပါတဲ့ ကျန်းမာရေးအကျိုး ပြုဓါတ်တချို့တွေဟာ ပျက်စီးပျောက်ဆုံးသွားနိုင်လို့ဖြစ်ပါတယ်။

image