23 w - Translate

ဝဋ်ကြွေးတွေပါလာရင်လေ
ကံတွေရော ဉာဏ်တွေရော
မကယ်နိုင်ဘူးအစ်ကိုရဲ့ ...

ကျွန်တော်တို့မျက်ရည်တွေနဲ့
ဆပ်ကိုဆပ်ကြရတယ် .. ။

🍃 ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ🍃

#မယ်ညို

image
23 w - Translate

ဘဝမှာလူကောင်းတစ်ယောက်နဲ့ဆုံဆည်းခွင့်ရရင် အဲဒါသိပ်ကုသိုလ်ကံကောင်းတဲ့သူမို့ပဲ။ လူတိုင်းဟာ လူကောင်းကို ရှာရင်းရှားပါးနေကြတာ။ အဲ့အချိန်မှာ ကိုယ့်အတွက် အချိန်ပေးနေတာ၊ အချစ်ပေးနေတာ၊ နွေးထွေးလုံခြုံစေတာဟာ တော်ရုံမေတ္တာမဟုတ်ဘူး။ လူတိုင်းဟာ စက်ရုပ်တွေလို လှုပ်ရှားရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ့်အတွက် စေတနာရှိပေးနေတယ်ဆိုတာ လူတိုင်းမလုပ်နိုင်ကြဘူး။ လူကောင်းတွေက လူတော်ဖြစ်လာအောင် လေ့ကျင့်ဖို့ လွယ်ပေမယ့် လူတော်တိုင်းကတော့ လူကောင်းဖြစ်ချင်မှဖြစ်တာ။ တစ်လကို သိန်းသန်းချီ ရှာဖွေနိုင်ရင်တောင် ကိုယ့်အတွက်ဆို ငါးကျပ် တစ်ဆယ်တောင် စေတနာမရှိသူတွေ၊ အချိန်လည်း မပေးချင်၊ အချစ်လည်းမပေးချင်၊ ပေးရင်လည်း တစ်ယောက်တည်းကိုပေးတာမျိုးမဟုတ်ဘဲ၊ အချစ်ခွဲတမ်းချပြီး စိတ်ညစ်စေသူတွေ .. လူတော်လည်း မဟုတ် လူကောင်းလည်း မဖြစ်၊ ထမင်းတစ်လုပ် တုတ်တစ်ချက် စိတ်ဒဏ်ရာပေးတတ်သူတွေ လောကမှာ အများကြီးရယ်။

အဲ့အချိန်မှာ လူသားတစ်ယောက်က ကိုယ်နဲ့ဘဝတစ်ခုကို အတူတူသွားဖို့ စိတ်စေတနာရှိနေတဲ့အခါ အနိုင်မကျင့်မိဖို့လိုတယ်။ တချို့အရာတွေက တစ်သက်မှာတစ်ခါပဲ ရနိုင်တာမျိုး။ တချို့ကျ အကြိမ်ကြိမ်ရတတ်တယ်။ ဒါပေမဲ့ .. လူကောင်းတန်ဖိုးမသိတဲ့အခါ၊ ကိုယ်တိုင်က လူယုတ်ဓာတ်များတဲ့အခါ လူကောင်းတွေအပေါ် တွန်းထုတ်မိတတ်တယ်။ အဲ့အချိန် လူကောင်းတွေက ပိုနာကျင်ရပေမယ့်၊ အချိန်ကြာလာတာနဲ့အမျှ ဆုတ်ယုတ်သွားရတာ တွန်းထုတ်မိသူကိုယ်တိုင် ဖြစ်နေတတ်တယ်။ တချို့ကိစ္စတွေက တစ်ထိုင်တည်း အဖြေမပေါ်ဘူး တမြေ့မြေ့ကြာလေ သိသာလေ .. ဘယ်တော့မှပြန်မပြည့်တဲ့ ကွက်လပ်တွေဖြစ်တတ်လေပေါ့။

ဘာရယ်မဟုတ် ခရီးသွားရင်း တွေးမိတာတွေ ရေးလိုက်တာပါ။ အားလုံးပဲ လူကောင်းလူတော်တို့နဲ့သာ ဆုံဆည်းပေါင်းဖက်နိုင်ကြပါစေ 🤍✨🦋

Witchy Candy

#ကူးယူဖော်ပြခွင့်မပြုပါ
#shareနိုင်ပါသည်

image
23 w - Translate

"မန်စီးတီးအသင်း ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် ပက်ဂွာဒီယိုလာသည် ၎င်း၏ မန်နေဂျာသက်တန်းတလျောက်တွင် ပထမဆုံးအကြိမ် လေးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။"

ဘရိုက်တန်သည် ပရီးမီးယားလိဂ်ချန်ပီယံကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ဒုတိယနေရာမှ မန်စီးတီးသည် ဦးဆောင်နေသည့် လီဗာပူးနှင့် ငါးမှတ်ကွာဟသွားခဲ့သည်။

image
23 w - Translate

"ဒုက္ခရောက်နေသော ဂျာမဏီ စီးပွါးရေး၊အစိုးရပြိုကွဲမှုနှင့် တကျော့ပြန်Trump။"

ဂျာမနီ၏ အုပ်ချုပ်မှုညွန့်ပေါင်းပြိုကွဲမှုနှင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာတော့မည့်အချိန်သည် ကျဆင်းနေပြီဖြစ်သည့် ဥရောပသမဂ္ဂ၏ အကြီးဆုံးစီးပွားရေးအတွက် ပိုမို စွန့်စားရမှုများ ဖန်တီးနေသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ၊ ယူကရိန်းစစ်ပွဲနှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ဆိုင်မှုများကြောင့် ဂျာမနီ၏စီးပွားရေးသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ကျဆင်းသွားခဲ့သည်။ နိုင်ငံအတွင်းဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် အဓိပတိ Olaf Scholz ၏ ကွဲလွဲနေသော သုံးပါတီညွန့်ပေါင်းအဖွဲ့သည် အချို့သော အဓိကပြဿနာများအတွက် ရှေ့သို့လမ်းရှာရန် ပျက်ကွက်ခဲ့သည်။

Scholz သည် ဘဏ္ဍာရေးဝန်ကြီး Christian Lindner ကို ထုတ်ပယ်ကြောင်း ဗုဒ္ဓဟူးနေ့ညက ကြေညာလိုက်ပြီးနောက် အခြေအနေမှာ ပြင်းထန်လာသည်။ အဆိုပါ အပြောင်းအလဲသည် Lindner ၏ စီးပွားရေးလိုလားသော Free Democratic Party ကို အားကိုးသည့် အဓိပတိ၏ ညွန့်ပေါင်းပြိုကွဲမှုကို အကျိုးသက်ရောက် ပြီး အစိုးရအား ပါလီမန်တွင် လူများစု ရရှိမှုကိုဆုံးရှုံးခဲ့သည်။

ညွန့်ပေါင်းအဖွဲ့၏ ပြိုကွဲမှုကြောင့် ဂျာမနီ၏ နာမကျန်းဖြစ်နေသော စီးပွားရေးကို မည်ကဲ့သို့ မြှင့်တင်ရမည်ကို သီတင်းပတ်များအတွင်း ပြည်တွင်း တွင် အငြင်းပွားမှုများ နောက်ဆက်တွဲ ဖြစ်လာသည်။

image
23 w - Translate

မင်းလိုချင်တဲ့သူ
မဖြစ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။

🌸🌸

image
23 w - Translate

"လူတစ်ယောက်ကို ချစ်ရင် မင်းဘယ်လိုသိလဲ"
"ဒါဆို မင်းချစ်တဲ့သူကို ဖွင့်ပြောပြသင့်တယ်"
"နောက်ကျသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"

— The Wild Robot (2024) ရုပ်ရှင်
ဒါရိုက်တာ ➡️ Chris Sanders

image
23 w - Translate

လစာထုတ်ပီး ရက်ပိုင်းအကြာ...

image
23 w - Translate

မွေးနေ့ကလဲမရောက်နိုင်သေးဘူးငါကဟက်ပီဘက်ဒေးတူမီလုပ်ချင်နေပြီကို

image
23 w - Translate

ဘာအိပ်မက်မှမရှိတော့ပါ။
ချစ်တဲ့သူတွေ ကျန်းမာပျော်ရွှင်ဖို့ပဲ ဆုတောင်းပါတယ်။

5.11.2024 || 🤍

image
23 w - Translate

ချစ်နေရက်နဲ့ ရပ်တန့်လိုက်ရခြင်းဟာ တကယ်ရှိတယ်။
လူတွေဟာ မကိုက်ညီရင် မချစ်နိုင်ကြဘူး။
ကိုယ်ကလဲ နားလည်ပေးဖို့ မကြိုးစားရင်
သူကလဲ ပြုပြင်မယ်လို့ စိတ်ကူးမရှိရင်
အခြေအနေတစ်ခုဟာ ဘယ်လိုမှ ညှိမရတော့ဘူး။
အဲ့ဒီအခြေအနေရောက်ပြီဆို ဘာမှအရေးမပါနေတဲ့ မာနကို
လည်တိုင်မှာ စွဲချိတ်ကြရတယ်။
"နင် နေနိုင်ရင် ငါလဲ နေကိုနေနိုင်ရမယ်"ဆိုတဲ့ အသိ။
အဲ့တစ်ချက်မှာ ဆုံးဆုံးမြုပ်တာနဲ့
ဘယ်လောက်ချစ်ချစ်လေ မျက်ရည်တစ်စက်စက်နဲ့
ပြုံးပြုံးကလေး ဝေးကြရတာပဲ။

🌻🤍
#tarmhyuunge

image