ရှမ်း/တောင်မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေပြီး ဘိန်းမည်းတပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေ

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ အခုနှစ်ရာသီ ဘိန်းစိုက်ကာလ အတွင်း ပြီးခဲ့တဲ့နှစ် ဘိန်းစိုက်ရာသီကထက် စိုက်ပျိုးတဲ့ဧရိယာ ပိုများလာနေပြီး လက်ရှိမှာ ဘိန်းမည်း တပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာဖြစ်ပြီး ပင်လောင်းမြို့နယ်မှာ အများဆုံးတိုးလာနေတာ ဖြစ်သလို လက်ရှိမှာတော့ ဆောင်းရာသီ ရေသွင်းစိုက်ပျိုးရတဲ့ ဘိန်းမည်းတွေ စတင်ထွက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ရေခြံက ဘိန်းမည်းတွေ စခြစ်လို့ရနေပြီ။ ကုန်းခြံတုန်းကတော့ တစ်ပိဿကို ၁၀သိန်းလောက်ရတယ်။ အခု ရေခြံကထွက်တဲ့ဟာကြတော့ ၁၃သိန်း၊ တချို့နေရာတွေမှာဆို ၁၅သိန်းလောက်အထိ ပေါက်ဈေးရှိနေပြီ။ ကုန်းခြံကထွက်တဲ့ဟာထက် ရေခြံကထွက်တဲ့ဟာက ကွာလတီ၊ အရည်အသွေးပိုကောင်းတယ်လေ”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ပင်လောင်းနဲ့ ဆီဆိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိနေတာကြောင့် ဒေသခံအများအပြားဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပေမယ့် ဘိန်းစိုက်ပျိုးမှုကတော့ မြင့်တက်လာနေပြီး ဘီလူးချောက်အနောက်ဘက်ရှိ ဧရိယာတစ်ခုလုံးဟာ ဘိန်းခင်းတွေဖြစ်နေပြီဖြစ်တယ်လို့ ဒေသအရေးလေ့လာစောင့်ကြည့်သူတွေထံကနေ သိရပါတယ်။

“နိုင်ငံရေး၊ တော်လှန်ရေးလုပ်တဲ့သူတွေနဲ့ အဲဒီကိစ္စတွေကိုပဲ အကြီးအကဲတွေက ဦးစားပေးနေကြတော့ အောက်ခြေမှာက ဟာကွက်တွေ အများကြီးဖြစ်နေတယ်လေ။ လာဘ်ပေးလာဘ်ယူတာတွေ၊ မှောင်ခို လမ်းကြောင်းတွေကမှ အများကြီးပဲ။ ပိုက်ဆံပေးပြီး နားလည်မှုနဲ့ လုပ်နေကြတာ။ အခု ဘိန်းစိုက်တဲ့နေရာတွေကလည်း ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေပါ”လို့ ဒေသအရေးလေ့လာစောင့်ကြည့်သူတယောက်က ပြောပါတယ်။

အဲဒီဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ မိရိုးဖလာလုပ်ငန်းလို ဖြစ်နေပေမယ့် နစက အာဏာရယူပြီးနောက်ပိုင်းမှာ နစကက တော်လှန်ရေးဖက်ကို အာရုံရောက်နေသလို တော်လှန်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကိုဟာ စောင့်ကြည့်ဖမ်းဆီးနေသလို ပအိုဝ်းပြည်သူ့စစ်(PNO)ကလည်း တပ်အင်အားတိုးချဲ့ပြင်ဆင်တာကိုသာ အာရုံစိုက်လုပ်ကိုင်နေလို့ ဘိန်းစိုက်ပျိုးသူတွေ အခွင့်အရေးပိုရလာတာကြောင့် စိုက်ပျိုးမှုဟာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာနေတာ ဖြစ်တယ်လို့ ဒေသအရေးကြည့်လေ့လာသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရပ်တည်နေသလို အဲဒီအထဲမှာ ရှမ်းပြည်နယ်ဟာ နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၂ရက်က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-Local

#သတင်းဟင်းလေးအိုးကြီး

image
19 w - Translate

ပြည်တွင်းသတင်း
ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှ အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်နေ့ရထားများ ပြေးဆွဲချိန် ပြောင်းလဲ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းမှာ ပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်အမြန်နေ့ရထားများဟာ ဖေဖော်ဝါရီလ ၁၇ ရက် မှစတင်၍ ပြေးဆွဲချိန်များကို ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။

အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီမှာ စတင်ထွက်ခွာပြီး နေပြည်တော် ဘူတာသို့ နေ့လယ် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ကာ မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

အမှတ်-၁၂ အစုန်နေ့ရထားဟာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော် ဘူတာသို့ နံနက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက် မှာဖြစ်ကြောင်း သိရပါတယ်။

လမ်းခရီးမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျှင် ရိုးရိုးတန်း ၁၁,၀၀၀ ကျပ်၊ အထက်တန်း ၂၁,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

image

ဘယ်နေရာရောက်ရောက် အလေးတုံးရှိတာနဲ့ဆော့နိုင်မယ့် လေ့ကျင့်ခန်းများ

19 w - Translate

မကြာခင် နွေရောက်တော့မှာဆိုတော့ ပူပြင်းတဲ့ရာသီဥတုမှာ သက်တောင့်သက်သာ ရှိစေရန်အတွက် ဘောင်းဘီ ကို လီနင် ဒါမှမဟုတ် ချည်သားဘောင်းဘီမျိုး ရွေးချယ်သင့်ပါတယ်။

image

蒙育瓦(မုံရွာမြို )的最有名的地点

image

蒙育瓦(မုံရွာမြို )的最有名的地点

image

蒙育瓦(မုံရွာမြို )的最有名的地点

image

蒙育瓦(မုံရွာမြို )的最有名的地点

image

蒙育瓦(မုံရွာမြို )的最有名的地点

image

蒙育瓦(မုံရွာမြို )的最有名的地点

image