Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၈ မိနစ်အတွင်း ၁၅ ရက်အထိ ရာသီဥတု ကြိုတင်ခန့်မှန်းပေးနိုင်တဲ့ Google ရဲ့ GenCast AI
====================================================
သဘာဝဘေးအန္တရာယ်ကြောင့် ကမ္ဘာအဝန်းမှာ နှစ်စဉ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြပါတယ်။ Google က အဲဒီလို အဖြစ်ဆိုးမျိုးတွေကို ကာကွယ်ပေးဖို့အတွက် AI ကို အသုံးချနေပါတယ်။ Google က ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တဲ့ GenCast AI ကို ကြေညာလိုက်ပါတယ်။
အဲဒီ AI က တော်တော် အစွမ်းထက်ပြီး ၈ မိနစ်အတွင်း ၁၅ ရက်အထိ ရာသီဥတု ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။ သမားရိုးကျ ရာသီဥတု ခန့်မှန်းတဲ့ စနစ်တွေမှာ စူပါကွန်ပြူတာတွေကို သုံးရင်တောင် နာရီများစွာ ကြာမြင့်ပါတယ်။
Google က GenCast ကို ဆယ်စုနှစ် ၄ ခုကြာ ရာသီဥတု ဒေတာတွေနဲ့ လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ GenCast ရဲ့ ရာသီဥတု ကြိုတင်ခန့်မှန်းတဲ့အခါ တိကျမှုက ၉၇. ၂ ရာခိုင်နှုန်းနဲ့ ၃၆ နာရီအတွက် ကြိုတင်ခန့်မှန်းမှုမှာ ၉၉.၈ ရာခိုင်နှုန်းအထိ တိကျပါတယ်။
Google က GenCast ကို အခမဲ့ အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ GenCast ကို အသုံးပြုပြီး သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်တဲ့အခါ အလွန် ထိရောက်မှာ ဖြစ်ပါတယ်။
ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ကြံတင်ပို့ဖို့ ကားမလုံလောက်လို့ အခက်အခဲ ဖြစ်နေ
ဖေဖော်ဝါရီ ၂၁
တရုတ် - မြန်မာ နယ်စပ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ဒီနှစ် ကြံရာသီမှာ ကြံတင်ပို့ဖို့ ကား မလုံလောက်လို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။
"ဒီနှစ်က ကြံတင်မယ့်ကား နည်းတယ်။ ကားတွေက တရုတ်ကားပဲ ရတယ်။ ကြံ ကုမ္ပဏီက အရင်နှစ်က ကားတွေငှားပြီး ပိုက်ဆံ မပေးလို့တဲ့။ ဒီနှစ် ကား သိပ်မငှား ပေးချင်ကြတော့ ကြံတင်ကား နည်းသွားတာ။ ကားနည်းသွားတော့ လု တင်နေရတာ။ ကား အရမ်း ခက်နေတယ်။" လို့ ကြံတောင်သူ တယောက်က ပြောပါတယ်။
ကြံ တင်ကား အခက်အခဲကြောင့် ကြံခုတ်ထားပေမယ့် ကြန့်ကြာကာ ကြံ အလေးချိန်ပါ လျော့ကုန်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက မြန်မာဘက်ခြမ်းက ကားတွေကို မသုံးတော့ပဲ တရုတ်ကားတွေပဲ သုံးတဲ့ အပြင် အဲဒီ ကားတွေကလည်း ကြံ ကုမ္ပဏီက ငှားပေးတဲ့ ကားတွေနဲ့ပဲ တင်ပို့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။
"ကြံတင်ကား နည်းသွားလို့ ကျနော်တို့ဆီက မနှစ်တုန်းက ကြံကား မောင်းတဲ့ သယတွေတောင် မမောင်း ရတော့ဘူး တစ်ယောက်မှ။ အလုပ် မရှိ ဖြစ်သွားတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။
ခါတိုင်းက တရုတ်ကား သုံးပေမယ့် တရုတ် ယာဉ်မောင်းတွေ မြန်မာ ဘက်ထဲ မဝင်ပဲ နယ်စပ် ဂိတ်မှာ မြန်မာ ယာဉ်မောင်းတွေနဲ့ ချိန်း ရတာ ဖြစ်ပေမယ် ယခုနှစ်မှာတော့ တရုတ်ကား နဲ့ တရုတ်ယာဉ်မောင်းတွေ မြန်မာဘက်ခြမ်း အထိ တိုက်ရိုက် ဝင်လာတာတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
တရုတ် မြန်မာ နယ်စပ် တလျှောက်က မြန်မာ နယ်စပ် တလျှောက်မှာတော့ တရုတ် လုပ်ငန်းရှင်တွေဟာ မြန်မာ ဝောာင်သူတွေနဲ့ လယ်မြေ၊ ယာမြေကို ငှားရမ်းပြီး ရင်းနှီး မြှုပ်နှံကာ ကြံတွေကို စိုက်ကာ ရိတ်သိမ်း ချိန်မှာတော့ တရုတ်ဘက် ပြန်လည် သယ်ယူ တာဖြစ်ပါတယ်။
Photo Crd# ဒေသခံ
#centralnewsnaypyitaw
🍀🍀
မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...
ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
🍀🍀
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
🍀🍀
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထ နိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
#စာပေဗဟုသုတများ