23 ပတ် - ဘာသာပြန်ပါ။

ဆိတ်ရိုးတွေ ခြင်ဆီထွက်အောင်ပြုတ်ပြီးသောက်။

image

ဗီယက်နမ်က ထိုင်းကောင်စစ်ဝန်ရုံးမှာ အလည်အပတ်ဗီဇာလျှောက်တဲ့ မြန်မာ ၁၀၀ ကျော် ပယ်ချခံရ

နိုဝင်ဘာ ၁၀

အလည်အပတ်ဗီဇာ(Tourist Visa)နဲ့ ထိုင်းမှာ ၂ လကြာနေထိုင်ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရဲ့ ဗီဇာ လျှောက်ထားမှုကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံးကနေ ပယ်ချလိုက်တယ်လို့ ရုံးနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

“ပယ်ချခံလိုက်ရတာ လူ ၁၀၀ ကျော်တယ်။ ဘာအကြောင်းပြချက်မှ မပေးဘဲ ပယ်ချလိုက်တာ” လို့ သူက ပြောပါတယ်။

“ထိုင်းမှာ ၂ လကြာနေထိုင်နိုင်တဲ့ အလည်အပတ်ဗီဇာက ယာယီလည်ပတ်ဖို့ ထုတ်ပေးထားတဲ့ ဗီဇာဖြစ်ပေမဲ့ မြန်မာတွေက ထိုင်းနိုင်ငံထဲ လပေါင်းများစွာကြာအောင် နေထိုင်နေတာကြောင့်” လို့ သိရတယ်လို့ဆိုပြီး ကောင်စစ်ဝန်ရုံးနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးတဲ့နောက်မှာ မြန်မာလူငယ်တွေဟာ အလည်အပတ်ဗီဇာ ၂ လနဲ့ ထိုင်းကိုထွက်လာပြီးတဲ့နောက် ဗီဇာကို တစ်လချင်းစီ သက်တမ်းတိုးပြီး နေထိုင်နေကြတာဖြစ်ပါတယ်။

အလည်အပတ် ဗီဇာသက်တမ်း ၆ လပြည့်သွားရင်လည်း အိမ်နီးချင်းပြည်ပနိုင်ငံတစ်နိုင်ငံကို အထွက်ပြပြီး ထိုင်းနိုင်ငံထဲကို အလားတူ ဗီဇာနဲ့ ပြန်လည်နေထိုင်ကြတာများပါတယ်။

ဒီအခြေအနေကြောင့်ပဲ ထိုင်းဘက်က ဗီဇာအသစ်ထပ်ပေးဖို့ စဉ်းစားလာတာဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။

“ဗီဇာလျှောက်လို့ မရတော့ဘူးဆိုရင် ထိုင်းကို ၁၄ ရက်နဲ့ပဲ ပြန်ဝင်ရတော့မယ်။ ပြီးမှ ရေရှည်နေထိုင်နိုင်တဲ့ ဗီဇာနောက်တစ်မျိုးကို ထပ်လျှောက်ဖို့ လုပ်ရတော့မှာပေါ့”လို့ ဗီယက်နမ်မှာ အလည်အပတ်ဗီဇာ ပယ်ချခံခဲ့ရသူတစ်ဦးကပြောပါတယ်။

ပြည်ပအထွက်ပြပြီးမှ ထိုင်းနိုင်ငံအလည်အပတ်ဗီဇာလျှောက်တဲ့အခါမှာလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထက် ဗီယက်နမ်က ဗီဇာလျှောက်တဲ့လုပ်ငန်းစဉ်က အချိန်ပိုပြီး တိုတောင်းတယ်လို့ ဗီဇာအကျိုးဆောင်တချို့က ပြောပါတယ်။

“ကမ္ဘောဒီးယားဆိုရင် တရားဝင် ၁၀ ရက်ကြာမယ်လို့ ကြေညာထားတာ၊ ဗီယက်နမ်မှာက ၅ ရက်ပဲ ကြာတယ်” လို့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ထိုင်းမှာ အလည်ပတ်ဗီဇာကို သက်တမ်းတိုးနေထိုင်နေပြီး ၆ လပြည့်ခါနီးဖြစ်နေတဲ့ မြန်မာတချို့ကလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတဆင့် အလည်အပတ်ဗီဇာ လျှောက်လို့ရနေပေမယ့် အဲဒီနိုင်ငံတွေမှာရှိတဲ့ ထိုင်းသံရုံးတွေဘက်ကနေ ပယ်ချလာမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ ပြောကြပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
23 ပတ် - ဘာသာပြန်ပါ။

စိတ်မပျော်တဲ့အခါ
စကားသိပ်မပြောဘဲ များများအိပ်တာက
ပိုကောင်းတယ်။

ညမှာရှိတဲ့ နွေးထွေးတဲ့ စောင်တစ်ထည်နဲ့
အိပ်မက်ကောင်းတစ်ခုကသာ
နေ့တိုင်း အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့ ငါတို့ကို
နှစ်သိမ့်ပေးနိုင်တာပါ။


#နိုင်းနိုင်းစနေ

image
23 ပတ် - ဘာသာပြန်ပါ။

အရာ"ဟာမင်းလို့ပြောထားတောင်
အနိုင်ယူပြနေသေးတယ်နော် ||

image
23 ပတ် - ဘာသာပြန်ပါ။

အထင်နှင့်အမြင်

တခါက ဆင်းရဲသားရပ်ကွက်ထဲကို အပျိုကြီးတစ်ယောက်
အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ
ဆင်းရဲနုံချာတဲ့မိသားစုလေးတစ်စု ရှိပါတယ် မုဆိုးမတစ်ယောက်နဲ့
သူ့ကလေးနှစ်ယောက်ပေါ့..။

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..
ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." လို့
သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။

အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက်
ပျက်သွားခဲ့တယ် မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့
သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ ..
ခဏနေတော့ သူရှာတွေ့သွားတယ်..

တွေ့ပြီးတော့ သိပ်မကြာပါဘူး တစ်စုံတစ်ယောက်က
သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက်က
စိတ်လှုပ်ရှားတဲ့အသံနဲ့ အန်တီ..အန်တီတို့အိမ်မှာ
ဖယောင်းတိုင်ရှိလား လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင်
မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေ
မှာစိုးရတယ်။ ပေးလို့မဖြစ်ဘူး.. လို့တွေးပြီး မရှိဘူး လို့
အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး ထင်သားပဲ ...
အန်တီက အခုမှ အိမ်ပြောင်းလာတာဆိုတော့
ဖယောင်းတိုင် မပါလောက်ဘူးဆိုပြီး မှောင်မဲမဲထဲမှာ
အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင်
လာပို့တာလို့ပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲက
ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး
ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့တယ်။

ကိုယ့်ထက်သာ မနာလို၊
ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူအဖို့ကတော့
အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့အရေးကြီးတယ်။
ငွေချမ်းသာဖို့ထက် စိတ်စေတနာချမ်းသာဖို့အရေးကြီးတယ်။

ချမ်းသာပေမယ့် ယူသောလက်ဖြစ်နေတတ်တယ်။
ဆင်းရဲပေမယ့် ပေးသောလက်လဲ ဖြစ်နိုင်တယ်။
ပေးသောလက်ဖြစ်ဖို့ ငွေချမ်းသာဖို့မလိုဘူး၊
မြင့်မြတ်တဲ့စိတ်ထား ရှိဖို့သာလိုတယ်။

မြင့်မြတ်သောစိတ်အသိဥာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ
များသထက် များပြားလာသူတချို့မှာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာကြတယ်...
ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်...
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်...
လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ
ကွယ်ပျောက်လာတတ်ကြတယ်...။

ကျွန်တော်တို့နေနေတဲ့ လူပတ်ဝန်ကျင်ကြီးက
ငွေရှိမှ လူရာဝင် ငွေမရှိလိုကတော့
အသက်ရှူတာတောင်အပြစ်မလွတ်ဘူး
စားနိုင်သောက်နိုင်သူကို ပိုကျွေးချင်ကြပြီး
ငတ်ပြတ်နေတဲ့သူကိုတော့ စေတနာမထားတတ်ကြတာ သဘာဝလိုဖြစ်နေကြပါပြီ လူတိုင်းကိုဆိူလိုတာတော့ မဟုတ်ပါဘူးနော်...

အားလုံးကိုလေးစားလျက်


Credit.

image
23 ပတ် - ဘာသာပြန်ပါ။

စောင့်နေတယ် ဆိုတာကလည်း
ထင်သလောက်တော့ပျော်စရာကောင်းမနေဖူး ။
သိလား ။ ကိုယ့်စောင့်နေပါတယ်ဆိုတဲ့အရာက
ကိုယ့်ဆီရောက်လာနိုင်လား ဒါမှမဟုတ် လုံးဝ
ရောက်မလာနိုင်တော့ဖူးလား ဆိုတာလည်း
မသိနိုင်ဖူး ။ မသေချာဖူး ။ အချိန်အကန့်အသတ်
လည်း မရှိပြန်ဖူး။ တခဏလေးလည်း ကြာနိုင်သလို
တစ်ဘဝလောက်လည်း ကြာသွားနိုင်တာမလို့လေ။
စောင့်နေတယ်ဆိုတာမျိုးတွေက
ထင်သလောက် ပျော်စရာကောင်းမနေဖူး။
ဒါမဲ့စောင့်နေကြတုန်းပါပဲ ။အဲ့ဒီတစ်နေ့နေ့ဆိုတာကို ။

- ခက်နှောင်

image
23 ပတ် - ဘာသာပြန်ပါ။

10 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,430
USD Sell - MMK 4,530
EUR Buy - MMK 4,720
EUR Sell - MMK 4,845
SGD Buy - MMK 3,345
SGD Sell - MMK 3,410
THB Buy - MMK 129.03
THB Sell - MMK 132.45
JPY Buy - MMK 28.64
JPY Sell - MMK 29.40
MYR Buy - MMK 1,005
MYR Sell - MMK 1,035
CNY Buy - MMK 610
CNY Sell - MMK 630

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,980,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,350,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
23 ပတ် - ဘာသာပြန်ပါ။

ကာတွန်းဆရာရေးထားတာလည်း ဟုတ်တုတ်တုတ်ပါပဲ

image
23 ပတ် - ဘာသာပြန်ပါ။

Just checked into our $45 Airbnb in Greece.
🤣

23 ပတ် - ဘာသာပြန်ပါ။

တရုတ်ခရီးစဥ်မှ ပြန်လည်ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တွေ့ရစဥ်

#centralnewsnaypyitaw