Apple has introduced the iPhone 16e — a new, more affordable addition to the iPhone 16 lineup.
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Apple has introduced the iPhone 16e — a new, more affordable addition to the iPhone 16 lineup.
Part-1
ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူနဲ့မဆို
ဘာပြောရပြောရ
အခန်း (၁)
စကားပြောနည်းသင်ရိုးအမှတ် ၁ဝ၁
အောင်မြင်စွာ စကားပြောဆိုမှုများ၏ အခြေခံများ
* ရိုးသားမှ
* စိတ်နေသဘောထား မှန်ကန်ခြင်း
• အခြားပုဂ္ဂိုလ်များကို စိတ်ဝင်စားခြင်း
• မိမိအကြောင်းနှင့် ပတ်သက်လျှင် ပွင့်လင်းမှုရှိခြင်း
စကားပြောဆိုခြင်းသည် ဂေါက်သီးရိုက်ခြင်း၊ ကားတစ်စီးမောင်းခြင်း၊ စတိုးဆိုင်တစ်ဆိုင်ကို ပိုင်ခြင်းတို့ကဲ့သို့ပင် များများလုပ်လေ၊ များများရလေ လုပ်ရတာ ပိုပျော်လာလေဖြစ်သည့် ကိစ္စတစ်ခုဖြစ်သည်။ သို့သော်လည်း အခြေခံအချက်များကို နားလည်ရန်လိုသည်။
ကျွန်တော့်အနေနှင့် စကားပြောဆိုသည့်နေရာတွင် အတိုင်းအတာ တစ်စုံတစ်ရာအထိ အောင်မြင်မှုရခဲ့သည့်အတွက် ကံကောင်းသည်။ သင့် အနေဖြင့် ဤစာအုပ်ကို ဖတ်နေစဉ် “သေချာတာပေါ့၊ သူကတော့ စကားပြောရတာ ပျော်စရာတဲ့၊ သူက အပြောကောင်းတာကိုး” ဟု တွေးနေမိလိမ့် မည်။ ထိုသို့ တွေးနေမိလောက်အောင် ကျွန်တော့်အနေဖြင့် အောင်မြင်မှ ရခဲ့သည်။ ကျွန်တော့်အတွက် သဘာဝအလျောက် စကားပြောကောင်းသူ ဖြစ်လာသည်မှာ မှန်ပါသည်။ သို့သော် တစ်စုံတစ်ခုနှင့် ပတ်သက်၍ မွေး ကတည်းက စွမ်းရည်ရှိလာသည့်သူများသည် ထိုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားအားထုတ်ရသည်။
မူလက ပါရမီတစ်ခု၊ အစွမ်းအစတစ်ခုသည် အလေ့အကျင့်တစ်ခု၊ ကျွမ်းကျင်မှုတစ်ခုအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ ကျွန်တော်တွေ့ခဲ့သမျှ အကောင်းဆုံး ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်သော တက်ခ်ဝီလျံ သည် ကျွန်တော့်ဘဝတွင် တွေ့ ခဲ့သမျှ အခြားသူများထက် မွေးရာပါစွမ်းရည် များ ပိုင်ဆိုင်သူဖြစ်သည်။ သို့သော်လည်း သူကိုယ်တိုင်ပင်လျှင် အခြားသူ များကဲ့သို့ အလေ့အကျင့် လုပ်ယူရသည်ကို တွေ့ ရသည်။ လူစီယာနို ပါဘ ရောတီသည် အံ့သြဆန်းကြယ်သည့်အသံကို ပိုင်ဆိုင်မွေးဖွားလာသူ ဖြစ်သော် လည်း သူ့အနေဖြင့် သီချင်းဆိုသည့် လေ့ကျင့်ခန်းများကို သင်ကြားခြင်း၊ လေ့ကျင့်ခြင်းပြုရသည်။
ကျွန်တော့်အနေဖြင့် မွေးရာပါ စကားပြောဆိုနိုင်စွမ်းနှင့် စကားပြောဆို ချင်သည့် ဆန္ဒတို့ရှိသည်မှာ မှန်ပါသည်။ သို့သော် ကျွန်တော်သည်ပင်လျှင် လွယ်လွယ်ကူကူ စကားပြော၍ မရသည့် အချိန်အခါပေါင်းများစွာကို ကြုံ ကြိုက်ရသည်။
#ဆက်ရန်ရှိ