တောက်လောင် ပေါက်ကွဲနေတဲ့ နေကြောင့် မျက်လုံးတွေ ကျိန်းစပ်နေတာ ခံစားနေရတယ်။ ပင်လယ်ပြင်ကတော့ အမောတကော အသက်ရှူနေရသလိုမျိုးနဲ့ ရေလှိုင်းကလေးတွေကို ကမ်းစပ်ဆီ ပို့လွှတ်ရင်း သဲတွေ
ကို တိုက်စားနေတယ်။ ကျွန်တော်လည်း ကျောက်တုံးကျောက်ဆောင်တွေဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့မိတယ်။ ကျွန်တော့်နဖူးကတော့ နေအပူဒဏ်ကြောင့် ရောင်နေသလို ခံစားရလာတယ်။ ပြင်းထန်လှတဲ့ အပူရှိန်က ကျွန်တော့်ကို အနိုင်ယူဖို့ ကြိုးစားနေတယ်။ နောက်ပြန်လှည့်ဖို့တွန်းအားပေးနေတယ်။ မျက်နှာပေါ်က အပူရှိန်က တိုက်ခိုက်လာလေ
တိုင်း ကျွန်တော့်အဖို့တော့ အံကြိတ်လိုက်ရင်း ဘောင်းဘီအိတ်ထဲက လက်
တွေကိုလည်း လက်သီးဆုပ်ပြီး ရှိရှိသမျှ အားမာန်တွေ၊ ဇွဲတွေနဲ့ ပူလောင်
မူးနောက်လာစေတဲ့ နေအပေါ် အနိုင်ရဖို့ ကြိုးစားနေမိတယ်။
- - - - - -
L'Étranger
“
အလ်ဘတ် ကမူး ရဲ့ တစိမ်းတရံစာ”
ဝတ္ထုမှ ကောက်နုတ်ချက်
