21 w - Translate

လက်စတာနည်းပြဘ၀ပထမဆုံးပွဲကို ဂိုးပြတ်အနိုင်နဲ့စတင်နိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်း
-----------------------------------
မန်ယူပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်သလို ကစားသမားဘ၀မှာကတည်းက ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ နွားကြီးလို့ နာမည်ပြောင်ပေးခြင်းခံခဲ့ရသူ ရုဒ်ဗန် နစ္စတယ်ရွိုင်းကတော့ လက်စတာနည်းပြဘ၀ ပထမဆုံးပွဲစဉ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။ လက်စတာဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲရှုံး၊ ၁ ပွဲသရေနဲ့ နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နစ္စတယ်ရွိုင်းကတော့ ပထမဆုံးပွဲမှာပဲ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာပါ။

လက်စတာအတွက်အဖွင့်ဂိုးကိုတော့ ဝါရင့်တိုက်စစ်မှူး ဂျေမီ ဗာဒီက ပွဲအစ ၉၈ စက္ကန့်မှာပဲ သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာတော့ ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဗာဒီဟာ ၂၀၁၅ ခုနှစ်တုန်းက နစ္စတယ်ရွိုင်းရဲ့ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းတဲ့စံချိန်ကို ၁၁ ပွဲဆက် ဂိုးသွင်းကာ ချိုးဖျက်ခဲ့သူဖြစ်ပြီး ၉ နှစ်အကြာမှာတော့ ဆရာတပည့်အဖြစ် ဆုံရတော့လည်း အဖွင့်လှအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဘွဲ့ ရရှိခဲ့သူ နစ္စတယ်ရွိုင်းရဲ့ လက်အောက်မှာ လက်စတာတို့ တိုက်စစ်အစွမ်းထက်တဲ့အသင်းဖြစ်လာမလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

imageimage
+4
21 w - Translate

နော့်

image

❝လုပ်ငန်းရှင်တွေအနေနဲ့ အခြေခံစားကုန်တွေကို သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုသာတင်ပြီး ရောင်းချသွားကြဖို့ နစကဥက္ကဋ္ဌ ပြောကြား❞

≋ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းတွေဖြစ်ဖို့ တာဝန်ရှိသူတွေက စေတနာထားပြီး အပင်ပန်းခံဆောင်ရွက်ကြဖို့တိုက်တွန်း≋

ဒီဇင်ဘာ ၄

အသား၊ ငါးနဲ့ အခြေခံစားကုန် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတာကိုတွေ့ရတာကြောင့် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေခံစားကုန်တွေအပေါ် သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုသာတင်ပြီး ရောင်းချသွားကြဖို့လိုအပ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်သူတွေကို ရောင်းချရာမှာ အမြတ်ငွေနည်းနည်းနဲ့ ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထုသက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေအပေါ် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြဖို့လိုသလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထားပြီး အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

အလားတူ နိုင်ငံအတွင်း ဝင်ငွေနဲ့ ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ဖို့လိုတာကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပတင်ပို့မှုကို လက်ရှိတင်ပို့နေတာထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ဖို့လိုသလို ကုန်ထုတ်လုပ်မှုကိုလည်း ယခုထက်တိုးမြှင့် ဆောင်ရွက်နိုင်ဖို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးခြင်းနဲ့ ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်အကိုင်တွေ ဖန်တီးရာမှာ လိုအပ်တဲ့သွင်းအားစုတွေကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာမှာ ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းများဖြစ်ဖို့လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်နဲ့ ဆောင်ရွက်ပါက အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ စဉ်းစားဆောင်ရွက်ကြဖို့ ပြောကြားလိုတယ်ဆိုပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image