Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အညာသားတယောက် မအူမလည်နှင့် ရန်ကုန် ဖရေဇာလမ်းဘေးဈေးဆိုင်းများကို လိုက်ကြည့်နေသည်
တနေရာအရောက်တွင် နာရီ ကက်ဆက် စသည်တို့ရောင်းသော လမ်းဘေးဆိုင်လေးတွင် ကက်ဆက်လေးတလုံးကိုဈေးမေးကြည့်လက်သည်
အညာသား။ ။ နောင်ကြီး ဒီကက်ဆက်လေးက ဘလောက်လဲ?
ဈေးသည် ။ ။. ၃ ပုလင်းပဲပေး
အညာသားအနည်းငယ်အံ့ဩသောလေသံဖြင့်
"ဒါတွေက ပုလင်းတွေနဲ့လဲတာလား"
ဈေးသည်လည်း တောသားကိုး ဟူသောအကြည့်နဲ့
"ညေး ကြည့်ရတာ တောက တက်လာတာမကြာသေးဘူးနဲ့တူတယ်
မြို့ထဲမှာ ပုလင်းတွေလိုက်ကောက် ပြီးရင် ဟိုးမှာ အင်္ကျီအဖြူ အုပ်ထုပ်အ ဖြူနဲ့ နှုတ်ခမ်းမှာ ဝီစီကိုက်ထားတဲ့ လူတွေရပ်နေတဲ့ အိမ်သေးသေးလေးမှာ ကက်စက်နဲ့ သွားလဲ ငါတို့က ဆိုင်သိမ်းတော့မှာ "
ဟု မော်တော်ပီကယ်ရုံးကို လက်ညိုးထိုးပြပြီး ချွန်ပေးလိုက်သည်
အညာသားလည်း ရန်ကုန်ရောက်တာ နောက်ကျလေ ခြင်း လို့တွေးပြီး တမြို့လုံးအနှံ့ ပုလင်းတွေ လိုက်ကောက်တယ်
ညနေ ၆ နာရီလောက်မှာ ပုလင်းမျိုးစုံ၉ လောက် ရသွားတယ်
ကက်ဆက် ၃လုံးလောက် ရပြီဆိုပြီး မော်တော်ပီကယ် ရုံးကို အူယားဖားယားနဲ့ရောက်လာပြီး မော်တော်ပီကယ်တယောက်ကို
နောင်ကြီး ပိတ်သွားပြီလား လို့မေးလိုက်တယ်
မပိတ်သေးပါဘူး ဘာဖြစ်လို့လဲ
အညာသား ။. ။ ကျနော်မှာ ကိုးပုလင်းပါတယ်
မတပက ။. ။ ဘာအမှုအတွက်လဲ
အညာသား။. ။ ကက် စက် ကိ စ္စ
မတပက။. ။ ကား ကက်စက်လား ဘာအမှုလဲ ချလံပြ
အညာသား။. ။ ချလံဆိုတာဘာလဲ
မတပက။ ။ လာစားနေတယ်ဟလား နာချင်နေပြီလား
အညာသား ။. ။ မဟုတ်ပါဘူး ကျနော်မှာ ၉ ပုလင်းပါတယ် ကက်စက်၃ လုံးပေးလေ
မတပက လည်း ထောက်လှန်းရေးက လို့ထင်သွားပြီး. "ဆရာရယ် အာ့ ဖမ်းထားတဲ့ကားတွေထဲက ကားကက်စက်တွေက ကျနော်တို့လက်ဖျားနဲ့တောင် မထိရပါဘူး ဟဲဟဲ ဆရာ သုံးဖို့ ၂ပုလင်းယူသွားဟု ပြောပြောဆိုဆို အညာသားအိပ်ထဲ စာအိပ်တအိပ် ထိုးထည်းပေးလိုက်တယ်
အညာသားလည်း ဟာ ဒါတွေကျနော်မယူပါဘူး ကျနော်က ကက်စက်ပဲ လိုချင်တာ ကက်စက်လိုချင်လို့ တနေ့လုံး ပုလင်းတွေ လိုက်ကောက်ရတာ ဟုဆိုပြီး ပုလင်းတွေထည့်ထားတဲ့ ကြွပ်ကြွပ်အိပ်ကို မ ပြလိုက်တယ်
မော်တော်ပီကယ်လည်း အရမ်းစိတ်ဆိုးသွားပြီး ရဲ ကိုဖုန်းစက်လိုက်တယ်
ရဲက လာဖမ်းပြီး ပုလင်းနဲ့ကက်စက်ကိစ္စမေးပြီး ဒစ်လည်နေတော့. တ တားလေး စိတ္တဇဆေးရုံကို ပို့လိုက်တယ်
စိတ္တဇဆေးရုံးက ဂတုန်း တုန်းပြီး ဆေးတွေ တိုက်. ၃ လ လောက်ချုပ်ထားလိုက်တယ်
အရူးထောင်မှာ အရူးတယောက်နဲ့ခင်ပြီး
တနေကုန်
" တပုလင်းဆိုတာ တသောင်း
၃ ပုလင်းဆိုတာ ၃ သောင်း
တဗုံးဆိုတာ တသိန်း
ရန်ကုန်မှာ နောင်ကြီးလို့ ပြောမိရင် ခုလို ဂတုန်းတုန်းခံရမယ်"
လို့ တနေကုန် ရွတ်နေတယ်
ရွာက အမျိုးတွေ လာခေါ်လို့ ရွာပြန်ရောက်တော့လည်း အာ့ပဲရွတ်နေတော့တယ်တဲ့
အေးထှာဘဲ😁
Credit
Copy
အာဆင်နယ်နှင့် တွေ့ဆုံချိန်၌ မန်ယူ ရှုံးမည်ဟု နည်းပြ ကလော့ပ် သုံးသပ်
မန်ယူအသင်းအနေနဲ့ လာမယ့်လပိုင်းမှာ အာဆင်နယ်နဲ့ တွေ့တဲ့အချိန်မှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်ပြောကြားသွားပါတယ်။
မန်ယူအသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးမှာ မန်ယူအသင်းရဲ့ခြေစွမ်းအပေါ် လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်သွားခဲ့တာပါ။
အာဆင်နယ်နဲ့ မန်ယူအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ အဖြစ် လာမယ့် မေ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာပါ။
လီဗာပူးအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ခြေစွမ်းအတိုင်းသာဆိုရင် အာဆင်နယ်အသင်းကို မန်ယူအသင်း ရှုံးနိမ့်သွားမှာဖြစ်ကြောင်း၊ အဲဒီလိုပြောရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နည်းပြကလော့ပ်က ပြောသွားတာပါ။
လီာပူးအသင်းဟာ အခုနှစ်ရာသီမှာ မန်ယူအသင်းနဲ့ တွေ့ဆုံတဲ့ ပွဲစဉ် ၃ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ပရီးမီးယားလိဂ်မှာ နှစ်ပွဲစလုံး သရေကျပြီး အက်ဖ်အေဖလားမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အောင်မြင်စေဖို့ လုပ်ဆောင်ရမည့်အချက်လေးများ
၁) မိတ်ဆွေသူငယ်ချင်းများ၊ ချစ်ခင်သူများနှင့် ၅မိနစ်ခန့် ဖုန်းပြောပါ
၂) စကားပြောတဲ့အခါ လူတွေရဲ့မျက်လုံးကိုကြည့်ပြီးပြောပါ
၃) ၅မိနစ်ခန့် မီးဖိုချောင်သန့်ရှင်းရေးပြုလုပ်ပါ
၄) နေ့စဉ်နေ့တိုင်း ချွေးထွက်လေ့ကျင့်ခန်းလုပ်ပါ
၅) နှစ်ပတ်တစ်ကြိမ် ဘဏ်စာရင်းရှင်းတမ်း စစ်ဆေးပြီး ဖြတ်တောက်လို့ ရနိုင်မယ့်အသုံးစရိတ်ကို ရွေးချယ်ပါ
၆) မှတ်တမ်းထားရှိပါ
၇) ဖုန်းမပွတ်ဘဲ စာအုပ်ဖတ်ပါ
၈) သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ချရေးပါ
၉) အိပ်ရာထချိန် ရေတစ်ဖန်ခွက်အပြည့်သောက်ပါ