15 w - Translate

အခုလက်ရှိမန်ယူအသင်းရဲ့ခြေစွမ်းကိုမြင်ရင် အရင်ချိန်တွေကိုပဲ လွမ်းမိပါရဲ့။ အရင်ကဆိုရင် မန်ယူအသင်းဟာ ရှေ့လယ်နောက်အပြင် ဂိုးသမားနေရာကပါ ပြည့်စုံလွန်းနေခဲ့တယ်။
ရှေ့မှာဂိုးသွင်းပေးမယ့် ရော်နယ်ဒို၊ ရွန်းနီတို့လိုကစားသမားတွေရှိတယ်။ ကွင်းလယ်မှာဆိုရင်လည်း ရွိုင်းကိန်း၊ ပေါစခိုးလ်၊ ရိုင်ယန်ဂစ်တို့လိုကစားသမားတွေရှိကြတယ်။ ဒီကစားသမားတွေက ကွင်းလယ်ကနေ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဆင်မှုကို ဖြတ်ထုတ်ရမလား၊ ကိုယ့်အသင်းတိုက်စစ်ဆင်နိုင်အောင် ပံ့ပိုးပေးရမလား၊ ဘာမဆိုလုပ်နိုင်သူတွေချည်းပဲ။
နောက်တန်းမှာဆိုရင်လည်း ဖာဒီနန်၊ ဗီဒစ်တို့လို အသင်းအတွက်အရိုးကြေကြေ အရေခမ်းခမ်းကစားပေးမယ့်သူတွေကအဆင်သင့်။ ဂိုးသမားကလည်း ဗန်ဒါဆား၊ နည်းပြကဖာဂူဆန်၊ အရာရာပြီးပြည့်စုံလွန်းတဲ့ မန်ယူအသင်းကို အဲ့ခေတ်အဲ့အခါတုန်းက မြင်တွေ့ခဲ့ရပါတယ်။

image
15 w - Translate

ဆာကာ ကတော့ ထရိန်နင်ပြန်ဆင်းနေပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါပြီ 🔴👀

image
15 w - Translate

ကားဘက်ထရီအစွမ်းပြဖို့ ၆ ထပ်တိုက်ပေါ်ကနေ ဖရဲသီးပစ်ချပြတဲ့ Xiaomi
ဖရဲသီးတစ်လုံး ၆ လွှာကနေ ပစ်ချခဲ့ပေမယ့် မကွဲဘဲ အကောင်းပကတိအတိုင်း ဖြစ်နေရင် အတော့်ကို အံ့ဩရပါလိမ့်မယ်။
ဒီအဖြစ်က တကယ် ဖြစ်ခဲ့တာပါ။ Xiaomi ကုမ္ပဏီက သူ့ကားမှာ သုံးမယ့် ဘက်ထရီဘယ်လောက် ဘေးကင်းစိတ်ချရကြောင်းကို ဖရဲသီးတစ်လုံးနဲ့ လက်တွေ့စမ်းပြသွားတာပါ။ Xiaomi ရဲ့ အမိုက်စား နည်းပညာသက်သေပြမှုလို့ ဆိုနိုင်ပါတယ်။
Xiaomi CEO လေကျွမ်က သူ့ ဘေဂျင်းကားစက်ရုံရဲ့ ၆ ထပ်မြောက်ကနေ မီးခိုးရောင် coating သုတ် ဖရဲသီးကို လွှတ်ချပြခဲ့ပါတယ်။ ဒီဖရဲသီးက Xiaomi SU7 Ultra ဘက်ထရီအိုးမှာ သုံးတဲ့ coating ကိုပဲ သုတ်ထားတာပါ။ ဒီ coating က ရိုးရိုး coating မဟုတ်ပါဘူး။
စုတ်ပြဲ ပျက်စီးတာ အချွန်နဲ့ထိုးတာတွေပါ ခံနိုင်ရည်ရှိတဲ့ ကျည်ကာ bulletproof ဘက်ထရီ coating မျိုး ဖြစ်ပြီး ရိုးရိုး PVC coatings ထက် အပေါက်အပြဲဒဏ် ၁၀ ဆကျော် ပိုခံနိုင်ပါတယ်။ ဒါကြောင့်ပဲ coating သုတ် ဖရဲသီးက တိုက်အောက် ကျသွားချိန် ကွဲမသွားတာလို့ ပြောပါတယ်။
ဒီ coating နည်းပညာသစ်သုံးထားတဲ့ Xiaomi SU7 Ultra EV ကားက ပြီးခဲ့တဲ့လက ဈေးကွက်ထဲ ဝင်ခဲ့ပါတယ်။ ဒေါ်လာ ၇၅၀၀၀ တန် ဒီမော်ဒယ်က luxury ကားဈေးကွက်မှာ လူကြိုက်များနေပြီး ဈေးကွက်ထဲ ဝင်ပြီး ၂ နာရီအတွင်း အော်ဒါ ၁၀၀၀၀ ကျော် ရထားတယ်လို့ ဆိုပါတယ်။

image
15 w - Translate

Asus VU Air Lonizer
Asus သည် VU Air Ionizer မော်နီတာစီးရီးအသစ် မိတ်ဆက်ခဲ့သည်။အဆိုပါ seriesတွင်အမြင်အာရုံကို ကောင်းမွန်စေရုံသာမက လေထုသန့်စင်မှုပါဝင်သောအရည်အသွေးမြင့် မော်နီတာဖြစ်ပြီး နာနိုအိုင်ယွန်းနည်းပညာကို အသုံးပြု၍ တစ်မီတာ (1m³) အတိုင်းအတာအတွင်းသန့်စင်ပေးနိုင်သည်။သုံးနာရီအတွင်း လေထဲရှိ ဖုန်မှုန့်များ၏ ၉၀% အထိ ဖယ်ရှားပေးနိုင်သည်။

Model ၃မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပြီး ၎င်းတို့ကတော့-

VU249HFI-W (23.8” Full HD)

VU279HFI-W (27” Full HD)

VU34WCIP-W (34” 4K Ultrawide)

မော်နီတာတိုင်းတွင် IPS panel, 100Hz refresh rate ပါရှိပြီး Asus ၏ SmoothMotion နည်းပညာကြောင့် ghosting (ပုံရိပ်ပျက်ခြင်း) ကို လျှော့ချပေးနိုင်သည်။ Eye Care Plus စနစ်က Low Blue Light နှင့် Flicker-Free နည်းပညာများဖြင့် မျက်စိကို ကာကွယ်ပေးမည်ဖြစ်ပြီး Rest Reminders နှင့် Color Augmentation တို့ကသုံးစွဲသူများကိုသက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် အထူးစီမံထားသော ဒီဇိုင်း ဖြစ်ပြီးသုံးစွဲသူများ​၏ မျက်စိကျန်းမာရေးအတွက်သင့်တော်မည့်နည်းပညာမြှင့်အသုံးအဆောင်တစ်ခုလဲဖြစ်လာမည်။

image
15 w - Translate

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨

ပရီးမီးယားလိဂ်အသင်းများဟာ လာမယ့် နွေအပြောင်းအရွှေ့ဈေးကွက်ကို ဇွန် ၁ ရက်မှ ဇွန် ၁၀ ထိ တစ်ကြိမ် ၊ ဇွန် ၁၆ ရက်မှ စက်တင်ဘာ ၁ ရက်နေ့ထိ တစ်ကြိမ် ဖွင့်လှစ်ဖို့ သဘောတူညီထားကြပါတယ်။

image
15 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨✅

မတ်လရဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပါပြီ

ဘယ်နည်းပြရသင့်တယ်လို့ ထင်ပါသလဲ??

image
15 w - Translate

၃ ဆကြမ်းတဲ့ဖုန်းအတွက် လုံးဝလန်းတဲ့ Pre-order ။ 🔥

⚠️ Pre-order အလုံးအရေအတွက်ကန့်သတ်ထားပါသည်။

HONOR ချစ်သူများအားလုံးတောင်းဆိုနေကြတဲ့ "အက်ရှင်ဆန်ဆန် သုံးဆကြမ်းမယ့်" HONOR X9c 5G ရဲ့ Pre-order သတင်းကောင်းလေးကို စောစီးစွာကြေညာပေးလိုက်ပါပြီဗျို့။

👑 Durability King လို့တင်စားခေါ်ဝေါ်နေကြတဲ့ Build Quality ထူးချွန်အဆင့် HONOR X9c 5G က Industry ရဲ့ ပထမဦးဆုံး SGS Premium Performance 5-Star Comprehensive Reliability Certification ရရှိထားပြီး Triple Resistance (Drop | Water | Heat) ပါဝင်လို့ နေ့စဥ်အသုံးပြုမှုပိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ မတော်တဆလေးများအတွက် (လုံးဝ) ရင်ခုန်စရာမလိုတော့ပါဘူး။ ဒါ့အပြင် ...

👉 Flagship Level 6600mAh (66W) Silicon-carbon Battery ၊ 108MP OIS Motion Sensing Camera ၊ 1.5K Resolution (4000nits) Risk-free Dimming HONOR Eye Comfort Display ၊ 300% Volume Dual Stereo Speakers နဲ့အခြားသော အမိုက်စား features များစွာပါဝင်တာကြောင့် အကြမ်းခံဆုံး All Rounder ဖုန်းတစ်လုံးဝယ်မယ့်သူများ ...

HONOR X9c 5G ကို ဧပြီလ (၁) ရက်နေ့ မှ ဧပြီလ (၇) ရက်နေ့အတွင်း နီးစပ်ရာ HONOR အရောင်းဆိုင်များမှာ Pre-order တင်ပြီး Gift အလန်းစားများကိုရယူနိုင်တော့မှာဖြစ်ပါတယ်။

🎁 Pre-order Gifts
၁။ HONOR CHOICE Watch 2i
၂။ HONOR CHOICE Earbuds X7 Lite

ဒီလိုကြမ်းပါတယ်ဆိုတဲ့ဖုန်းမှန်အတွက် အဆိုးဆုံးအခြေအနေများမှာ မတော်တဆကွဲသွားခဲ့ရင် ... ⚠️

✅ ရက်ပေါင်း (၁၈၀) + ထပ်ဆောင်း ရက် (၃၀) အတွင်း ဘာကြောင့်ကွဲကွဲ HONOR Care နဲ့ ဖုန်းမှန်တစ်ကြိမ် (အခမဲ့) လဲလှယ်ခွင့်လည်းရှိဦးမှာဖြစ်ပါတယ်။

အကြမ်းဆုံးနဲ့အလန်းဆုံး HONOR X9c ကိုအတန်ဆုံးပိုင်ဆိုင်ဖို့ နီးစပ်ရာ HONOR အရောင်းဆိုင်များမှာ ဆက်သွယ်စုံစမ်းမေးမြန်းပြီး အမြန်ဆုံး Pre-order တင်ဖို့လိုမယ်နော်။

image
15 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨✅

မတ်လရဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပါပြီ

ဘယ်သူရသင့်တယ်လို့ ထင်ပါသလဲ??

image
15 w - Translate

ကြီးမားတဲ့ အပြောင်းအလဲများစွာနဲ့အတူ WWDC 2025 ကို ဇွန်လ ၉ ရက်မှာ ကျင်းပမယ်...
Apple ကတော့ နှစ်တိုင်းကျင်းပတဲ့ WWDC (Worldwide Developer Conference) ပွဲကြီးကို ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

image

နေ့စဉ်မိုးလေဝသသတင်း
-------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image