32 w - Translate

တနေ့က ကျောက်ခက်မှာ ထိုးသွားတဲ့ ပွဲမှာ မြန်မာပြည် ချန်ပီယံ သွေးသစ်ဝင်းလှိုင်က အီရန်ဖိုက်တာကို လက်ကျိုးအောင် ပြင်းထန်တိကျတဲ့ ပါဝါကန်ချက်နဲ့ ကန်ပြီး အနိုင်ယူခဲ့ပါတယ်။
သွေးသစ်ဟာ ကျောက်ခက်မှာ ထိုင်းဖိုက်တာကိုလည်း လက်ကျိုးအောင် ကန်ပြီး အနိုင်ယူခဲ့ဖူးတာပါ။
သို့သော် အလီနဲ့ အိုရန် တို့က သွေးသစ်အတွက် ပြိုင်ဘက်ကောင်းတွေ မဟုတ်ပဲ လက်ရည်နွှေးတဲ့ ပွဲမျိုးတွေပဲ ဖြစ်တာကို ပရိတ်သတ်တွေက သဘောပေါက်ထားပါတယ်။
ပရိတ်သတ်တွေ တကယ် စိတ်ဝင်စားနေတာက ONE မှာ သွေးသစ်ကို ဘယ်တော့ တွေ့ရမလဲ ဆိုတာပါပဲ။
ဒါကတော့ သွေးသစ်ဟာ မြန်မာပြည် ချန်ပီယံ ဖြစ်နေတာကြောင့် ရိုးရာအဖွဲ့အချုပ်ဘက်က လုပ်စရာ လုပ်ငန်းစဥ်လေးတွေ ရှိနေပြီး လ အနည်းငယ် ကြာလို့ အကုန်အဆင်ပြေ သွားရင် ONE မှာ တွေ့ရတော့မှာပါ။
ပရိတ်သတ်တွေ နောက်ထပ် စိတ်ပူနေတာတခုလည်း ရှိပါသေးတယ်။
ပြိုင်ထိုးဆိုင်ထိုးကို အသားပေးတဲ့ ONE မှာ ကောင်တာ သမား ဖြစ်တဲ့ သွေးသစ် အံဝင်ပါ့မလား၊ တကယ်လို့ ပြိုင်ဘက်ကလည်း ကောင်တာ သမား ဆိုရင် ပွဲက အလွန်အေးပြီး ONE စီအီးအို ချက်ထရီက စာချုပ် ထပ်ချုပ်ပါ့မလား ဆိုတာတွေပါ။
တကယ်တမ်း လက်ဝှေ့နဲ့ မွေထိုင်းနည်းစနစ်တွေကို နိုင်ငံတကာအဆင့်အထိ ထဲထဲဝင်ဝင် လေ့ဖူးရင် သွေးသစ်ရဲ့ကစားဟန်က ပညာရှင်တစ်ယောက် ဆိုတာကို သိနိုင်ပါတယ်။
အရမ်းအေးပြီး ကောင်တာ တပေါက်ပဲ ရတယ်၊ ပတ်ပြေးတယ်ဆိုတဲ့ အပေါ်ယံ အမြင်တွေက မမှန်ပါဘူး။
ပြီးတော့သွေးသစ်က ပင်ကိုယ်တော့ ဘယ်သန်မဟုတ်ပါဘူး။ ညာသန်ပါ။ ဘယ်ကစားပေါက်ကို အသားပေး ပြီး သေချာ လေ့ကျင့်ထားလို့သာ ဘယ်သန် လို့ ထင်ရပါတယ်။
ဒါကြောင့် ပညာမြင့်တဲ့ သွေးသစ် အနေနဲ့ ပြိုင်ဘက်ရဲ့ အနေအထား၊ ပါဝါ၊ အရှိန်အဝါနဲ့ ကစားဟန်ကို ကြည့်ပြီး လိုသလို ပွဲကို ချည်းကပ် နိုင်တယ်။
ဘယ်/ညာ ကို လျှပ်တပြတ်အတွင်း အပြောင်းအလဲ သုံးတတ်တယ်။ တိုက်ကွက်တွေကလည်း အားပါတယ်၊
ဒါကြောင့် ပြိုင်ဘက်က ကောင်တာ သမားဖြစ်ပြီး သွေးသစ်ကို ကောင်တာသမားချင်း distance ခွာပြီး တစ်ချိန်လုံး ရှောင်တိမ်းပြီး အမှတ်ယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရင်ဆိုင်ရင် သူ့အတွက် အင်မတန် သနားစရာကောင်းတဲ့ ရွေးချယ်မှု ဖြစ်သွားပါလိမ့်မယ်။
ပြိုင်ဘက်က ဖွင့်ထိုးတဲ့ ဖိုက်တာ သမားဆိုရင်လည်း weight ချင်းသာ တူပါစေ၊ သွေးသစ်ရဲ့ တိုက်ကွက်တွေအောက်မှာ ပြားပြားမှောက်သွားပါလိမ့်မယ်။
ဒါကြောင့် သွေးသစ်ရဲ့ ကစားဟန်ဟာ ONE မှာ အံဝင်ပါ့မလား ဆိုတာကို သိပ်ပူစရာ မလိုပါဘူး။
သူသာ ကြံ့ခိုင်မှု အပြည့်နဲ့ ကျန်းကျန်းမာမာ ရှိနေရင် ONE မှာလည်း တောက်ပ အုံးမှာပါ။
သွေးသစ် အနေနဲ့ဖြစ်နိုင်ရင်တော့ ဝိတ်ကို 2 kg လောက် ထပ်ချပြီး ကြွက်သား ထုထည်ကို ခုထက်ပို တည်ဆောက်ထားစေချင်တယ်။
သွေးသစ်ကို ONE မှာ ဝန်းရံဖို့ မြန်မာ တစ်နိုင်ငံလုံးက ရိုးရာလက်ဝှေ့ဖန်တွေကတော့ မစောင့်နိုင် ဖြစ်နေကြပါပြီ။
ကဲ.. သွေးသစ်ရေ..
အဆင်ပြေရင် လက်ခုတ်သံလေး ကြားချင်တယ်...
..
Credit to စိုးနေ့သစ်

image
32 w - Translate

ဆရာကြီး ဦးခင်မောင်မြင့်
ဒီအသက်အရွယ်မှာ ဒီလောက်စွမ်းဆောင်နိုင်တာ လေးစားအားကျစရာပါ ဆရာကြီး
အသက် -64-
တကယ် ရောနှေးပြီလား
သိုင်းပြောင်းပြန် -105-နှစ်ပြည့်
အဖိုးဆရာကြီး(ဦးမောင်လေး)နှင့်
ဆရာ့ဆရာကြီးများအားသိုင်းပြောင်းပြန်ပညာစဥ်ဖြင့်ပူဇော်ပွဲအမှတ်တရ။
ကျနော်အကြိုက်ဆုံး ငါးကွက်သုံး ။

32 w - Translate - Youtube

ဆိတ်ထိန်းနော် ဆိတ်ထိန်း..... ငစား game

32 w - Translate

Skill တပေါက် လျှမ်းလျှမ်းတောက်
တူတူဖဲ 😁

32 w - Translate

ဂန်းနားရယ် မင်းတို့က ရေပြွတ်လို့ ခေါ်ခံရတာလည်း မဆန်းပါဘူး

image
Purple Blue shared a post  
32 w

32 w

A magical forest in Ireland 💟💟💟💟

image
32 w - Translate

A magical forest in Ireland 💟💟💟💟

image
32 w - Translate

❝ ကျနော်တို့ အမွေအနှစ်တစ်ခုကို ဖန်တီးချင်ပါတယ်။ 7 နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလား 6ကြိမ်ရရှိအောင်လို့ နောက်ထပ် ပရီးမီးယားလိဂ်ဖလားတစ်လုံးကို လိုချင်ပါတယ်။

ပြီးတော့ 4 နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်သလို၊ ချန်ပီယံလိဂ်ဖလားကိုလည်း 2 နှစ်ဆက်တိုက် ဆွတ်ခူးချင်ပါတယ်။ ရီးရဲယ်မက်ဒရစ်တစ်သင်းတည်းကပဲ 3 နှစ်ဆက်တိုက် ရဖူးတာလေ။ ဆိုတော့ ဒီအရာတွေက ကျနော်တို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။

တကယ်လို့ ကျနော်တို့သာ treble ကို 2 ကြိမ်ဆက်တိုက် ရနိုင်မယ်ဆိုရင်တော့ ဒါဟာ အမွေအနှစ်တစ်ခုဖြစ်သွားပါလိမ့်မယ်။

ကျနော်တို့ အဲ့တာအတွက် တို-က်ပွဲဝင်သွားမှာပါ၊ အမှန်တကယ် ဆွတ်ခူးနိုင်ဖို့လည်း အရာအားလုံးကိုပေးဆပ်ပြီး အစွမ်းကုန်ကြိုးစားသွားပါမယ်။ ❞

~ဘာနာဒို ဆေးလ်ဗား (ရီးရဲယ်နှင့်ပွဲမတိုင်ခင်ပြောကြားချက်)

image
32 w - Translate

#အသက် ၇၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံလာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်
အသက် ၇၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရမယ်

စိတ်ရှည်ပေးမယ်။
အာရုံကြော အားလုံးကျုံလာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီ
စကား ပွစိပွစိပြောလာမယ်
ကိုယ် မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ် အဲဒီအခါ
နောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီး တွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီး
ဝမ်းနည်းလာမယ်
အထီးကျန်လာမယ်
မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။
အဲဒီအချိန်မှာ ...
လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။
တခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ် မလိုဘူး အမြဲငြင်းတတ်လာမယ်။
ဒါဟာ အပို မကုန်စေချင်လို့ပါ တကယ်တော့ ကျေနပ် ဝမ်းသာနေတာ။
အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ ကျနော်တို့ တိုက်တွန်းလို့ မရပါဘူး
အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတခုကို ကြာကြာစိတ်ဝင်စားတာမျိုး
မရှိတော့ပါဘူး။
ကျနော်တို့ လူကြီးမိဘတွေကို ။
စားချင်တာ ဝယ်ကျွေးရမယ်။
သူတို့ လုပ်ချင်တဲ့ အိမ်မူကိစ္စ မသေသပ်ပေမဲ့ ပေးလုပ်ရမှာပါ။
အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ ။
အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးကနေ လိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လိုချင်တာက အဲဒါမဟုတ်ဘူး
နွေးထွေးမူ အလေးထားမူ စကားပြောပေးတာမျိုး လိုချင်ကြတာပါ။
ကျနော်ကတော့ ကလေးတွေနဲ့ အနေကြာလာတော့ ကလေးစိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှ
ကို နားထောင် ဖြေရှင်း ပေးတတ်သူ တယောက်မို့ လူကြီးတော်တော်များများစိတ်ကိုလဲ လေ့လာပြီး နားလည်ပေးရပါမယ်။
လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေးပါမယ် ။
သား သမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ။
credit

image
32 w - Translate

အမှိုက်ပုံကြီးကို လက်တင်အမေရိကရဲ့ အကြီးဆုံး ရပ်ရွာအခြေပြုစိုက်ခင်းအဖြစ် ပြောင်းလဲခြင်း

အရင်ကတော့ ဒီနေရာက အမှိုက်ပုံကြီးဗျ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ဆင်းရဲသားရပ်ကွက်ထဲမှာ ရှိတာ။ မန်ဂွေညိုရပ်ကွက်ဆိုတာ ဆေးသမားတွေ ခြေချင်းလိမ်ပြီး ပစ်ခတ်မှုတွေဆိုတာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ။ ဒီရပ်ကွက်ထဲမှာ နေသူတွေအတွက်လည်း ဘဝမျှော်လင့်ချက်ဆိုတာ မရှိသလောက်ရှားတယ်။

နောက်တော့ ဒီအမှိုက်ပုံကြီးကို ရှင်းလင်းပြီး ရပ်ရွာအခြေပြုစိုက်ခင်း လုပ်ဖို့ စီစဉ်ကြတယ်။ ဘောလုံးကွင်း ၃ ကွင်းလောက် ကျယ်တဲ့ ဒီစိုက်ခင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ရင်းနဲ့ လက်တင်အမေရိကမှာ အကြီးဆုံး ရပ်ရွာအခြေပြုစိုက်ခင်းကြီး ဖြစ်လာတယ်။ တခြားစိုက်ခင်းတွေလို ပိုးသတ်ဆေး မဖြန်းဘူး၊ ဓာတ်မြေသြဇာမသုံးဘူး၊ သြဂဲနစ် စိုက်တာ။

အခုဆိုရင် တစ်လကို သြဂဲနစ် ဟင်းသီးဟင်းရွက် ၂ တန်လောက် ထွက်နေပြီ။ ရီယိုဒီဂျနေးရိုးမြို့ အစိုးရအဖွဲ့ကလည်း ရပ်ရွာအခြေပြုစိုက်ခင်း ၅၀ အထိ တိုးချဲ့တယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး ဟင်းသီးဟင်းရွက်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြန်လည်ရောင်းချပေးနိုင်နေပါပြီ။

Ref: Brazil's flourishing community gardens