Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့ စမတ်ဖုန်းတင်ပို့မှုမှာ Samsung က နံပါတ်တစ် နေရာ ရောက်သွားပြန်ပါပြီ
2024 Q1 မှာ Samsung အနေနဲ့ စမတ်ဖုန်းပေါင်း သန်း ၆၀ ကျော်တင်ပို့နိုင်ခဲ့ပြီး Market Share 21% နီးပါး အထိရခဲ့တာပါ
ဒီ List ကို သေချာကြည့်ရင် ထူးခြားတာတွေ ထပ်တွေ့ပါမယ် Apple နဲ့ Samsung တို့က ထိပ်ဆုံး နေရာတွေကို ယူထားနိုင်သေးတယ်ဆိုပေမဲ့ မနှစ်က Q1 2023 နဲ့ယှဉ်မယ်ဆိုရင် စမတ်ဖုန်း တင်ပို့မှုက ပိုနည်းပါတယ် Samsung က 0.4 Million ပိုနည်းပေမဲ့ Apple ကတော့ 5 Million နီးပါး ပိုနည်းသွားတာပါ OPPO ကတော့ အငြိမ်လေးပဲ
ဒီမှာဆက်ပြောစရာရှိလာတာက နောက်ထပ် Company တွေပဲ
xioami ဆိုရင် 10 သန်းကျော် ထပ်များလာတယ်
Transsion ဆိုတဲ့ (Tecno / Infinix/ Itel) ဆိုရင် 15.4 Million ကနေ 28.5 Million ဆိုတော့ ကာ YOY Changes မှာ 84.9 % အထိ ဖြစ်သွားခဲ့တာပါပဲ
တစ်ခုတော့ရှိမယ် Company 3 ခုပေါင်းဖြစ်နေတာ့ အသေးစိတ်ဒေတာကိုတော့မသိရဘူး Transsion ကို ခနဖယ်ထားရင်တောင် ဒုတိယ အကြမ်းဆုံးက ၁၄ နှစ်သက်တမ်းပဲရှိသေးတဲ့ xiaomi ဖြစ်နေတာပါ
သုံးသပ်ရရင် ဖုန်းလောကအတွက် Major Player တွေက နေရာတစ်ခုရနေသေးတယ်ဆိုပေမဲ့ နောက်ထပ် နေရာ ထပ်ရဖို့ ကြိုးစားနေတဲ့ Company တွေရဲ့ တိုးတက်မှုကလဲ လျှော့တွက်ထားလို့မရဘူးဆိုတာပါပဲ
အလန်ရှီယားရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)အကောင်းဆုံးအသင်း
အလန်ရှီယားရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)အကောင်းဆုံးအသင်းတွင် ဂိုးသမား ဟန်ဒါဆန်၊နောက်တန်းတွင် ဒီယေဂို ကားလို့စ်၊ရှယ်လ်၊မက်ချယ်လ်၊ကွင်းလယ်တွင် ဝေါ်လ်တန်၊ဖာနန်ဒတ်စ်၊ပရဲရား၊ပါးလ်မား၊တိုက်စစ်တွင် ကူညာ၊ဆီဆက်ခ်၊အက်လ်ဇေး တို့ပါဝင်လာသည်။နည်းပြအဖြစ် အမ်းမရိတ်မှာ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ စပိန်နည်းပြ အူနိုင်း အမ်မရီ ကိုရွေးချယ်ထားသည်။