17 ပတ် - ဘာသာပြန်ပါ။

စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၆)
Nyi အမြဲပြောနေကျ စကားတခုရှိတယ် 'ပေါ ချောင် ကောင်း ဆိုတာ မရှိဘူး၊ အဖိုးနည်းအိုးကွဲ' မလို့ စျေးချိုချိုချောင်ချောင်တွေ သုံးမယ့်အစား မသုံးဘဲနေတာက ပိုပြီးကောင်းတယ်လို့နော်။ ဒါပေမဲ့ ဒီ cleanser 2ခုကတော့ ချွင်းချက်လို့ ပြောရမယ်။ Nyi ဒီမျက်နှာသစ် 2ခုကို စျေးကွက်ထဲမှာ မြင်နေတာ ကြာပါပြီ။ ဒါပေမဲ့ စျေးနှုန်းက တသောင်းစွန်းစွန်းဆိုတော့ မစွံလောက်ပါဘူးလို့တွေးပြီး မစမ်းဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ 2ပတ်လောက်ကမှ Nyi ဒါလေးကို affordable ဖြစ်လို့ Nyi’s Pick မှာတင်ချင်တယ် ဒါပေမဲ့ အရင်ဆုံး try ကြည့်ပြီး အဆင်ပြေမှ ကိုယ့်လူတွေကို ညွှန်းမယ်ဆိုပြီး စသုံးဖြစ်ပါတယ်။
သုံးကြည့်ပြီးပြီးချင်း ခံစားချက်ကတော့ 'အရမ်းကိုကောင်းတာပဲ ငါဘာလို့စောစောမသုံးမိပါလိမ့် တချို့ 3,4သောင်းတန် cleanser တွေထက်တောင် ဒါလေးက ထိမိနေသေးတယ်' လို့ စိတ်ထဲမှာတွေးမိတယ်။ သူက Nyi ညွှန်းဖူးတဲ့ Hatomugi cleansing oil အကိတ်ကြီးထုတ်တဲ့ REIHAKU ကပါ။ အသားခြောက်တဲ့သူတွေအတွက် Hatomugi The Facial Foam အဖြူဗူးနဲ့ အဆီပြန်တဲ့သူတွေအတွက် Hatomugi The Medicated Facial Foam အပြာဗူး ဆိုပြီး ထွက်ထားတယ်ပေါ့နော်။ သုံးရသလောက် မျက်နှာသစ် 2ခုလုံးက impress ဖြစ်စရာပါ။ Nyi အမြင်ကို ပွင့်ပွင့်လင်းလင်း ဝေမျှသွားပါမယ်။
▪️အသားခြောက်တဲ့သူအတွက် အဖြူဗူးလေးကနေ စပြောမယ်နော်။ အသားခြောက်တဲ့သူအတွက်သာဆိုပေမယ့် အမှန်တော့ ဒီအဖြူဗူးလေးက All skin types သုံးလို့အဆင်ပြေပါတယ်။ အထူးသဖြင့် မျက်နှာသစ်ပြီးရင် အသားကစိုစိုလေးကျန်ချင်တဲ့သူတွေအတွက်ပေါ့နော်။ Hydrating & Moisturizing အတွက် Glycerin, Cetyl alcohol, Coix seed extract, Butylene glycol, Aloe leaf extract, Sodium hyaluronate, Arginine, Dipotassium glycyrrhizate, Camellia japonica seed oil တို့ ပါဝင်တယ်။ Budget cleanser တခုအတွက် ဂုဏ်ထူးမှတ်ထွက်တဲ့ ingredients list ပါပဲ။ အမွှေးနံ့ထည့်ထားလို့ ပန်းအနံ့သင်းသင်းလေးထွက်တယ်။ Texture က creamy type မျိုး နဲနဲထည့်ရုံနဲ့ အမြုပ်သေချာထွက်တယ် dense ဖြစ်တယ်။ အမြုပ်ကောင်းကောင်းထွက်မှ သစ်ရတာအားရတဲ့သူတွေနဲ့ အဆင်ပြေတယ်ပေါ့နော်။ နောက်ပြီး Deep cleansing အထိုက်အလျောက်ဖြစ်တာကိုလဲ တွေ့ရပါတယ်။ ဒါပေမဲ့ အသားတော့ခြောက်မသွားဘူး စိုစိုအိအိလေးကျန်ခဲ့တယ်။ အသားခြောက်တဲ့သူတွေတင်မဟုတ်ဘဲ အဆီပြန်လိုက် အသားခြောက်လိုက်ဖြစ်နေတဲ့သူတွေလဲ ကိုယ်က double cleansing နဲ့တွဲသုံးမှာမလို့ နဲနဲလေးနူးညံ့တာမျိုး သုံးချင်တယ်ဆိုရင် ဒါလေးရွေးလို့ရပါတယ်။
▪️အဆီပြန်တဲ့သူအတွက် အပြာဗူးလေးကတော့ medicated လို့ သုံးနှုန်းထားတဲ့အတိုင်း တကယ်လဲ skin concern တွေထိပါ ဖြေရှင်းပေးနိုင်တယ်။ သူ့မှာက အဖြူဗူးမှာပါတဲ့ ingredients တွေ တော်တော်များများ ပြန်ပါတယ်။ Chinese plant extracts တွေရယ် Ceramide NP, Squalane ရယ် Amino acids & Minerals တွေပါဝင်လာတာ တွေ့ရပါတယ်။ အမြုပ်ထွက်အားက အဖြူဗူးထက်ကို ပိုပြီးကောင်းတယ် dense ပိုဖြစ်တယ်။ အားနည်းချက်တခု ရှိပါတယ်၊ cleansers 2ခုလုံးပေါ့နော်။ မျက်လုံးထဲဝင်ရင် စပ်လို့ မျက်စိသေချာမှိတ်ပြီး သစ်ပါလို့ အကြံပေးပါရစေ။ ဒါပေမဲ့ နူးညံ့တဲ့ခံစားချက်ကိုတော့ ရပါတယ်။ Nyi က ဒီအပြာဗူးကို စမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောရင် အတော်လေးလန့်တယ်။ Acne cleanser ဆိုတော့လေ ပြင်းမလားပေါ့နော်။ အတွေးနဲ့လက်တွေ့ တခြားစီပါပဲ။ Double cleansing နဲ့တွဲသုံးတာတောင် အသားလုံးဝခြောက်မသွားဘူး။ ပြောင်ရှင်းထွက်ပြီး စိုစိုလေးနေတယ်။ နှစ်ပတ်ကျော်သုံးပြီးတဲ့အခါ မျက်နှာက မွတ်ထွတ်ချောမွေ့နေရောပဲ။ Skin texture အတွက် အရမ်းအကျိုးရှိပါတယ်။ Medicated cleanser ဆိုပေမဲ့ ဝက်ခြံအဆီဖုရှိမှမဟုတ်ဘူး။ အဖုမထွက်ခင် ကာကွယ်ဖို့၊ ဆားဝက်ခြံနဲ့ ချွေးပေါက်ကျယ်တာ သက်သာဖို့ အဆီပြန်တဲ့သူတိုင်း သုံးနိုင်ပါတယ်နော်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် ထင်မှတ်မထားဘဲ အတော်လေးကောင်းနေတဲ့ Budget save cleansers 2ခုပါ။ တချို့သော 3,4သောင်းတန် မျက်နှာသစ်တွေထက်တောင် Nyi စိတ်တိုင်းကျမိပါတယ်။ အဖြူဗူးလေးက All skin types သုံးနိုင်ပြီး အပြာဗူးလေးက Oily, Combination, Normal skin တွေ သုံးနိုင်ပါတယ်။ စျေးသက်သာပြီး သုံးလို့ကောင်းတဲ့မျက်နှာသစ်လေး ညွှန်ပါအုံးဆိုပြီး မေးနေကြတဲ့သူတွေ Nyi ကိုယုံပြီး ရဲရဲကြီးသာ ရွေးလိုက်တော့နော် မမှားစေရပါဘူးဗျ။
ဘယ်ကဝယ်လဲဆို Nyi ကတော့ Japan ပစ္စည်းစစ်စစ်ကို 🛒 Nyi’s Pick ကနေ သုံးပါတယ်ခင်ဗျာ။
#budgetskincareseries
#reviewbynyi #nyipick #nyipickcleanser

#crd

image

17 ပတ် - ဘာသာပြန်ပါ။

မိမိတို့ဆော့တာပဲကောင်းသောအခါ?
🤣

cute

17 ပတ် - ဘာသာပြန်ပါ။

Light Shop (2024)
--------------------
အပိုင်းသစ် (၁ မှ ၈) စ/ဆုံး
အမှောင်ထုကြီးစိုးရာ လမ်းကြားလေးတစ်ခုထဲက ရှေးဟောင်းမီးဆိုင်းတွေ၊
မီးလုံးတွေကို ရောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် မီးဆိုင်လေးတစ်ဆိုင်။
ဆိုင်ပိုင်ရှင်ဟာလည်း ထူးဆန်းသလို လာရောက်ကြတဲ့ ဧည့်သည်တွေဟာလည်း
သာမန်မဟုတ်ပါဘူး။
ဆိုးရွားတဲ့အတိတ်ကြောင့် ပစ္စုပန်မှာ ခက်ခဲပင်ပန်းနေတဲ့ လူတွေဟာ နိစ္စဓူဝဘဝမှာ
ရှင်သန်ရင်း ထူးဆန်းစွာနဲ့ပဲ ဒီမီးဆိုင်ဆီကို ရောက်လာခဲ့ကြတယ်။
သေခြင်းတရားနဲ့ ရှင်ခြင်းတရား စပ်ကြားမှာရှိတဲ့ ဒီနေရာကို မျက်စိမှောက်
လမ်းမှားလာကြတဲ့သူတွေဟာ အလင်းကို ရှာနေကြသူများလို့ပြောရင် မမှားဘူးပေါ့။
မျက်မှန်နက်ကြီးတစ်လက်နဲ့ မီးဆိုင်ကိုစောင့်ကြပ်တဲ့ ဆိုင်ပိုင်ရှင်ကရော ဒီလူသားတွေ
ရှာဖွေနေတဲ့ အဖြေကို ပေးနိုင်ပါ့မလား..။
ဒီထူးဆန်းလှတဲ့ မီးဆိုင်ကို သူကရော ဘယ်လိုရောက်လာတာလဲ…။

Along with the Gods, Kingdom စတဲ့ နာမည်ကြီး fantasy ကားတွေအပါအဝင်
ယခုထွက်ရှိနေတဲ့ အချစ်ဟာသကားလေး Love Your Enemy မှာ ပါဝင်ထားတဲ့
မင်းသားကြီး ဂျူဂျီဟွန်းနဲ့ Strong Woman Do Bong Soon, Oh My Ghost စတဲ့
သဘာဝလွန် ဇာတ်လမ်းတွေရဲ့ ချစ်စရာမင်းသမီး ဘတ်ဘိုယောင်းတို့
ခေါင်းဆောင်ပါဝင်ထားတဲ့အပြင် Moving ရုပ်ရှင် ဖန်တီးသူများရဲ့ လက်ရာသစ်ဖြစ်တာမို့
ဒီဇာတ်လမ်းဟာ ပြောစရာမလိုလောက်အောင် မိမိုက်နေမယ်ဆိုတာ အာမခံပါတယ်။
#crd

image
17 ပတ် - ဘာသာပြန်ပါ။

Snoop Dogg ရဲ့ ခုရက်ပိုင်းတင် ထွက်ထားတဲ့ Missionary အယ်လ်ဘမ် ကို Slim Shady မှ ကြော်ငြာပေးခြင်း ?…
Rap God ကြီးရဲ့ ဂေါ်ချက် 🤣

17 ပတ် - ဘာသာပြန်ပါ။

အဲဗာတန်နှင့် သရေရလဒ်အပေါ် ကျေနပ်ဟု ချဲလ်ဆီးနည်းပြ မာရက်စ်ကာ ပြော

အဲဗာတန်နဲ့ သရေရလဒ်အပေါ် ကျေနပ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ အနိုင် ၃ မှတ်ရမယ်ဆိုရင် လီဗာပူးပွဲ မကစားခင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နိုင်မှာဖြစ်ပေမဲ့ သရေကျခဲ့လို့ ဒီအခွင့်အရေး မရခဲ့ပါဘူး။

အဲဗာတန်အသင်းက ထိပ်တန်းအဆင့် ခံစစ်စွမ်းဆောင်ရည် ပိုင်ဆိုင်ထားပြီး ဥရောပလိဂ်တွေထဲမှာ ပေးဂိုးမရှိတဲ့ ပွဲအများဆုံးအသင်းတသင်း ဖြစ်တာကြောင့် သရေရလဒ်အပေါ် ကျေနပ်ကြောင်း နည်းပြ မာရက်စ်ကာက ပြောသွားတာပါ။

ချဲလ်ဆီးဟာ ပွဲစဉ် ၁၇ အပြီးမှာ လီဗာပူးထက် တပွဲပို ကစားထားပြီး ၄ မှတ် အကွာနဲ့ နောက်က လိုက်နေပါတယ်။
DVB

image
17 ပတ် - ဘာသာပြန်ပါ။

haha သူများယောင် လိုက်ယောင်
အဲလိုသာဆို ငါပဲ အမြဲရှင်းနေရမှာ

17 ပတ် - ဘာသာပြန်ပါ။

ဟာ ဆရာကြီး ?
ဒေါ်လာ ၅၀ နဲ့ စီးကရက် တဗူး တောင်ရင်းလိုက်ရတာ