ကုန်းဘောင်ကြီးကြော်
*********************
ဒီတစ်ခါတော့ ကုန်းဘောင်ကြီးကြော်ကို
ပါဝင်ပစ္စည်း အနည်းငယ်နဲ့
ရိုးရိုးရှင်းရှင်းလေး ကြော်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်။

ပထမဦးဆုံး မိမိထည့်မည့်
အသီး အနှံလေးများကို လှီးချွတ်ထားပါ။

ရေနွေးတည်ပီး ပွက်ပွက်ဆူလာရင်
အသီးအနှံလေးများကို ချက်ချင်းထည့်မွှေပီး
ချက်ချင်း ပြန်ဆယ်ယူထားပါ။

ကြက်သားကို အတုံးတုံးပီး
ဆား,သကြား, ဂျုံမှုန့်နဲ့နယ်ပီး
ဆီပူထဲ ထည့်၍ နီရဲလာအောင်ကြော်ပြီးရင်
ဆီတွေကို အနည်းငယ် ချန်ထားပီး ခပ်ထုတ်လိုက်ပါ။

ပီးရင် မြစ်သားကြက်သွန်နီ ဥလေးကို
နှစ်ခြမ်းခြမ်းပီး ထည့်
ပဲငံပြာရည်လေးထည့်ပြီး ၁ မိနစ်ခန့် မွှေလိုက်ပါ။

ပြီးတာနဲ့ အသီးအရွက်လေးများထည့်မွှေပြီးရင်
ဂျင်းချောင်း, ငရုတ်ကောင်း,
အရသာမှုန့်, သကြား , ဆား ထည့်မွှေလိုက်ပါ။

၁ မိနစ်ခန့်မွှေပြီးတာနဲ့ အိုးချစားသုံးနိုင်ပါပြီ။

________________________________________________

မှတ်ချက်
**********
ဒါက မိမိအိမ်မှာ ခရုဆီ, နှမ်းဆီ နဲ့
ပဲငံပြာရည်အကြည် အလွယ်တကူမရှိရင်
ဒီနည်းနဲ့ အလွယ်တကူပဲ ကြော်စားနိုင်ပါတယ်။

ခရုဆီ, နှမ်းဆီလေး, ပဲငံပြာရည်အကြည်လေးပါရင်တော့
ပိုပြီး ပြည့်စုံစေမှာပါ။

အသီးအရွက်ကတော့ ရေနွေးပူထဲ ချက်ချင်းထည့်မွှေ
ချက်ချင်းဆယ်ယူထားပြီးသားမို့
အသားနဲ့ ရောကြော်ရင် တစ်မိနစ်ခန့်မွှေပေးရုံနဲ့ရပါပြီ။

ဒါမှ အသီး အရွက် ကျွတ်ကျွတ်လေးနဲ့
စားကောင်းစေမှာပါ။

image
17 w - Translate

ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ် ။
ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်း
ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်...
နာကျင်စရာ ကိစ္စတွေကိုလည်း
ငါ့ကိုယ်ငါ ထွေးပွေ့ရင်း ရင်ဆိုင်နိုင်ခဲ့တယ်...

မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ
ဝေဝါးနေလည်း အားမလျော့ဘူး ။
ပြိုလဲစေချင်ကြတဲ့ လူတချို့
လက်လျော့ရလောက်တဲ့အထိ
ငါဟာ သန်မာနေခဲ့တယ် ။

ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ
သေးငယ်တဲ့ အလင်းရောင်ကအစ
ငါ ရှာဖွေနေဦးမှာပဲ...
ပင်ပန်းလွန်းရင် ခဏတာငိုပြီး
ခေါင်းပြန်မော့နေဦးမှာပဲ
လဲကျဖို့ ငါ့ကိုယ်ငါ ခွင့်မပြုသရွေ့
ငါဟာ အမြဲသန်မာနေဦးမှာပဲ ။ ။

image
17 w - Translate

🤍

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

image
17 w - Translate

I can't resist this beauty 💖

imageimage
+4