14 w - Translate

တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်ရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိတဲ့ (Fanjingshan) ဖန်ကျင့်ရှန်း ဟာ သဘာဝရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဘာသာရေးဆိုင်ရာ အထွတ် အမြတ်ထားမှုတို့ ပေါင်းစပ်နေတဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။
Wuling တောင်တန်းတွေရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ Fanjingshan ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၅၇၂ မီတာ (၈,၄၃၈ ပေ) မြင့်ပြီး ထူးခြားဆန်းပြားတဲ့ ဘူမိသွင်ပြင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကြောင့် ကျော်ကြားပါတယ်။
Fanjingshan ရဲ့ အထင်ရှားဆုံးအသွင်အပြင်ကတော့ Red Clouds Golden Summit လို့ခေါ်တဲ့ ကျောက်ဆောင်ထိပ်နှစ်ခုပါ။ ဒီကျောက်ဆောင်ထိပ်နှစ်ခုဟာ မတ်စောက်ပြီး အမြင့်ကြီးတွေဖြစ်ကြပြီး တောင်ကြားတစ်ခုရဲ့ ဟိုဘက်ဒီဘက်မှာ တည်ရှိနေကြတာပါ။
ကျောက်ဆောင်ထိပ်နှစ်ခုကို တံတားလေးတစ်ခုနဲ့ ဆက်သွယ်ထားပြီး အဲဒီအပေါ်မှာ ဘုရားကျောင်းငယ်လေးတွေ တည်ရှိပါတယ်။
ကျောက်ဆောင်ထိပ်တွေကို ရစ်ခွေတက်သွားတဲ့ လှေကားထစ်တွေဟာလည်း စိန်ခေါ်မှုတစ်ခုဖြစ်သလို၊ လှပတဲ့ရှုခင်းတွေကို ခံစားဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
Fanjingshan ဟာ ရှားပါးပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေရဲ့ ခိုလှုံရာလည်း ဖြစ်ပါတယ်။ ဒီတောင်တန်းတွေမှာ Guizhou ရွှေမျောက် (golden monkey)၊ တရုတ်သစ်နက် (Chinese giant salamander) နဲ့ Fanjingshan ထင်းရှူးပင် (fir) အပါအဝင် မျိုးစိတ်ပေါင်းများစွာ ရှင်သန်နေထိုင်‌ ပေါက် ရောက်ကြပါတယ်။
ဒါ့ကြောင့်လည်း Fanjingshan ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၈၆ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။
Fanjingshan ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တောင်တန်းတွေပေါ်မှာ ဘုရားကျောင်းတွေ၊ ဘုရားစေတီတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အများအပြားရှိပြီး နှစ်ပေါင်းရာနဲ့ချီတဲ့ သမိုင်းကြောင်းရှိပါတယ်။
Fanjingshan ကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ကေဘယ်ကား (cable car) စီးပြီး တောင်ပေါ်တက်နိုင်သလို၊ လှေကားထစ်တွေကနေ ခြေလျင်တက်ပြီး သဘာဝရဲ့အလှတရားကို အပြည့်အဝခံစားနိုင်ပါတယ်။
#knowledgezone

image