15 w - Translate

ပို့ကုန်/သွင်းကုန်များအ‌ပေါ် ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်

ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ကောက်ခံရာမှာ ဗဟိုဘဏ်ကနေ့စဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ကောက်ခံရာကနေ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ရက်ကစပြီး ဈေးကွက်ငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ၂၇ရက်မှာ ကြေညာပါတယ်။

အခွန်စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့် ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုလည်း အကောက်ခွန်ဦးစီးဌာနရဲ့ Website၊ Facebook Pageတွေမှာ အပတ်စဉ်ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြစ်ပြီး ဒီဇင်ဘာ၂၇ရက်မှာ ဗဟိုဘဏ်က FX Market Online Platformကတစ်ဆင့် ထုတ်‌ရောင်းပေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၃၅၈၈ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။

Read More
image

အန်တိုနီကို ခေါ်ယူဖို့ ကလပ်အများအပြား စိတ်ဝင်စား

ဒီဇင်ဘာ ၂၈

ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ ကလပ် အများအပြားက စိတ်ဝင်စားနေတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

ပက်ဒရိုဆိုက “ဇန်နဝါရီမှာ အန်တိုနီရဲ့ အပြောင်းအရွှေ့အတွက် ကလပ်အများအပြားက ကျနော်တို့ကို ချဉ်းကပ် ခဲ့ပါတယ်။ ဒီကလပ်တွေက အန်တိုနီရဲ့ အခြေအနေကို နားလည်ချင်နေကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ အန်တိုနီကို ခိုင်မာတဲ့ စိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ကျနော် အတည်ပြုနိုင်ပါတယ်။ ယူနိုက်တက်အသင်းဘက် ကတော့ အန်တိုနီကို ရောင်းချဖို့ ဒါမှမဟုတ် အငှားချဖို့ ဘယ်လိုစိတ်ဝင်စားမှုကိုမှ ပြခဲ့ခြင်းမရှိဘူး”လို့ GiveMe Sport ကိုပြောခဲ့တာပါ။

၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က အေဂျက်စ်အသင်းကနေ ပေါင် ၈၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ၂ ရာသီခွဲအတွင်း ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ နည်းပြသစ် အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီအချိန်မှာ အန်တိုနီရဲ့အေးဂျင့်က သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ ကလပ်အသင်း အများအပြားက စိတ်ဝင်စား နေကြတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အန်တိုနီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

အန်တိုနီရဲ့အေးဂျင့်ကတော့ ကစားသမားဟာ လာမယ့် အပြောင်းအရွှေ့မှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိနိုင်တယ်လို့ အရိပ်အမြွက်ပြောထားတာပါ။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒီနေးက ယူနိုက်တက်အသင်း အနေနဲ့ အန်တိုနီကို ထွက်ခွာခွင့် ပေးသင့်တယ်လို့ စပါးအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်က စွမ်းဆောင်ရည်အပေါ် သုံးသပ်ထားပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီး ကတည်းက ပွဲပေါင်း ၉၃ ပွဲကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

ပုံ - အန်တိုနီကို တွေ့ရစဉ်

#centralnewsnaypyitaw

Read More
image
15 w - Translate

ရက်ပိုင်းလောက်ပဲကျန်တော့တာ နားလိုက်ဦးမယ်
၂၀၂၅ က စပြီး တကယ်ကြို:စာ:ပြီ

image
15 w - Translate

💅

image
15 w - Translate

💅

image
15 w - Translate

💅

image
15 w - Translate

💅

image
15 w - Translate

💅

image
15 w - Translate

💅

image
15 w - Translate

💅

image