#နိုင်ငံတကာသတင်း
◼နှစ်နိုင်ငံတပ်ဖွဲ့များကြား ပူးဆောင်ဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန် နှင့် သီရိလင်္ကာသဘောတူ
နှစ်နိုင်ငံကာကွယ်ရေးတပ်ဖွဲ့မျာကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် နှင့် အထူးသဖြင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး အာရုံစိုက်သွားကြရန် ဂျပန်နှင့် သီရိလင်္ကာတို့က သဘောတူခဲ့ကြသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီ သည် အင်္ဂါနေ့အထိ သီရိလင်္ကာနှင့် အိန္ဒိယသို့ အလည်အပတ်ခရီး သွားရောက်နေပြီး ယမန်နေ့က သီရိလင်္ကာလက်ထောက် ကာကွယ်‌ရေးဝန်ကြီး အရူနာဂျာယာဆီကာရာ နှင့် တွေ့ဆုံခဲ့သည်။
ဂျပန် နှင့် သီရိလင်္ကာနိုင်ငံတို့ က ရေကြောင်းလုပ်ငန်းအဓိကထားသော နိုင်ငံများဖြစ်ပြီး တရားဥပဒေစိုးမိုးနှင့် ဒီမိုကရေစီကို တန်ဖိုးထားမှု တူညီသောနိုင်ငံများ ဖြစ်ကြောင်း နာကာတာနီ က ပြောကြားသည်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းသည် ဒေသဖွံ့ဖြို့တိုးတက်ရေးအတွက် မရှိမဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း လုပ်ငန်းစဉ်များတွင် ပင်လယ်ပြင်ဥပဒေနှင့် ပတ်သက်၍ ဂျပန်ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောဆွေးနွေးပွဲ လည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ၏ လေ့ကျင့်မှုများတွင် ပါဝင်ရန် သီရိလင်္ကာတပ်ဖွဲ့များအား ဖိတ်ကြားသွားရန်လည်း ဂျပန်က စီစဉ်ထားသည်။
တရုတ် က ဆိပ်ကမ်းကြီးများ ကူညီတည်ဆောက်‌‌ပေးရင်း သီရိလင်္ကာအပေါ် ဩဇာလွှမ်းမိုးမှုကို ခိုင်မာအောင်လုပ်ဆောင်နေခြင်းကို သိရှိထားပြီးနောက်လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသ ဖြစ်ပေါ်လာရေးအတွက် အရေးကြီးကြောင်း ဂျပန်ကာကွယ်‌ရေးဝန်ကြီးက ထောက်ပြခဲ့သည်။
နှစ်နိုင်ငံတပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို နာကာတာနီ နှင့် ဂျာယာဆီကာရာ တို့က သဘောတူခဲ့ကြသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးသည် ယင်းနေ့မှာပင် သီရိလင်္ကာဝန်ကြီးချုပ် ဟာရီနီ အမာရာဆူရီယာနှင့်လည်း တွေ့ဆုံခဲ့ကာ ဒေသတွင်း တည်ငြိမ်မှုနှင့်သာယာဝပြောမှုအတွက် နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဖက် သဘောတူခဲ့ကြသည်။
သတင်း-ရဲမင်း
ကိုးကား-NHK

image
9 w - Translate

#ပြည်တွင်းသတင်း
◼မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားယာယီပြင်ဆင်ပြီး၍ ကားများဖြတ်သန်းခွင့်ပြုဟုဆို
မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားအား ယာယီပြင်ဆင်ပြီးနောက် ကားများကို ယမန်နေ့(မေ ၄ ရက်) ညနေပိုင်းမှစတင်ကာ ပြန်လည် ဖြတ်သန်းခွင့်ပြုထားကြောင်း သထုံမြို့မှကုန်ကားမောင်းသူတစ်ဦးကပြောသည်။
မော်လမြိုင်-သထုံ-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားသည် မေလ ၃ ရက်၊ ည ၉ နာရီ ၁၁ မိနစ်ခန့်တွင်‌မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် တံတားပြိုကျပျက်စီးခဲ့ကာ ကုန်ကားများ နှင့် Express ကားများဖြတ်သန်းခွင့်မရဘဲ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။
"ကျွန်တော်တို့က မော်လမြိုင်ဘက်ကိုသွားမှာပါ။ တံတားမိုင်ခွဲခံရတာကိုမသိဘူး။ အဲဒီနားရောက်မှ ကားတွေပိတ်နေလို့ ဘာဖြစ်တာလဲလို့ဆင်ကြည့်မှ တံတားမိုင်ခွဲခံရတာသိတယ်။ ဒါပေမယ့် အဲဒီက တာဝန်ရှိသူတွေက မြေတွေဖို့နေတယ်ဆိုတော့ ဆက်စောင့်ခဲ့တာ မနေ့ကညနေ ၅ နာရီကျော်မှာစပြီးဖြတ်သန်းခွင့်ပေးပါတယ်" ဟု သထုံမြို့မှ ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားနေရာကို ယာယီဖြတ်သန်းနိုင်ရန် ဒေသခံများကမြေဖို့ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပြီး ခရီးသွားလာသူများအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးတို့အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - CJ

image
9 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် အကြောင်းမဲ့အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၀ ကျော်အတွက် နစ်နာကြေးဘတ်ငါးသိန်းကျော် ပြန်ရ
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေးဘတ်ငါးသိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHACမဟာမိတ်အဖွဲ့မှ သိရသည်။
အဆိုပါစက်ရုံတွင် တိုင်ကြားခဲ့သည့် အလုပ်သမား ၇၃ ဦးအနက် အလုပ်သမား ၄၁ ဦးသည်မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး ၃၂ ဦးမှာ စက်ရုံသူဌေးကအကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းစက်ရုံမှအလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီဆဝါဒီကန်ရုံး (အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့် စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် အလုပ်သမားများ၏ ဗီစာ/ပါမစ်သက်တမ်းတိုး နိမ်း လစ်စာရွက်၊ စာရွက်စာတမ်းများနှင့် အလုပ်ပြောင်းစာ ဘိုင်ကျန့်အော့ အပါအဝင် စာရွက်စာတမ်းအားလုံးကိုလည်း စက်ရုံသူဌေးက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိလူကြီးများရှေ့တွင် အလုပ်ရှင်/အလုပ်သမား ကတိကဝတ်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အလုပ်သမား ၇၃ ဦးတွင် စာရွက်စာတမ်းမရသောအုပ်စုနှင့် အကြောင်းမဲ့အလုပ်ထုတ်ခံရသော အုပ်စုနှစ်စုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင် တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့အလုပ်ထုတ်ခံရသောအလုပ်သမား ၃၂ အဖွဲ့သည် နစ်နာကြေးတစ်ဦးလျှင် ၁၆၀၆၅ ဘတ်နှုန်းဖြင့် ၃၂ ဦးစာအတွက် စုစုပေါင်း ၅၁၄ဝ၈ဝ ဘတ် ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - MHAC

image
9 w - Translate

ရွှေတိဂုံစေတီတော်တွင် (၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
*****************
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့) နံနက် ၇ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါ ရွှေတိဂုံစေတီတော်၏ ကဆုန်ညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော် ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထို့ပြင် ဘုရားဖူးပြည်သူများ ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များတွင် လွယ်ကူစွာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ဝန်ထမ်းများက ကုသိုလ်ယူကူညီ ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

image
9 w - Translate

ပြန်လည်ပြုပြင်ပြီးသော ဗောဓိညောင်ပင်။

image

image

image
9 w - Translate

ပိုလန်နှင့် နယ်သာလန် ဝန်ကြီးချုပ်များမိန့်ခွန်း​ပြောစဥ် မီးခိုးဗုံးပစ်​ပေါက်ခံရ

နာဇီအုပ်စိုးမှု​အောက်မှ နယ်သာလန်လွတ်မြောက်သည့်နှစ်ပတ်လည်အခမ်းအနားတွင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်ဒ် တပ်စ် နှင့် နယ်သာလန်ဝန်ကြီးချုပ် ဒစ်ခ် စချုဖ်တိုမိန့်ခွန်း​ပြော​နေစဥ် မီးခိုးဗုံးဖြင့်ပစ်​ပေါက်ခံရ​ကြောင်းသိရသည်။

ဖြစ်စဉ်အပြီး လုံခြုံရေးတပ်ဖွဲများကပိုလန်ဝန်ကြီးချုပ်အား စင်မြင့်မှ အမြန်ခေါ်ထုတ်သွားသည်။ RMF24သတင်းဌာန ကဤဖြစ်ရပ်မစမီနယ်သာလန်ကာကွယ်ရေးဝန်ကြီး ၏ မိန့်ခွန်းအပြီးတွင် ပရိသတ်ထဲမှ ပါလက်စတိုင်းထောက်ခံသူများ၏ ကြွေးကြော်သံများထွက်​ပေါ်ခဲ့သည်ဟု​ပြောသည်။ဤဖြစ်ရပ်အတွက် လူများစွာထိန်းသိမ်းခံရ​ကြောင်းလည်းသတင်းရရှိသည်။

NOM

image
9 w - Translate

ပြင်ဦးလွင်မှာရွာတဲ့မိုးကြောင့် ရွာ၄ရွာဝန်းကျင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ မေလ ၄ ရက် ဒီနေ့မနက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် တောင်ကျရေတွေကျကာ ​အုန်းချော၊ ဆည်တော်၊ ဂိုက်တန်း၊ ဇီးပင်ကြီးရွာတွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တွေရေနစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြင်ဦးလွင် ၃၁ မိုင်၊ကျင်ဂနိုင်ပတ္တမြားရိပ်သာမှာလည်းရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း လက်ရှိမှာတော့ ရေကျနေပြီဖြစ်တယ်လို့သိရပါတယ်။
" မိုးများပြီး တောင်ကျရေတွေကျတော့ ရေကြီးတာပါ။အခုတော့ရေပြန်ကျသွားပါပြီ။တော်တော်နည်းသွားပါပြီ။တောင်ကျရေဆိုတော့အတက်မြနိသလိုအကျမြန်တယ်။ အခုသိရသလောက်တော့ လူထိခိုက်ပျက်စီးဘာညာမရှိပါဘူး။ဆည်တော်တို့ ဂိုက်တန်းတို့က ချောင်းဘေးရွာတွေဆိုတော့ရေဝင်တယ်။ " လို့ အုန်းချောဒေသခံကပြောပါတယ်။
ရေကြီးနစ်မြုပ်မှုဖြစ်ပွားချိန် ကြာမြင့်မှုမရှိတာကြောင့် လူထိခိုက်တာမျိုးမရှိပေမယ့် နေအိမ်နစ်မြုပ်ခံခဲ့ရတဲ့ ဒေသခံတွေမှာတော့ ပစ္စည်းအချို့ ရေနစ်မြုပ်ခံခဲ့ရတာကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်းသိရပါတယ်။
" တောင်ကျရေတွေ အရှိန်နဲ့စီးလာတော့ တချို့ဆို ပစ္စည်းတွေ အကုန်မရွှေ့လိုက်နိုင်တာမျိုးရှိနိုင်တယ်လေ။ ရေက လူတရပ်လောက်အထိ တက်ခဲ့တာဆိုတော့ လူလည်းလွတ်ရာရှောင်ရတဲ့အခြေအနေဆိုတော့ ပျက်စီးမှုကအနည်းနဲ့အများတော့ ရှိနိုင်ပါတယ်။ ခုတော့ရေက ပြန်ကျနေပါပြီ။" လို့ ပုသိမ်ကြီးဒေသခံကပြောပါတယ်။
ပြင်ဦးလွင်မှာ မနက် ၅ နာရီလောက်ကတည်းက မနက် ၉ နာရီလောက်အထိ မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ မိုးရွာသွန်းချိန်ကြာသလို မိုးရွာသွန်းမှုလည်းများတာကြောင့် တောင်ကျရေစီးဆင်းမှုများပြီး အနိမ့်ပိုင်းတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

image

ဟူသီသူပုန်များ ပစ်လွှတ်သည့် ဒုံးကျည်ကို အစ္စရေးလေကြောင်းရန် မကာကွယ်နိုင်ခဲ့
(နိုင်ငံတကာ) မေ ၅
လေကြောင်းရန်ကာကွယ်ရေးတွင် နာမည်ကြီးသည့် အစ္စရေးစစ်တပ်သည် ဟူသီသူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည်အား မကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါဒုံးကျည်မှာ အစ္စရေးနိုင်ငံ၏ အဓိကလေဆိပ်တစ်ခုဖြစ်သည့် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လေဆိပ်အားယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။

အစ္စရေးစစ်တပ်တာဝန်ရှိသူများက အဆိုပါဒုံးကျည်အား ၎င်းတို့၏ တာဝေးပစ် Arrow ကြားဖြတ်ဒုံးကျည်ဖြစ် ဟန့်တားပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါပစ်ခတ်မှု မအောင်မြင်သည့် အကြောင်းအရင်းကို တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

အစ္စရေးမြို့တော် တဲလ်အဗီလ်းအနီးတဝိုင်တွင် အမေရိကန်၏ အဆင့်မြင့် THAAD ဒုံးခွင်း ဒုံးစနစ်များလည်း ဖြန့်ကျက်ထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

ထို့အပြင် အစ္စရေး၏ နာမည်ကြီး Iron Dome လေကြောင်းကာကွယ်ရေးစနစ်လည်း နိုင်ငံအနှံ့အပြားတွင် ဖြန့်ကျက်ချထားပြီး အဆင့်မြင့်ကာကွယ်ရေးစနစ်များ ဖြန့်ကျက်ချထားသော်လည်း အဆိုပါဒုံးကျည်အား ကြားဖြတ်ဟန့်တားနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

image