14 w - Translate

Hair Style 😍

image
14 w - Translate

Hair Style 😍

imageimage
+4
14 w - Translate

ဆာဒီယိုမာနေး ‌မွေးဖွားခဲ့တဲ့ ဘမ်ဘလီ ရွာလေးဟာ ဆီနီဂေါရဲ့ ဝေးလံခေါင်သီတဲ့ ရွာဖြစ်ပြီး လူဦးရေက သောင်းဂဏန်းတောင်မှ မပြည့်ပါဘူး။

မာနေးဘောလုံးသမား မဖြစ်မီကတော့ ဆေးရုံ၊စာသင်ကျောင်း ၊ အင်တာနက် စတဲ့ စကားလုံးတွေက ရွာသားတွေနဲ့ ဘာမှ မပတ်သက်တဲ့ အရာတွေပါ။

ဓါတ်ဆီ နဲ့ လောင်စာဆီ ဆိုတာကလည်း ကျောမွဲ ရွာသားတွေအတွက် ရွှေထက် ရှားခဲ့တယ်။

စာတိုက် သေတ္တာတို့ ဘာတို့ ဆိုတာလည်း မြို့ပေါ်က ကြေးရတက်တွေရဲ့ အသုံးအဆောင်တွေ။ ရွာကျဥ်းကျဥ်းလေး ဆိုတာ စာတိုက်ကနေ ဆက်သွယ်ဖို့ မလိုတဲ့ အပယ်ခံ ဒေသ လေးပေါ့။

သို့သော် မာနေး ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ဘမ်ဘလီ ရွာလေးဟာ ကျေးရွာအဆင့်ကို ကျော်လွန်ပြီး အနီးအနားက ရွာတွေပါ အားထားရတဲ့ မြို့နယ်လေးတစ်ခု အဖြစ် ရောက်ရှိလာခဲ့ပြီ။

မြို့နယ်ဆိုတော့ မြို့နယ် အင်္ဂါရပ်တွေ ပိုင်ဆိုင်ထားပြီလားလို့တော့ တွေးမိကြမယ်။
ဟုတ်ပါတယ်...

ပေါင် ၄ သိန်းခွဲတန် ဆေးရုံ
ပေါင် ၂ သိန်းခွဲတန် ကျောင်း
4G Internet အခမဲ့
လောင်စာဆီ အရောင်းဆိုင်
စာတိုက်
ဘောလုံးအားကစားကွင်း

စတာတွေကို ဘမ်ဘလီ မြိုနယ်လေးဟာ ပိုင်ဆိုင်ထားပါပြီ။

ဒါ့အပြင် ဘမ်ဘလီ မှာ နေတဲ့ မိသားစု တစ်စုဆီဟာ တစ်လကို ယူရို ၇၀ ‌ထောက်ပံ့ကြေး ရနေပါတယ်။ (မြန်မာငွေ ၄ သိန်းနီးပါး )

ဒါတွေအားလုံးဟာ မာနေး ရဲ့ ‌ ဝင်ငွေနဲ့ ပံ့ပိုးထားတဲ့ အရာတွေပါ။

ရွာသားတွေကတော့ မာနေးဟာ သူတို့ရွာကို ကူညီဖို့အတွက် ကောင်းကင်ပေါ်ကနေ ရောက်လာတာလို့ ယုံကြည်နေကြတယ်။

မာနေး ကိုယ်တိုင်ကတော့ နောက်ဆုံးပေါ် ဇိမ်ခံအိမ်ကြီးတွေ၊ မြင်သူ ငေးရမယ့် ပြိုင်ကား အလန်းတွေ ထည်လဲ မစီးပဲ ရိုးရိုးသားသားပဲ နေထိုင်ပါတယ်။

မာနေးလို လူပုဂ္ဂိုလ် တစ်ယောက် ကောင်းစားလာတဲ့အခါမှာ သူ့ပတ်ဝန်းကျင်က လူပေါင်းများစွာရဲ့ ဘဝတွေ ကလည်း အဆပေါင်းများစွာ အဆင်ပြေလာကြတယ်။

သို့သော် ဝမ်းနည်းစရာ ‌ကောင်းတာက လောကကြီးမှာ ဆာဒီယိုမာနေးတွေ အများကြီး ရှိမနေတာပါပဲ။

image
14 w - Translate

😂😂

image

ငါးအသေးလေးတွေကိုဟင်းချက်တဲ့အခါ မကျေသွားစေဖို့
ချက်နည်းအပြည့်အစုံ 👇🏻👇🏻👇🏻

ရိုးရိုးငါးဟင်းချက်သလိုပါပဲ
ရေနဲနဲထည့်
အိုးလေးအသာလှုပ်လှုပ်ပေး
ကျေလွယ်ပါတယ်လို့ 😁


ငါးဟင်းချက်နည်း >>> ငါးတွေကိုဆနွင်းထည့်နယ်ပြီးခဏနှပ်ထား ကြက်သွန်နီရယ် ကြက်သွန်အဖြူရယ်ကိုအခွံခွားပြီးနုပ်နုပ်စင်း ခရမ်းချဥ်သီးလည်းနုပ်နုပ်စင်း
​အရင်ဆုံးကြက်သွန်ထည့်ပြီးဆီပူပူမှာဆီသတ် ဆနွင်းထည့် အရောင်လေးနီညိုသန်းလာခါနီးမှာခရမ်းချဥ်သီးထည့်ဆီသပ် ခရမ်းချဥ်သီးပျော့အိပြီးအတုံးတွေဖြစ်နေတာပျောက်ပြီဆိုငါးကိုထည့် ရေ ဆား အချိုမှုန့်ထည့်ပြီးချက်ပေးပါ
နံနံပင်လေးကတော့ကြိုက်တတ်ရင်ထည့် မွှေးနေရောဘဲ

image
14 w - Translate

A Tale of Legendary Libido
ဘီယာသောက်တဲ့ည တရေးနိုး 😁

image
14 w - Translate

ကုန်စျေးနှုန်းကြီးလို့ ဆပ်ပြာတောင်မထည့်တော့ဘူး

image
14 w - Translate

ကြီးလာမှပဲ စဥ်းစားတော့မယ်

image
14 w - Translate

ရေဘေးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများပြန်လည်ဖွင့်လှစ်
-----------------------------
နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရေဘေးကြောင့် ကျောင်းတွေ ယာယီ ပိတ်ထားခဲ့ရပြီး စက်တင်ဘာလ(၃၀)ရက်မှာ ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ပညာရေးမှူရုံးမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ အခြေခံပညာ ကျောင်းပေါင်း (၁၆၉) ကျောင်း ယာယီပိတ်ထားခဲ့ရတာပါ။ အဲဒီပိတ်ထားခဲ့ရတဲ့ ကျောင်း တွေထဲမှာ (၁၆၄)ကျောင်းက ပြန်လည်ဖွင့် လှစ်ကာ ပညာသင်ကြားနေကြပြီး ကျန်ရှိနေတဲ့ အခြေခံပညာကျောင်း (၅)ကျောင်းကတော့ စက်တင်ဘာ(၃၀) ရက်မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလမှာ ကျင်းပမယ့် ပထမနှစ်ဝက်စာမေးပွဲတွေကိုလည်း ပုံမှန်အတိုင်း ဖြေဆိုနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီး ရေဘေးသင့် ခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာအုပ်စာတမ်းတွေနဲ့ စာရေး ကိရိယာတွေကို ထောက်ပံ့ပေးအပ် ထားတယ်လို့ နေပြည်တော် ပညာရေးမှူရုံးက သိရပါတယ်။

image