ပိုလန်နှင့် နယ်သာလန် ဝန်ကြီးချုပ်များမိန့်ခွန်းပြောစဥ် မီးခိုးဗုံးပစ်ပေါက်ခံရ
နာဇီအုပ်စိုးမှုအောက်မှ နယ်သာလန်လွတ်မြောက်သည့်နှစ်ပတ်လည်အခမ်းအနားတွင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်ဒ် တပ်စ် နှင့် နယ်သာလန်ဝန်ကြီးချုပ် ဒစ်ခ် စချုဖ်တိုမိန့်ခွန်းပြောနေစဥ် မီးခိုးဗုံးဖြင့်ပစ်ပေါက်ခံရကြောင်းသိရသည်။
ဖြစ်စဉ်အပြီး လုံခြုံရေးတပ်ဖွဲများကပိုလန်ဝန်ကြီးချုပ်အား စင်မြင့်မှ အမြန်ခေါ်ထုတ်သွားသည်။ RMF24သတင်းဌာန ကဤဖြစ်ရပ်မစမီနယ်သာလန်ကာကွယ်ရေးဝန်ကြီး ၏ မိန့်ခွန်းအပြီးတွင် ပရိသတ်ထဲမှ ပါလက်စတိုင်းထောက်ခံသူများ၏ ကြွေးကြော်သံများထွက်ပေါ်ခဲ့သည်ဟုပြောသည်။ဤဖြစ်ရပ်အတွက် လူများစွာထိန်းသိမ်းခံရကြောင်းလည်းသတင်းရရှိသည်။
NOM
