ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။
#sone 🤍🌻
Crd
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။
#sone 🤍🌻
Crd
ကမ္ဘာကြီးအတွက် မင်းဟာလူတစ်ယောက်
ကိုယ့်အတွက်တော့ မင်းဟာ ကမ္ဘာကြီးပေါ့ ။
#to anyone
Right time မှာ Right person ကိုတွေ့တဲ့အခါ
သူ့ကိုစိုက်ကြည့်ပြီး "ဘာလို့အခုမှ ရောက်လာရတာလဲ" လို့အရင်မေးမယ် ။ ပြီးရင် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ မကောင်းတဲ့သူတွေအကြောင်း သူ့ကိုရင်ဖွင့်မယ် ။ ကိုယ့်အနားကို နောက်ကျမှရောက်လာခဲ့ပေမယ့် သူ့ကိုကျေးဇူးတင်ကြောင်း တဝကြီးပြောပြဦးမယ် ။ ချစ်ခြင်းမေတ္တာဟာ ဒါပါလားဆိုတာကို သူနဲ့အတူတူခံစားမယ် ။ တစ်နေ့နေ့မှာ...စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ကိုယ့်အနားရောက်လာမယ့်မင်းကို နွေးထွေးစွာနဲ့ ကိုယ်ဆီးကြိုနေပါ့မယ် ❤️ ။
#m e t
အေးအေးဆေးဆေးနေတက်ရုံကလွဲရင်
ကိုယ်ကချေမိုးနေတာမဟုတ်ပါဘူး
ရင်းနှီးတဲ့လူတချို့နဲ့ ပေါတောတောနေတက်ပေမယ့်
ကိုယ်က ရောချင်တိုင်းရောလို့ရတဲ့ လူမျိုးမဟုတ်ပြန်ဘူး။
ကိုယ်ကရှင်းတယ် သာလဲမပေါင်းသလို ညာလဲမစားဘူး
စိတ်မပါရင် ဘယ်သူနဲ့မှအရောအဝင်မလုပ်တတ်ဘူး
တခါတလေ အေးစက်တယ်၊ တိတ်ဆိတ်တယ်ဆိုတာက
မလိုတဲ့သူတွေအတွက်ပါဘဲ
မေတ္တာဖြစ်စေ၊ စေတနာဖြစ်စေ
ထိုက်တန်တဲ့လူတွေကိုဘဲ ပေးတာမို့
တကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ပြောနိုင်ပါတယ်။🖤
လူသားတစ်ဦးကို ရှာယူပါ။
ဘယ်လိုလူမျိုးလဲဆိုတော့ ဘဝမှာ
မင်းနဲ့တွေ့ခွင့်ရတာ၊ မင်းကိုပိုင်ဆိုင်ခွင့်ရတာကို
ပြုံးပြုံးကြီး ဂုဏ်ယူပြီးပြောတတ်တဲ့သူမျိုး။
လူတိုင်းဟာ သူ့ဟာနဲ့သူတန်ဖိုးရှိတယ်။
အချစ်ခံရဖို့ထိုက်တန်တယ်။
တခုပဲ ကိုယ့်တန်ဖိုးကို အသိအမှတ်မပြုတဲ့
လူသားနဲ့တွေ့ရင်တော့ ပျော်ရမှာထက်
ဝမ်းနည်းမှု၊ နာကျင်မှု၊ သိမ်ငယ်မှုတွေ
တသီတတန်းကြီး ခံစားရလိမ့်မယ်။
မင်းကိုဆုံးရှုံးရမှာ ကြောက်တဲ့သူကိုရွေးချယ်ပါ။
အဲ့လိုလူမျိုးကိုပဲ ချစ်ပါ၊ ရွေးချယ်ပါ၊ လက်တွဲပါ။
💭 || 20.9.2024