14 w - Translate

မက်မက်မောမော ဖြစ်ခဲ့ရသမျှတွေ
အကုန် လွှတ်ချ ပြီးတဲ့နောက်
အရာရာဟာ မခက်ခဲတော့ဘူး
ပေါ့ပါးသွားတာလား အဓိပ္ပာယ်မဲ့သွားတာလား
မသဲကွဲပေမယ့်
ဘာကိုမှ မဖမ်းဆုပ်နိုင်မှန်း သိတဲ့အခါ
လွှတ်ချခြင်းကသာ တစ်ခုတည်းသော
ရွေးချယ်စရာပဲ မဟုတ်ဘူးလား
သေချာတာကတော့ တစ်ကယ်ပင်ပန်းခဲ့ပါတယ်

- Lionel Sn -
#crd #crdphoto

image
14 w - Translate

လူတွေကပျော်နေရင်
သူတို့ချစ်တဲ့သူကို သတိရပြီး
ဝမ်းနည်းနေရင်တော့
သူတို့ကိုချစ်တဲ့လူကို သတိရကြတယ်တဲ့။

💭 || 19.9.2024

image

image
14 w - Translate

“အသုံးဝင်လွန်းတဲ့အခါ တန်ဖိုးကျသွားတတ်တယ်။ ”.

image
14 w - Translate

ကျွန်တော်လေတစ်ယောက်တည်း ဆက်လျှောက်ခဲ့တယ်
ဒါပေမယ့်..
မင်းမွေးနေ့ကို ငါမှတ်မိနေသေးတယ်။
ကျွန်တော့ကဲ့ ပြခန်းထဲတွင်
မင်းရဲ့ ဓာတ်ပုံ‌လေးတွေ ရှိနေတုန်းပဲ
မင်းရဲ့အသံကို ငါခုထိမှတ်မိနေတုန်းပဲ
ကျွန်တော်တို့ရဲ့ စကားဝိုင်းဟောင်းကို
အခုထိ ကျွန်တော်ပြန်ပြန်ဖတ်နေတုန်းပါပဲ။
မင်းနာမည်ကြားတဲ့အခါ ငါ့နှလုံးသားက ခုန်နေတုန်းပဲ။
ဒီအရာတွေသည် ကျွန်တော်ဘဝမှာ အစဉ်ထာဝရရှိနေမှာပါ

#1997b

image
14 w - Translate

တိုနေးကိုခေါ်ရန် စဉ်းစားခဲ့ဟု အန်ဂျီ ပြော
---------------------
စပါးအသင်းရဲ့နည်းပြ အန်ဂျီ ပိုစတီကော့ဂလူက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆိုလန်ကီကို မခေါ်ယူခင် ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်း တိုနေးကို ခေါ်ယူဖို့အတွက် စဉ်းစားခဲ့တယ်လို့ စက်တင်ဘာလ(၂၀)ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်း တိုနေးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် ဆော်ဒီကလပ် အယ်အာလီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ စပါးနည်းပြအန်ဂျီက တိုနေးကိုခေါ်ယူဖို့ စိတ်ကူးခဲ့ပေမယ့် အဲဒီအချိန်က ဆိုလန်ကီဟာ အသင်းရဲ့ကစားကွက်နဲ့ ပိုပြီးတော့သင့် တော်မယ်လို့ ထင်တဲ့အတွက်ကြောင့် ဆိုလန်ကီကိုပဲ ခေါ်ယူခဲ့တာလို့ ပြောကြားသွားခဲ့ပါတယ်။

ဆိုလန်ကီဟာ စပါးအသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပရိသတ် တွေရဲ့ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုလန်ကီအနေနဲ့ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပေမယ့် သွင်းဂိုးတွေကို ရရှိဖို့မျှော်လင့်သလို ခြေစွမ်းပြနိုင်ဖို့အတွက် အချိန်ပေးစောင့်ကြည့်ရမယ်လို့ စပါးနည်းပြ အန်ဂျီက ဆက်လက်ပြောကြားခဲ့ပါတယ်။

image
14 w - Translate

My Fri:နင်တို့ရပ်ကွက်ကလူတော်တော်များများနဲ့ ခင်လား?
Me:😋

image

ဒညင်းသီးတွေလက်ဆောင်ရထားတော့😊
အဲ့လိုလေးအစပ်ကြော်စားပါတယ်နော်😋
ဒညင်းသီးကိုပြုတ်ပီးလှီးထားပါ။
ကြက်သွန်ဖြူ၊အနီငရုပ်သီးစိမ်ထောင်းထားပါ။
ဆီပူရင်ထောင်းထားတာထည့်မယ်ဆီသတ်ပါ။
လှီးထားတဲ့ဒညင်းသီးကိုထည့်မယ်။
အရသာမှုန့်၊ခရုဆီ၊ငံပြာရည်လေးနည်းနည်းထည့်။
ခနတော့ကြော်ပေးပီးချခါနီးငရုပ်သီးအကျက်မှုန့်ထည့်ပေးပီးရင်တော့စားလို့ရပါပီးနော်😋😋😋

image
14 w - Translate

လောကမှာငွေ
---------------
“ငွေသည် မကောင်းမှုအားလုံး၏ အရင်းခံဖြစ်သည်” ဆိုသော အဆိုတစ်ခုကို မကြိုက်ပါ။ ငွေသည် မကောင်းမှု၏ တရားခံဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် ထိုငွေကြေးစနစ်ကို တီထွင်ခဲ့ကြရသနည်း။ လူတိုင်း ငွေရှာကြသည်။ ငွေကို တန်ဖိုးထားပြီး သိမ်းဆည်းကြသည်။ စုဆောင်းကြသည်။ အဘယ်ကြောင့် ငွေသည် မကောင်းမှု၏ အရင်းအမြစ်ဖြစ်ရမည်နည်း။

ငွေကို မကောင်းမြင်ခြင်းမှာ

ငွေရှိပါလျက် ကျန်းမာရေးအတွက် မသင့်သော အစားအစာများကို ဝယ်စားသည်။ ထိုကြောင့် ကျန်းမာရေး ပျက်စီးသည်။ ငွေရှိသောကြောင့်ဟု အကြောင်းပြသည်။

ငွေရှိလာသည့်အခါ ဆေးလိပ်တွေ၊ အရက်တွေ၊ မူးယစ်ဆေးဝါးတွေကို ဝယ်လာနိုင်သည်။ ထိုမကောင်းမှုတွေကို လုပ်ပြီး ကျန်းမာရေးထိခိုက်သည်။ ငွေကို အကြောင်းပြသည်။

ငွေရှိလာသည့်အခါ ဇိမ်ခံမှုတွေ အမျိုးမျိုး လုပ်လာသည်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစား ဇိမ်နှင့် နေထိုင်ပြီး ကျန်းမာရေး လိုက်စားမှု နည်းလာသည်။ ရောဂါထူပြောလာသည်။

ငွေရှိလာသောအခါ ပျော်ချင်ပါးချင်လာသည်။ ပြည်တန်ဆာတွေနှင့် ပျော်ပါးချင်လာသည်။ အငယ်အနှောင်း ထားချင်လာသည်။ ရောဂါတွေရလာသည်။ ငွေရှိတာကို အကြောင်းပြကြသည်။

ငွေရှိလာသည့်အခါတွင် ဘာမဆို လုပ်ချင်တာတွေ လုပ်နိုင်သည့် အခွင့်အလမ်းတွေ ရလာသည်။ ငွေမရှိလျှင် မည်သည့် မကောင်းမှုကိုမျှ ကျူးလွန်နိုင်မည်မဟုတ်။

ထို့ကြောင့် ငွေကို ဘာကြောင့် ရှာသနည်းဆိုသည်ကို ပြန်မေးခွန်းထုတ်သင့်သည်။

ငွေကို သုံးဖို့ရှာသလား

ငွေကို ဖြုန်းဖို့ရှာသလား

အကယ်၍သာ ဉာဏ်ပညာအမြော်အမြင်ရှိသူ ဖြစ်ပါက ကိုယ်ရှာဖွေစုဆောင်းထားသည့် ငွေကို

ချစ်သူခင်သူတွေအတွက် မျှဝေသုံးမည်။ မုန်းသူတွေကို ရှောင်ဖယ်နိုင်ရန်သုံးမည်။

မိသားစုပျော်ရွှင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည်။ အနာဂတ်ကို ကြိုတွေပြီး အကွက်ချနိုင်မည်။

ကောင်းကောင်းစားတာထက် ကျန်းမာအောင်စားပြီး ကျန်းမာရေးကို တည်ဆောက်နိုင်မည်။

ဇိမ်ခံရန်ထက် ကျန်းမာရန်ကို ပိုပြီး ဂရုစိုက်မည်။

ကိုယ့်ထက် နိမ့်ပါးသူတွေကို လှူဒါန်းပြီး ကြည်နူးကုသိုလ်ယူနိုင်မည်။

“ငွေသည် မကောင်းမှုအားလုံး၏ အရင်းခံဖြစ်သည်” ဟုသဘောပိုက်ကာ ငွေမရှာလျှင် အကျိုးထက် အပြစ် ဖြစ်ရန်သာများသည်။ ငွေမရှိလျှင် ကျန်းမာရန် ဆေးဝါးကအစမဝယ်နိုင်။ ကျန်းမာရန် မစားသောက်နိုင်။ ရှိခြင်းထက် မရှိခြင်းက ပိုပြီး အပြစ်ဖြစ်စေနိုင်သည်။

ငွေကို အကောင်းထက် အဆိုးမြင်ခြင်းမှာ မိမိအတွင်းဓာတ်ခံစိတ်ထားနှင့်လည်း ဆိုင်သည်။ မကောင်းတာ လုပ်ရန်ငွေရှာလျှင် မကောင်းတာဖြစ်မည်။ ငွေကို ကောင်းတာလုပ်ရန်ရှာသည်ဆိုလျှင် ကောင်းမှုတွေကိုသာ လုပ်ဆောင်ပေလိမ့်မည်။ ထို့ကြောင့် ငွေသည် မကောင်းမှုမဟုတ်။ ငွေရှာသောသူ၏ မကောင်းသောစိတ်ကသာ ငွေကို ကောင်းခြင်း၊ မကောင်းခြင်း ဖြစ်စေနိုင်သည်။

ထို့ကြောင့်

ငွေကို မကောင်းမှုရင်းမြစ်ဆိုကာ ရှောင်ရန်မဟုတ်။

မကောင်းသောစိတ်ဖြင့် မသုံးစွဲပါဆိုကာ ဉာဏ်ဖြင့် ဆင်ခြင်ပြီး ရှာဖွေသုံးစွဲရန်သာဖြစ်သည်။

ငွေသည် မီးနှင့်တူသည်။ သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ။

image
14 w - Translate

အဲ့2ယောက်ကိုမေ့ဖို့ ကြိုးစားနေတုန်း3ယောက်မြောက်ကိုချစ်မိသွား🥹

image