13 w - Translate

Nabil
စိုးလင်းဦးနဲ့ထိုးမယ့် နာဘီရဲ့လေ့ကျင့်မှု
ပြိုင်ဘက်ဆိုတာ လျှော့မတွက်တာ အကောင်းဆုံးပါ။
မြန်မာပရိတ်သတ် အများစုနဲ့ Page အချို့ရေးကြသလို နာဘီက အဆင့်မဝင်သေးတဲ့ဖိုက်တာ မဟုတ်ပါ။ ရှည်လျားတဲ့အရပ်အမောင်း၊လက်တံခြေတံနဲ့ ဒူးအသုံးပြုပြီး ကစားတတ်တာကြောင့် ကပ်ကစားရမယ့် စိုးလင်းဦး သတိထားရမှာပါ။

13 w - Translate

Nabil
စိုးလင်းဦးနဲ့ထိုးမယ့် နာဘီရဲ့ လေ့ကျင့်မှု
ပြိုင်ဘက်ဆိုတာကို လျှော့မတွက်တာ အကောင်းဆုံးပါ။

Moe Moe Su Naing shared a post  
13 w

13 w

{ ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း }
Part(1)
▬▬▬▬
ရခိုင်ရိုးရာ ငစည်ရှာရာဇ၀င်ပြဇာတ်ကြီးသည် ရခိုင်ပြည်နယ်တွင် ထင်ရှားသောပြဇာတ်ဖြစ်သည်။ ရခိုင် ယဉ် ကျေးမှုကို အရေးပါ အရာရောက်အောင် ထောက်ပံ့ပေးသော ပြဇာတ်တစ်စောင်လည်း ဖြစ်သည်။ ယခုလက်ရှိအချိန်အခါတွင် ငစည်တတ်များလည်း ရှားပါး ပျောက်ကွယ်နေချိန်ဖြစ်၍ မူရင်းဇာတ်အတိုင်း အနှစ်သာရပြည့်ဝသော ပြဇာတ်အဖြစ် ကပြနိုင်သူ ရှားပါးနေပြီဖြစ်သည်။ နဂိုမူလမှာလည်း ပျက်စပြု နေပြီဖြစ်သည်။ နဂိုမူရင်းဇာတ်ချင်းသည်လည်း နောက်မကြာမီတွင် ပျောက်ကွယ်သွား နိုင်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှုတစ်ရပ် မကွယ်ပျောက်ရအောင် ပြန်လည် တင်ပြရခြင်း ဖြစ်သည်။
ငစည်ရာဇ၀င် ပြဇာတ်ကို စီစဉ်တင်ပြသူမှာ မင်းဟရီလက်ထက် အမှုထမ်းသော အမတ်ကြီး ဦးဒိုးဝေ ဖြစ်သည်။ အခြားတစ်ဦး ဦးဒိုးဝေဆိုလျှင် ရခိုင်ပြည်နယ်၌ သာမက မြန်မာပြည်တလွှားကပင် ရာဇ၀င်ဆရာအဖြစ် သိကြပါသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် နန်းတက်သော အဘယမဟာရာဇာ လက်ထက်တွင် အမတ်ကြီးအဖြစ်အမှုထမ်းစဉ် လေးဆယ့် ရှစ်အင်္ဂါ ရှိသော ရာဇ၀င်ကျမ်းတစ်စောင်ကို ပြုစုခဲ့သည်။ဤနေရာ၌ ပေရွက်(၁၂) ရွက်ကို တစ်အင်္ဂါ ဟု ခေါ်သည်။ဤရာဇ၀င်ကြီး၌ (၄၈)အင်္ဂါဆိုလျှင် ပေရွက်ပေါင်း(၅၇၆)ရွက် ရှိသည်။ ၄င်း ရာဇ၀င်ကို ဒိုးဝေရာဇ၀င် ဟုခေါ်သည်။ ရာဇ၀င်ဆရာ အဖြစ် လည်းကောင်း ၊ပညာရှိ အမတ် အဖြစ်လည်းကောင်း သိကြသော ဦးဒိုးဝေမှာ မြောက်ဦးခေတ်နောက်ပိုင်းမှ ထင်ရှား လာသူ ဖြစ်သည်။စစ်စစ် ဤဦးဒိုးဝေမှာ ပြဇာတ်ရေးသူမဟုတ် ရာဇ၀င်ဆရာ တစ်ယောက် သာဖြစ်သည်။
ပြဇာတ်ရေးဆရာ ဦးဒိုးဝေသည်(၉၈၄)ခုနှစ်တွင် သီရိသုဓမ္မာရာဇာဘွဲ့အမည်နှင့် နန်းတက်သော မင်းဟရီ လက်ထက်၌ ရမ်းဗြဲမြို့စားအမတ်ကြီးဖြစ်သည်။ ရွှေနန်းတော်၌ အရေးပါ အရာရောက်သော အမတ်ကြီးဖြစ်ပြီး မိဖုရားခေါင်ကြီးနတ်သျှင်မယ် ၏အတွင်း၀န်အမတ်ကြီးလည်း ဖြစ်သည်။ ဘုရင်သီရိ သုဓ မ္မရာဇာလက်ထက်တွင်ထင်ရှားခဲ့သော လေးမြို့စား ငလက်ရုံး၊ လောင်းကြက်စား ငကုသလတို့နှင့်အတူ အမှုထမ်းခဲ့သော ဟူးရားသူကြီး မင်းကျော်၏ သားဖြစ်သည်။
ဘုရင် သီရိသုဓမ္မရာဇာ ကို မိဖုရား နတ်သျှင်မယ် ကလောင်းကြက်စား အမတ် ငကုသလ နှင့် ပူပေါင်း၍ ပယောဂနည်းဖြင့် လုပ်ကြံသောအခါ အမတ်ကြီး ဦးဒိုးဝေသည် ဘုရင့်အမတ် ငလက်ရုံးနှင့်အတူ ရှင်ဘုရင်ဘက်မှ နေခဲ့သည်။ မိဖုရား၏ နန်းတွင်းအရေးတော်ပုံ အောင်မြင်ကာနီးတွင် အမတ်ငလက်ရုံးသည် အသက်လွတ်ရာ လွတ်ကြောင်း ကန်သာရေကြည် သို့ထွက်ပြေးတိမ်းရှောင်လေသည်။ အမတ်ကြီး ဦးဒိုးဝေ လည်း မာန်အောင်ကျွန်းသို့ ထွက်ပြေးတိမ်း ရှောင်လေသည်။ မြောက်ဦးမှ ရေခြားမြေခြား မာန်အောင် ကျွန်းသည် ဦးဒိုးဝေအတွက် အသက်ဘေးမှ လုံခြုံသော နေရာဖြစ်သည်။ ဤသို့ မိဖုရားကြီး နတ်သျှင်မယ်၏ သစ္စာမရှိမှု၊ နန်းတွင်းလုပ်ကြံမှုကို အများပြည်သူများ သိရှိစေရန် အတွက် အမတ်ကြီးဦးဒိုးဝေသည် ငစည် ရာဇ၀င် သို့မဟုတ် ငစည်ပြဇာတ်ကို ရေးသားခဲ့ခြင်းဖြစ်သည်။
ပြဇာတ်၏ ဇာတ်အိမ်ဖွဲ့ပုံမှာ အတော်ပင် ကျယ်၀န်းပြီး အနှစ်သာရနှင့်ပြည့်၀သည်။ ပထမတွင် အကသမား၏ ပဏါမနိဒါန်း၊ ဒုတိယတွင် ကျောက်ရိုးသိုက်စကား၊ တတိယတွင် ဇာတ် စကားနှင့် ဇာတ်ချင်း များ၊စတုတ္ထတွင် အကသမား၏ နိဂုံးချုပ်စကားတို့ဖြစ်သည်။ ကျောက်ရိုး သိုက်မှာ (စစ်တကောင်းစား အမတ် ကြီး ပညာကျော်၏သား စစ်တကောင်းမြို့စား ပညာ ဝံသ ဘွဲ့ခံ ကျီးညိုမှ မွေးသော) လေးမြို့စားအမတ် ငလက်ရုံးရေးသားစီရင်ခဲ့သော သိုက်စကား များ ဖြစ် သည်။
ငစည်ရာဇ၀င်တွင် အဓိက လိုအပ်ချက်ပစ္စည်းများမှာ-
(၁) လက်ထောင်းဆုံကြီးတစ်လုံး၊
(၂) လှော်တက်တစ်ချောင်း၊
(၃) ငါးသဲ့သော ယက်သဲ့တစ်ခု၊
(၄) ငါးထည့်သော ပလိုင်းတစ်ခု၊
(၅) တောင်းတစ်လုံး တို့ဖြစ်သည်။
ဤပစ္စည်းငါးမျိုးတို့မှာ ပြဇာတ်၌ မပါမဖြစ်သော အခမ်းအနားပစ္စည်းတို့ပင်ဖြစ်သည်။ ပြဇာတ်၏ ထူးခြားချက်မှာ တစ်ဦးတည်းက ကပြရသဖြင့် မြန်မာကွက်စိပ်အဟောနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း သေသေချာချာလေ့လာလျှင် ကွက်စိပ်ဟောသကဲ့သို့မဟုတ်ဘဲ တမူထူးခြား သည်ကို တွေ့ရှိရသည်။ ဤသည်ပင်လျှင် ပြဇာတ်၏ထူးခြားချက်ဖြစ်သည်။

#ရမ္မာဝတီ-ဇီဝဇိုး (မူရင်းဆောင်းပါးရှင်) နှင့် လိုင်းပေါ်သို့ ပထမဆုံးတင်ခဲ့သူအား လေးစားစွာဖြင့်။

image
13 w - Translate

ပြောချင်တာ အဲဒါ

“ပရဟိတ” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်ထားတာ တခု ပြောပြချင်တယ်။
ကျွန်တော် နားလည်တာကတော့ လူတယောက်ယောက်ဟာ ပရဟိတ လုပ်ငန်းကို အချိန်ပြည့် Full time လုပ်နေပြီ ဆိုရင် အဲဒါ Business ပဲ။
လူတယောက်က သူ့ စားဝတ်နေရေး အတွက် တခြား ဘာဆို ဘာအလုပ်မှကို မလုပ်နေဘဲ ပရဟိတ လုပ်ငန်းကိုပဲ အချိန်ပြည့် လုပ်နေရပါပြီ ဆိုရင် သူ့နေ့စဉ် စားသောက်သွားလာ နေထိုင်စရိတ်တွေက ဘယ်ကနေ ရမှာတဲ့လဲ။
***
ဒီတော့ သူကလည်း တခြား ဘာအလုပ်မှ မလုပ်နိုင်တော့အောင်ကို ဒီပရဟိတ လုပ်ငန်းမှာပဲ အချိန်တွေ ပေးနေရပြီ ဆိုရင် သူ ထမင်းစားဖို့ ငွေကလည်း အဲဒီအထဲကပဲ ယူသုံး ယူစားရမှာပဲ။
ဒါက ဘယ်သူ့ကိုမှ ပုတ်ခတ်နေတာ မဟုတ်ဘူးနော်။
ဘဏ်ထဲမှာ တသက်စာ သုံးမကုန်အောင်၊ လူက ဘာမှ လုပ်နေစရာ မလိုဘဲ အားအားယားယားနဲ့ ငွေတွေ ဝင်နေနိုင်တဲ့ လုပ်ငန်းကြီးတွေ ပိုင်ထားသူက ပရဟိတ လုပ်ငန်း အချိန်ပြည့် လုပ်နေတာ ဆိုရင်တော့လည်း တမျိုးပေါ့လေ…။
***
ဒီတော့ (အချိန်ပြည့်) ပရဟိတ ဆိုတာတွေဟာ လုပ်ငန်းလည်ပတ်ခြင်းတွေ၊ Business တွေ လို့ပဲ ကျွန်တော် နားလည်ထားတယ်။
အဲဒီ လုပ်ငန်းကို ဦးစီးနေသူ အပေါ် ကိုယ်က ဘယ်လောက်အထိ ယုံကြည်ပေးနိုင်မလဲ၊ ကိုယ်ပေးပို့ လှူဒါန်းတဲ့ ငွေထဲကနေ သူ ဘယ်လောက် သူ့အတွက် သုံးမှာကို ကြည်ဖြူနိုင်မလဲ ဆိုတဲ့ စိတ်အခြေခံနဲ့ လှူနိုင်ရင် လှူ..။ မလှူနိုင်ရင် မလှူနဲ့… ဒါပဲ။
ဒီလိုပဲ တွေးတယ်။
***
ဒါကြောင့်…။
တိုင်းပြည်မှာ တခုခု ဘေးအန္တရာယ် ကြုံတွေ့လာရလို့ အပေါ်က ပြောခဲ့တဲ့ ပရဟိတ business တွေ အလုပ်များနေတာကို ကျွန်တော်ကတော့ သူ့ business နဲ့သူ အလုပ်များချိန် ကျလာတယ်၊ ဒီလုပ်ငန်းရှင်က ဒီအလုပ် လုပ်ဖို့ ဒီအဖွဲ့ တည်ထောင်ထားလို့ အဲဒီ အလုပ်တွေ လုပ်နေတယ်လို့ပဲ မှတ်တယ်။
အဲဒါ သာမန် ဖြစ်စဉ်ပဲ။
ပရဟိတ အချိန်ပြည့် လုပ်နေသူကြီး ဆိုပြီး ကားကောင်းတွေ စီးပြ၊ လက်ဝတ်ရတနာတွေ ထည်လဲ ဝတ်ပြ၊ အရမ်းတွေ တောက်ပ လင်းလက်နေပြီ ဆိုရင်တော့ ဒီလူဟာ သူ့ Business ကနေ သူ့အတွက် အမြတ်ယူနေတာတွေ သိပ်များနေပြီ လို့ တွက်ရမယ်။
ဒါက ရိုးရိုးလေးပဲ။
လုပ်ငန်းရှင်နဲ့ လုပ်ငန်း လည်ပတ်မှုတွေ…ပေါ့။
***
ဘာမှ မဟုတ်ပါဘူးလေ။
ပရဟိတ မင်းသားကြီး တို့၊ ပရဟိတ မင်းသမီးကြီးတို့ ဒုတိယ မိခင် တတိယ ဖခင်တွေ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ တချို့ အရမ်းတွေ မြှောက်ပင့်ပေး နေတာ မျက်စိနောက်လာလို့ စိတ်ထဲ ရှိတာ ကောက်ရေးတာ…။
***
ကလိုစေးထူး

image
13 w - Translate

လူကြိုက်များတဲ့ ပစ္စည်းဆိုတာ တကယ်ကိုမှ Quality ကောင်းလို့ပါ 😍 Daily Need Product တွေက တစ်ခါ ဆို ဆိုသလောက် သုံးလို့ကောင်းပြီး တကယ်ထိရောက်မှုရှိလို့...

လူတိုင်းကြိုက် လူတိုင်း ခိုက်နေရတာပေါ့။

🌸 ကိတ်ပြီးဖြူစေမဲ့ ကိတ်ဖြူကော်လဂျင်
🌸 မိန်းမကိုယ်ကျန်းမာစေပြီး ရာသီမှန်၊ အဖြူဆင်းသက်သာစေမဲ့ Daily Need သောက်ဆေး
🌸 အနံ့ဆိုးကင်း ယားယံမှုတွေ ဝေးပြီး သန့်ပြီးလန်းဆန်းနေစေမဲ့ Feminine wash & soap
🌸 ကိတ်ချင်ရာကိတ် လုံးဝန်းလှပစေမဲ့ Herbal Cream

ဘာပဲရွေးရွေး ထိရောက်မှုရှိပြီး သုံးသလောက် အကျိုးရှိစေမှာမလို့...

မသုံးဖူးသေးရင် Message box မှာ အခုပဲ လာမှာလိုက်တော့နော် 💁

#dailyneed #dailyneedmyanmar #collagen #feminine #herbalcream

image
13 w - Translate

#englisheverywhere

image
13 w - Translate

#englisheverywhere

image
13 w - Translate

#englisheverywhere

image
13 w - Translate

#englisheverywhere

image
13 w - Translate

#englisheverywhere

image
image
image
image