Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
{ ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း }
Part(2)
ငစည်ရှာ ရာဇ၀င်ကြီးတွင် အဓိက ဇာတ်၀င်ခန်း(၂၁)ခန်း ပါ၀င်သည်။ ပထမဆုံး အကသမား၏ အာသီသ နိဒါန်းကိုပြောဆိုပြီး ကျောက်ရိုးသိုက်ကို ရွတ်ဖတ်ပြီးမှ ဇာတ် ၀င်ခန်း(၂၁)ခန်းတို့မှာ အစဉ်အတိုင်း ကပြရသည်။ ဇာတ်၀င်ခန်း (၂၁) တို့မှာ-
(၁) သီရိသုဓမ္မာရာဇာ (မင်းဟရီ) မိဖုရားရွေးကောက်ရန် အမတ်တို့နှင့်တိုင်ပင်ခန်း။
(၂) တင်း၀စားအမတ်မှ သမီးဝါလှဖြူ(နတ်သျှင်မယ်)ကိုဆက်သခန်း။
(၃) ငကုသလ ငခွေးချေ လောင်းကြက်မြို့ကို စားရခန်း။
(၄) လောက်းကြက်စားအမတ် ငကုသလ ငခွေးချေ မြောက်ဦးမြို့သို့ လူပျိုလှည့်သွားခန်း။
(၅) မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်)နှင့်လောင်းကြက်စားအမတ်တို့ သင့်မြတ်ခန်း။
(၆) ငစည်ရတတ်သူကို ရှာဖွေခန်း။
(၇) ပါရဲဘ ငစည်ရှာရန် လက်ခံခြင်း။
(၈) ခရီးထွက်လာရာ ဟင်းခရော်ရွာတွင် ညအိပ်ခန်း။
(၉) ရခိုင်(၄၄)ကျွန်းတွင် ငစည်ရှာခန်း။
(၁၀) ဗေဒင်မေးခန်း။
(၁၁) ပါရဲဘနှင့် ဘူးဝေမိ အပြန်အလှန်မှာခန်း။
(၁၂) အနောက်ပြည်သို့ ငစည်ရှာထွက်ခန်း။
(၁၃) နတ်မေးခန်း။
(၁၄) “ အောင်ကျော်ဖြူ” တစ်ခန်းရပ် ကြားညှပ်ပြဇာတ်။
(၁၅) မာန်အောင်ကျွန်းသို့ ကူးခန်း။
(၁၆) သစ်ပုံချောင်းသို့ ရောက်ခန်း။
(၁၇) မာန်အောင်သူမတို့ ငါးသဲ့ခန်း။
(၁၈) ဘုရင်နတ်ရွာစံခန်း။
(၁၉) သားတော် အဆိပ်သင့်၍ သေခန်း။
(၂၀) ငကုသလ နန်းတက်၍ မိဖုရား ဝါစိုးဖြူ (နတ်သျှင်မယ်)ကိုနှင်ထုတ်ခန်း။
(၂၁) ငကုသလ နတ်ရွာစံခန်း နှင့် အကသမား၏ အာသီသ နိဂုံးချုပ်စကား တို့ပင်ဖြစ်သည်။
ဤနေရာ၌ ငစည်ရှာပြဇာတ်ကို အသေးစိတ်ဖော်ပြရလျှင် နေရာတော်တော်များများ ယူရမည်ဖြစ်၍ အများပြည်သူများ သံဝေဂပွားများနိုင်ရန်အတွက် ပြဇာတ်၏ အကျဉ်းချုပ်ကိုသာ တင်ပြလိုက်ရပါသည်။
ပြဇာတ်၏အစတွင် သီရိသုဓမ္မရာဇာ(မင်းဟရီ) မင်းကြီး ထီးနန်းစိုးစံသည်။ ဘုရင်တွင် မိဖုရား မရှိသေး၍ ထိုက်တန်သူကို မိဖုရားခေါင်ကြီး ရွေးချယ်တင်မြှောက်ရန် ပညာရှိအမတ်တို့နှင့် တိုင်ပင် တော်မူသည်။ အမတ်များက တင်း၀စားအမတ်ကြီး၏သမီး “ဝါလှဖြူ” သည် မိဖုရားအရာနှင့် ထိုက်တန် အောင် ချောမောလှပကြောင့် လျှောက်ထားကြသည်။ ဘုရင်ကလည်း သဘောကျသဖြင့် ဝါလှဖြူကို “ ဝါစိုးဖြူ(နတ်သျှင်မယ်) အမည် နှင့် မိဖုရား အရာအပ်နှင်းသည်။
လောင်းကြက်စား ငကုသလအမတ်ကြီးသည် မိဖုရားအဖြစ် ရွေးချယ်ရန် သီရိသုဓမ္မရာဇာ၏ မိဖုရား ဝါစိုးဖြူ(နတ်ရှင်မယ်) ကိုမြင်ယောင်မိသည်။ လောင်းကြက်မြို့ကို အမတ်တို့အားအပ်ပြီး မြောက်ဦးမြို့သို့ လူပျိုလှည့်ရန် ထွက်ခဲ့သည်။
မြောက်ဦးတွင် မိဖုရားနှင့်သင့်မြတ်ပြီး ဘုရင်သီရိသုဓမ္မရာဇာကို အင်းအိုင်၊ယတြာနည်းဖြင့် လုပ်ကြံရန် အမတ်အချို့နှင့် တိုင်ပင်ကြသည်။ အင်္ဂါသား သီရိသုဓမ္မရာဇာအား ဗုဒ္ဓဟူးသား ငကုသလ ငခွေးချေက နံနှိမ်ရန် အင်္ဂါနံ”ငစည်” ကို နန်းတော်သို့တင်ရန်အကြံ ပေးသည်။ ငစည်ကို နံနှိမ်ခြင်းဖြင့် ဘုရင် သီရိ သုဓမ္မရာဇာကို သေစေရန် ဖြစ်သည်။ မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်) သည် ဘုရင်ကို မလို လောင်းကြက် စားကိုသာလို၍ ငစည်ရနိုင်သူကို ရှာဖွေခိုင်းသည်။
ထိုအခါ ဘူးပင်ရွာမှ “ ပါရဲဘ” ဆိုသူ ဆင်းရဲသားသည် ငစည်ရှာရန် လက်ခံပြီး ယောက်ဖကို အဖော်ခေါ်ကာ ငစည်တွေ့နိုင်မည်ထင်သော နေရာများကို လှေငယ်တစ်စင်းဖြင့် ခရီးထွက်လာရာ ဟင်းခ ရော်ရွာသို့ ရောက်သည်။ ထိုမှ ရခိုင်(၄၄) ကျွန်းသို့ လှည့်လည်ရှာဖွေသည်။ မြောက်ဦးတွင် ငစည်မရနိုင်၍ ဗေဒင်ဆရာထံသွားမေးရာ အနောက်ပြည်တွင် ရနိုင်မည်ဖြစ်ကြောင်း ဟောသည်။ အနောက်ပြည် သို့ ခရီးမသွားမီ ပါရဲဘသည် ဇနီးသည်” ဘူဝေမိ” ထံသွား၍ အပြန်အလှန် မှာကြားကြသည်။ ထို့နောက် အနောက်ပြည်သို့ ခရီးမသွားမီ ပါရဲဘ သည် ပင်လယ်ကိုဖြတ်၍ မာန်အောင်ကျွန်းသို့ ကူးခဲ့ကြသည်။
မာန်အောင်ကျွန်းတွင်လည်း ငစည်ရှာမရ၍ နောက်ဆုံးလက်လျော့ပြန်ခဲ့ကြသည်။ မိဖုရား၏ အလိုကျရှာခိုင်းသော ငစည်ဖြစ်၍ မရဆိုသည်ကို မကြားလိုဟု ဘုရင်က အမိန့်ချမှတ်ရာ အမတ်ငမှန် ကန်သည် ရွှေစင်(၁)ပိဿာကို ငစည်ငါးရုပ်ထုလုပ်၍ ဆက်သရာ နံနှိမ်ထားသဖြင့် သက္ကရာဇ် (၁၀၀၀)ပြည့် နယုန်လဆုတ်(၂) ရက်တနင်္လာနေ့တွင် ဘုရင် သီရိသုဓမ္မရာဇာ ကံကုန်ရှာသည်။ သီရိသုဓမ္မရာဇာ နန်းသက်(၁၆) နှစ်ရှိခဲ့သည်။ သားတောင်စနေမင်း နန်းတက်ပြန်သည်။ နန်းတက်၍ တစ်ပတ်အကြာတွင် ကျောက်ကြီးရောဂါ စွဲကပ်လေသည်။ နတ်ရှင်မယ်သည် ငကုသလအမတန်နှင့် တိုင်ပင်ပြီး နန်းတော်၏ အရှေ့မြောက်ထောင့် “ ၀င်းစား မ” အရပ်သို့ ယာယီရွှေ့ပြောင်းစံစေ၏။ ဤသို့စံနေစဉ် မယ်တော်နတ် ရှင်မယ်သည် ဆေးထဲ၌ အဆိပ်ခတ်၍ သားတော်ကိုသတ်လိုက်သည်။ မင်းစနေသည် နန်းသက်ရက်(၂၀) ရှိခဲ့သည်။
ထိုအခါမှ လောင်းကြက်စား ငကုသလ ငခွေးချေသည် သက္ကရာဇ် (၁၀၀၀) ခုနှစ်တွင် “ နရပတိ” ဟူသော အမည်ဖြင့် မြောက်ဦး နန်းကို သိမ်းပိုက် အုပ်ချုပ်လေသည်။ ထို့နောက် သားကိုမကြင် လင်ကိုမတွယ်တာသော မိန်းမယုတ် နတ်သျှင်မယ်ကို နန်းတော်မှ နှင်ထုတ်ကာ တောဇနပုဒ်တွင် သေရသည်။ နန်းတက်၍ (၇) နှစ်အကြာတွင် ငကုသလ ငခွေးချေလည်း နတ်ရွာစံလေသည်။ ဤနန်းတွင်း အရှုပ်အထွေးကြောင့်ပင် ရခိုင်ရာဇ၀င် သည်တစ်မျိုးတစ်ဖုံ ပြောင်းသွားရသည် ဟု ထင်သည်။ ဤသည်ပင် လျှင် ငစည်ရာဇ၀င် အကျဉ်းချုပ်ဖြစ်သည်။
ဤဆောင်းပါးကို တင်ပြရသောကြောင့် ရခိုင်သူရခိုင်သားများအတွက် ပျောက်ကွယ်နေသော ရတနာတစ်ပါးကို ပြန်ရသကဲ့သို့ ထင်မှတ်ပါက ဆောင်းပါးရေးရ ကျိုးနပ်ပါမည်။ ရခိုင်သူ ရခိုင်သားများ၊ သမိုင်းဗဟုသုတ၊ ယဉ်ကျေးမှု ဗဟုသုတ၊လူမျိုးရေးဗဟုသုတ များကို ရှာဖွေတိုးတက်၍ အမျိုးဂုဏ် ဇာတိ ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေ။
ကျမ်းကိုးစာရင်းများ
(၁) မောင်တင်မောင်ဌေး – ရခိုင်ယဉ်ကျေးမှုသုတေသနစာတမ်း။
(၂) နတ်မောက်ဘုန်းကျော် – နတ်ရှင်မယ်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လထုတ် ရခိုင်
အာဇာနည် အထူးထုတ်၊ မြ၀တီမဂ္ဂဇင်း။
(၃) ဦးမင်းနိုင် – ပြည်ထောင်စု အကပဒေသာ။
(၄) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရခိုင်ရာဇ၀င်သစ်ကျမ်းစာအုပ်။
(၅) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရဇက္ကမသင်္ခေပကျမ်း။
#ရမ္မာဝတီ-ဇီဝဇိုး (မူရင်းဆောင်းပါးရှင်) နှင့် လိုင်းပေါ်သို့ ပထမဆုံးတင်ခဲ့သူအား လေးစားစွာဖြင့်။
"ဒိတ်အောက်သွားတယ်ဆိုတာမျိုး ဘယ်တော့မှမရှိတဲ့ Classic Fashion Style"
မင်္ဂလာပါချစ်တို့ရေ။ 🙏 ဒီနေ့တော့ အချိန်တွေဘယ်လိုပဲပြောင်းပြောင်း၊ ဖက်ရှင်ရေစီးကြောင်းတွေဘယ်လိုပဲ စီးဆင်းနေပါစေ ဘယ်တော့မှရိုးမသွားနိုင်တဲ့ Classic Fashion Style အကြောင်းပြောကြရအောင်နော်။ 💁♀️
Classic style ဆိုတာဟာ အရေအတွက်ထက် အရည်အသွေးကို ပိုဦးစားပေးတဲ့ ဖက်ရှင်စတိုင်တစ်ခုပါ။ ခေတ်ပေါ်အဝတ်အစားမျိုးထက် အချိန်ခဏလေးနဲ့ ပျောက်မသွားပဲ အချိန်တိုင်းပြန်တွဲစပ်ဝတ်ဆင်နိုင်မယ့် ဒီဇိုင်းမျိုးတွေ၊ ကိုယ်နဲ့တိုင်းချုပ်ထားတဲ့ အဝတ်အစားတွေ၊ neutral colour တွေကို အမြဲအခြေခံရွေးချယ်ပြီးမှ ကိုယ်သဘောကျတဲ့ Bold colour တွေနဲ့ကစားဝတ်တတ်တဲ့ အခြေခံသဘောတရားတွေ၊ သိမ်းထားပြီးမှ ပြန်ထုတ်ဝတ်လည်း ရိုးသွားတယ်ဆိုတာမရှိတဲ့ ရှပ်အကျီတွေ၊ အနက်ရောင် dress တွေ၊ အစင်း၊ အစက်၊ ပွင့်ရိုက်အဆင်ဒီဇိုင်း တွဲစပ်မှုတွေကို ဒီ Classic Fashion Style မှာ မြင်ရပါလိမ့်မယ်။ 💕🔥
Classic Style နဲ့ ပတ်သက်ပြီး Soft Classic၊ Edgy Classic၊ Minimal Classic ၊ Cute Classic နဲ့ Sporty Classic ဆိုပြီး (၅)မျိုးထပ်ခွဲနိုင်သေးပေမယ့် အတွေ့ရအများဆုံး အဝတ်အများဆုံးကတော့ Soft Classic နဲ့ Edgy Classic ပဲ ဖြစ်ပါတယ်။ ☝️
Soft Classic မှာတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း Knit wear၊ sweater အရောင်နုလေးတွေကို wash jean လေးတွေနဲ့ တွဲမယ်၊ floral dress လေးတွေကို pump heel လေးတွေနဲ့စီးမယ်။ Shirt အဖြူတွေ၊ အပြာတွေကို Dress Pant တွေနဲ့ တွဲချမယ်။ အပေါ်ထပ်အနေနဲ့Basic Cardigan အရောင်နုလေးတွေကို ရွေးတတ်သလို တစ်ခါတစ်လေ အသားရောင် Trench Coat ထပ်ဝတ်ချင်ဝတ်မယ်၊ စတာတွေက Soft Classic ဘက်သွားတဲ့စတိုင်ပါ။ 💓💁♀️
Edgy Classic ကျတော့ အရောင်ဆို အနက်ရောင်ကိုပဲ ပိုအသေားပေးရွေးတတ်ပြီး ကိုယ့်outfit မှာ လည်သာနဲ့ပတ်သက်တဲ့ ဘောင်းဘီ၊ Jacket စတာလေးတွေနဲ့ တွဲဝတ်ထားတာပါလာမယ်။ Animal Print တွေ၊ destroyed fabric လေးတွေရွေးဖြစ်တယ်။ ဖိနပ်တွေ၊ အိတ်တွေ စတာတွေမှာ stub လေးတွေနဲ့အလှဆင်ထားတာမျိုး ကိုင်ဖြစ်ဝတ်ဖြစ်မယ်။ နောက် zip များများပါတဲ့ အကျီဒီဇိုင်းတွေ၊ အထပ်ထပ်စကတ်တွေကို ရွေးဖြစ်တယ်ဆိုရင် ကိုယ်က Classic Style ပေမယ့် Edgy vibe ရတဲ့ စတိုင်မျိုးလို့ သတ်မှတ်ပါတယ်။ 🖤💁♀️
တကယ်တော့ Classic Style ဟာTimeless ဖြစ်တယ်ဆိုတာထက် ထသွားထလာ၊ ပွဲအခမ်းအနား၊ ဒိတ်၊ အင်တာဗျူး ဘယ်နေရာနဲ့မဆို အံဝင်ခွင်ကျဖြစ်တဲ့ ဖက်ရှင်စတိုင်တစ်ခုပါပဲ။ 👏
လာဘ်စားမှုအတွက် အပြစ်ရှိကြောင်း စင်ကာပူဝန်ကြီးဟောင်းဝန်ခံ
------------------------
လာဘ်စားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စင်ကာပူပို့ဆောင်ရေးဝန်ကြီးဟောင်း ဆူဘရမ်နီယန် အစ္စဝါရန်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း အင်္ဂါနေ့ ရုံးချိန်းမှာ တရားရုံးကို လျှောက်လဲခဲ့ပါတယ်။ အစိုးရရှေ့နေတွေက စွဲချက်တွေထဲက တချို့ကို ပိုပြီး အမှုပေါ့တဲ့ စွဲချက်တွေနဲ့ အစားထိုးပြင်ဆင်စွဲဆိုခဲ့တဲ့နောက် မှာ ဝန်ကြီးဟောင်း အစ္စဝါရန်က အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တာပါ။
ဒါဟာ သူ့ရဲနာမည်သန့်ရှင်းစေဖို့အတွက် အမှုရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောဆိုပြီး လအတန်ကြာမှာ အပြစ်ရှိ ကြောင်း လျှောက်လဲလာခဲ့တာလည်း ဖြစ်ပါ တယ်။ အသက်(၆၂)နှစ်ရှိပြီဖြစ်တဲ့ အစ္စဝါရန်ဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ အရ စွဲဆိုတဲ့ စွဲချက်(၄)ခုနဲ့ တရားစီရင်ရေးကို ပိတ်ဆို့တားဆီးမှု စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီပြစ်မှုဆိုင်ရာ ပုဒ်မတွေက အစိုးရ အရာရှိ တွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လက်ခံရယူခြင်းကနေ တား မြစ်ထားပါတယ်။
ပြစ်ဒဏ်ချမှတ်စီရင်ရာမှာ နောက်ထပ် စွဲချက်ပေါင်း( ၃၀)ကိုလည်း ထည့်သွင်းစဉ်းစားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီတန်ဖိုးကြီးပစ္စည်း လက်ခံမှုမှာ ဘောလုံပွဲ၊ ကဇာတ်ရုံနဲ့ စင်ကာပူ F1 Grand Prix (အက်ဖ်ဝမ်း ဂရန်း ပရစ်) ကြည့်ခွင့် လက်မှတ်တွေ၊ ဝီစကီအရက်၊ နိုင်ငံတကာ လေယာဉ်စီးနင်းခွင့်နဲ့ ဟိုတယ်အခန်း ငှားရမ်းခ စတာတွေ ပါဝင်ပါတယ်။ အဲဒီ အရာတွေအတွက် ကျသင့်တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၄)သိန်းဖိုးလောက်အထိ ရှိနေပါတယ်။
တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးကြီးနိုင်
---------------------
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အများစုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က စက်တင်ဘာ ၂၅ ရက်၊ မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီခွဲ အချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ မုတ်သုံလေအားကောင်းနေတာကြောင့် နောက် ၄၈ နာရီအတွင်း ရန်ကုန် တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်း တိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့ အနေနဲ့ ကြိုတင်သတိပြုသွားလာဖို့ သတိပေး နှိုးဆော်ထားပါတယ်။
ညနေခင်းတိုင်း ဘော်ဒါတွေဆုံဖို့ စုရပ်တစ်ခုလို ဖြစ်လာတဲ့ Times City ထဲက WeGather Bar🥂🔥
ဒီဆိုင်ကိုလေ Junction Square လာရင်းနဲ့ အမြဲသတိထားမိနေတာ.. Times City 2nd floor ရဲ့ ဝရံတာမှာ ထွက်နေတဲ့ဆိုင်လေး ညနေခင်းဆို မီးရောင်စုံလေးတွေရယ်၊ beach ရောက်နေသလို တိုက်လိုက်တဲ့လေတွေရယ်၊ Open type မလို့ ထိုင်ရတဲ့ vibe ကိုလည်း တော်တော်လေးသဘောကျတယ်။✨💫
နေရာလေးကအစ နိုင်ငံခြားရောက်သွားတဲ့ vibe မျိုး.. Times City တို့ Junction Square တို့လိုအထပ်မြင့်တိုက်ကြီးတွေ ကြားထဲ ရှိနေတာဆိုတော့ ညနေခင်းဆို viewက သိပ်လှ။🌃
ဆိုင်ကလည်း ဖွင့်ထားတာသိပ်မကြာသေးဖူး။ အရင်ကတော့ ဘားသီးသန့် ဘားစာတွေနဲ့ ကော့တေးလ်တွေ အဓိကရပြီး အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့နေရာ။
ဒီနောက်ပိုင်းကျ မနက် ၈ နာရီကတည်းက စဖွင့်ပြီး မနက်စာလေးတွေပါ ထည့်ရောင်းတော့တာပဲ။
မနက်စာထဲကဆို ဒင်းဆမ်း selection တွေ၊ မန်ထို၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်နဲ့ ထမင်းကြော် အစုံကို မရိုးအောင် တစ်မျိုးစီ ထည့်ထားတာ။
အဲ့မှာလေ ခေါက်ဆွဲသုပ်တော့ သေချာစားခဲ့။ ငယ်ငယ်က ကျောင်းမုန့်စျေးတန်းမှာ အန်တီကြီး သုပ်ပေးတဲ့ အရသာအတိုင်း။💕
ဒင်းဆမ်းပေါင်းတွေရယ်.. အရသာ ၅ မျိုးနဲ့ မန်ထိုပေါက်စီအိအိလေးတွေရယ်… မလိုင်ဖတ်လေးနဲ့ စီလုံတီး ပူပူလေးတစ်ခွက်ရယ် မနက်ခင်းလေးက ပြည့်စုံ။😉
စျေးတွေကလည်း ၁ပွဲမှ ၃၀၀၀ - ၅၀၀၀ ကြား ဒီလိုနေရာလေးမှာ စားရတာဆိုတော့ မဆိုးဖူး ပြောရမယ်။ မနက်စာတွေက မနက် ၈ နာရီကနေ ၂ နာရီ ထိ မှာလို့ရတယ်။
ညနေခင်းဆို ဆိုင်မှာပိုပြီး အသက်ဝင်လာပြီ။ ရုံးတွေနဲ့နီးတော့ ရုံးဆင်းချိန် ဘော်ဒါတွေနဲ့ သောက်မယ့် စားမယ့်အဖွဲ့တွေကိုယ်စီ။🥂 ကြိုက်တဲ့တစ်ချက်က ဒီမှာ နားအေးပါးအေးထိုင်လို့ရတယ်။ သီချင်းသံတွေနဲ့ ဆူမနေဘဲ စကားပြောလို့ တော်တော်ကောင်းတယ်။
အစားအသောက်တွေကအစ ကော့တေးလ်အဆုံး ရှယ်မိုက်တာ။🔥 ဘားတွေပတ်ထိုင်ဖူးသမျှ သူ့ကော့တေးလ်တွေကလေ အဝင်ရှယ် smooth တာသောက်ကောင်းကောင်းနဲ့ သောက်နေရင်တော့ ရောက်ပြီသာမှတ်။😆
အရိုးခေါင်းပုလင်းကြီးနဲ့ လူစီဖာဆို baby candy အရသာမျိုး အဝင်ချိုချိုလေးနဲ့ လည်ချောင်းထဲပူဆင်း။
လူများရင် စုရပ်ဆိုတဲ့ ပုလင်းရှည်ကော့တေးလ်ကြီးက များများစုသောက်လို့ရတယ်။ ဘီယာကော့တေးလ် အကိတ်ကြီး ဆိုလည်း နှစ်မျိုးရောတော့ နှစ်ပင်လိမ်တာပေါ့။🥲
အမြည်းဆိုလည်း ရွေးစရာများလွန်းလို့.. ကြိုက်မိနဲ့ထဲက ဂဏန်းပျော့ရယ်၊ အပ်မှိုတစ်ချောင်းချင်း အကြွပ်ကြော်ထားတာလေးရယ်၊ မာလာကြက်တောင်ပံကြွပ် အဲ့တာလေးတွေ မှာစား။
၅၂၅ ဆိုတဲ့ ငါး နှစ်မျိုးစပ်မှာ တစ်ဖက်က ငါးမာလာ၊ တစ်ဖက်က သီးစုံ မရောနိစ်ငါးကြွပ်လေး.. သူဆို အမြည်းစားလို့တကယ်ကောင်း။
အစက ဆိုင်ရဲ့ vibeလေးကြိုက်လို့ သွားထိုင်ရင်ူ ခုတော့ အစားအသောက်တွေပါ ကြိုက်ကုန်လို့ ထိန်းပေးပါဦး။🫢
ဆိုင်မှာ တစ်ရက်နဲ့တစ်ရက် ပရိုမိုးရှင်းတွေကလည်းမထပ် ရှယ်ပေးနေတာမလို့ ဘော်ဒါတွေရဲ့ စုရပ်လေး ရှာနေရင် ဒီဆိုင်လေးသာသွား။🥂✨
ဆိုင်နာမည်က “ WeGather Bar & BBQ“
⏰ ဆိုင်ဖွင့်ချိန် - 80 AM - 110 PM
☎️ဖုန်း - +𝟗𝟓𝟗 𝟕𝟗𝟖𝟎𝟓𝟏𝟐𝟐𝟓
📍 𝐍𝐨. 𝐀 𝟐𝟏𝟗, 𝐓𝐢𝐦𝐞𝐬 𝐌𝐚𝐥𝐥 𝐋𝐞𝐯𝐞𝐥 𝟐 , 𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#wegather #bar #restaurant #breakfast
#timescity #eatwithseng #foodreview #foodblog