7 w - Translate

OLED Display ၊​ Snapdragon X Processor နဲ့ဆိုတော့ မဆိုးဘူးပဲ 👀
.
HP ကနေ အခု Mainstream ဘက်ကို ဦးတည်တဲ့ OmniBook 5 Series Laptop အသစ် (၂) မျိုးကို Computex မှာ အသစ်မိတ်ဆက်လိုက်ပါတယ်။ ဒါကတော့ OmniBook 5 14 နဲ့ OmniBook 5 16 Laptop တွေပါ။
ဒီ OmniBook 5 Series Laptop တွေက နာမည်အတိုင်း 14" Screen Size နဲ့ 16" Screen Size ၂ မျိုးဖြစ်မယ်၊ စျေးနှုန်းအရ OmniBook 5 14 က $799 နဲ့ OmniBook 5 16 က $849 နဲ့ စရောင်းသွားမယ်။​
အခု HP OmniBook 5 Series Laptop တွေက ထူးခြားချက်က Processor ပိုင်းကို Snapdragon X (သို့) X Plus Processor တွေပဲ သုံးလာတာပါ။ ဒီလိုမျိုး Snapdragon X Processor တွေ သုံးလိုက်တဲ့အတွက် Battery Life သိသိသာသာကို ပိုကောင်းမယ် - HP ဘက်က ပြောတာဆိုရင် အမြင့်ဆုံး ၃၄ နာရီအထိ အားပြန်သွင်းစရာမလိုပဲ Video Playback သုံးလို့ရမယ်ဆိုပဲ။ အဲ့အပြင် Power ကြိုးဖြုတ်ထားလည်း Performance Drop တာမျိုးရှိမှာမဟုတ်ဘူး။
နောက်ပြီး သဘောကျဖို့ကောင်းတာက HP OmniBook 5 Series Laptop တွေက Display ပိုင်းမှာ OLED Display တွေဖြစ်သွားပြီ၊​ Resolution အနေနဲ့ FHD+ အပြင် 2K အထိပါ ရွေးလို့ရမယ့်ပုံပဲ။
တခြားက Snapdragon X Processor ကို သုံးထားတော့ 45 TOPS NPU ပါလာမယ်၊​ Copilot+ PC AI Feature တွေကိုလည်း အကုန်သုံးလို့ရမယ်။
ဒီ Laptop တွေက ပြန်အားသွင်းရင်လည်း 65W Power Adapter နဲ့ 0-50% ကို မိနစ် ၃၀ လောက်နဲ့ ပြန်အားသွင်းလို့ရမယ်၊ FHD IR Webcam တွေ၊ USB-C Port ၂ ခု ၊ 3.5mm Audio နဲ့ LAN Port တွေပါထည့်ပေးထားတယ်။ Laptop ကိုလည်း Recycled Aluminum နဲ့ Ocean-bound Plastic Material တွေကိုပေါင်းပြီး Lightweight Aluminum Design လုပ်ပေးထားတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာကို ဝင်မဝင် မသိရသေးပေမယ့် Global မှာတော့ ဇွန်လထဲမှာ စရောင်းသွားမယ်။ $799 ဝန်းကျင်မှာ ဒီလို Snapdragon X နဲ့ OLED Display ပါတဲ့ Laptop တွေ ရွေးစရာပိုများလာပြီ 👀

image
7 w - Translate

Xiaomi ရဲ့ XRING O1 Chip သုံးလာမယ့် Device အသစ်တွေ 👀
.
Xiaomi ကနေ လာမယ့် မေလ (၂၂) ရက်နေ့မှာ ကိုယ်ပိုင် 3nm Chip အသစ်ဖြစ်တဲ့ XRING O1 Chip ကို မိတ်ဆက်တော့မှာပါ။ အခုဆို မမိတ်ဆက်ခင်မှာ XRING O1 Chip ကို ပထမဆုံးသုံးလာမယ့် Device (၂) ခုကိုပါ ကြေညာလိုက်ပါပြီ...။
ဒါက သတင်းထွက်ထားသလို Xiaomi 15S Pro အပြင် Xiaomi Pad 7 Ultra တွေမှာ XRING O1 Chip ကို အသုံးပြုထားမှာဖြစ်ပါတယ်။
ပုံတွေအရ Xiaomi 15S Pro ဖုန်းက Leica Camera Setup ပါဝင်လာမှာဖြစ်သလို Xiaomi Pad 7 Ultra ဟာလည်း ဘေးဘောင်တွေပါးလွှာပြီး Selfie Camera နေရာမှာ Notch Design သုံးပေးထားတာကိုတွေ့ရပါတယ်။ Screen Size လည်း အနည်းဆုံး 12.4" လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဘာပဲဖြစ်ဖြစ် XRING O1 Chip က နောက်ဆုံးသတင်းတွေအရ Snapdragon 8 Elite နဲ့တောင် စွမ်းဆောင်ရည်ယှဥ်နိုင်နေတော့ ဒီ Xiaomi 15S Pro နဲ့ Xiaomi Pad 7 Ultra တွေက ဘယ်လောက်ကောင်းမလဲ စောင့်ကြည့်ရတော့မယ်... 👀

image

ဖြစ်နိုင်ရင်တော့ ဒီစာအုပ်ကို Relationship ထဲမှာ ပါဝင်သူ နှစ်ယောက်စလုံးက ဖတ်ထားသင့်ပါတယ် ။ ဒါပေမဲ့ စိုးရိမ်စရာတော့မရှိပါဘူး ။ တစ်ယောက်ယောက်က ဖတ်မိတဲ့အခါ သေချာပေါက် ကျန်တစ်ယောက်ကို ဖတ်ခိုင်းမှာပါပဲ။
အရောင်မတူတဲ့ Highlighter ၂ ချောင်းဝယ်ထားပြီး သူ့ကို ကိုယ် အဓိကပြောချင်တဲ့အချက်တွေ လိုင်းတားပြီး စာအုပ်ကြားခံထားရင်း ပြောလို့ တောင် ရပါတယ် ။
ကိုယ်ကိုယ်တိုင် မပြောဖြစ်တဲ့စကားတွေကို စာအုပ်က အစားပြောပေးတာမျိုးပေါ့။ ကိုယ့် ကိုယ်ကိုယ် အရိုးသားဆုံး ရှာဖွေတွေ့ရှိစေချင်တာကြောင့် ဒီစာအုပ်ကို နှစ်ယောက်အတူမဖတ်ဘဲ တစ်ယောက်တည်းရှိချိန် ဖတ်စေ ချင်တာပါ ။
ယောက်ျားနဲ့မိန်းမကြားက မတူညီမှုတွေကို အဓိက Highlight လုပ်ပြီး ရေးထားတဲ့စာအုပ်ဖြစ်တာကြောင့် Sterotype ဆန်တာတွေ ပါပါ လိမ့်မယ်။ Black or White ထင်ရှားစေချင်လို့ ရေးတဲ့နေရာမျိုးတွေမှာ Gray parts တွေ မှေးမှိန်နေတာမျိုးတွေ ပါပါလိမ့်မယ်။
ဥပမာ မိန်းမတွေဟာ ယောက်ျားတွေထက် Physical Strength အားနည်းတယ်ဆိုရင် ကျွန်တော် ပြောနေတာက ကမ္ဘာ့အသန်မာဆုံး ကာယဗလမယ်အမျိုးသမီးအကြောင်း မဟုတ်ပါဘူး။ ရိုးရိုးယောက်ျားနဲ့ ရိုးရိုးမိန်းမကို ပြောတာပါ။ယေဘုယျ အများစုကို ဆိုလိုတဲ့သဘောပါ။ယောက်ျားတွေဟာ မိန်းမတွေလောက် Multitasking မကောင်း ဘူးလို့ ပြောရင်လည်း Averageကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိန်းမတွေထက် Multitasking ကောင်းတဲ့ ယောက်ျားတွေ တစ်ပုံကြီးရှိနိုင်မှန်း သဘောပေါက်ပါတယ် ။ များသောအားဖြင့်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
တချို့စာပိုဒ်တွေဖတ်ရတဲ့အခါ အောင့်သည်းအောင့်သက်ဖြစ်ရတာ တွေရှိပါမယ်။
တချို့အပုဒ်တွေမှာ ကျွန်တော့်ကို စိတ်ဆိုးပါလိမ့်မယ်။
တချို့အပုဒ်တွေမှာ ကိုယ့်ဘေးက လက်တွဲဖော်ကို စိတ်ဆိုးပါလိမ့်မယ် ။ သဘောကျချင်စရာ၊ သဘောတူချင်စရာအချက်တွေကိုချည်းပဲ စာဖတ်သူအကြိုက်ချပြီး ရေးထားတာမဟုတ်လို့ ရေးထားသမျှကို ဟုတ် တယ်၊ မှန်တယ်ချည်းထင်နေတယ်ဆိုရင်တောင် တစ်ခုခုမှားနေပြီ ပြောရမှာပါ။
ဒါပေမဲ့ သေချာပေါက်ပြောနိုင်တာတစ်ခုကတော့
ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အချိန်မှာRelationslipကို
အရင်က တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ပုံစံတစ်ခုနဲ့ ရှုထောင့်အသစ်ကနေပြောင်းပြီး တန်ဖိုးထားကြည့်မြင်တတ်လာ လိမ့်မယ်ဆိုတာပါပဲ။🌻
#ရာဇာဝိဇယ
#မဖတ်ရမြဲတတ်သည်

image

ဒီနေ့ မင်းကို စကားလက်ဆောင်တစ်ခု ပေးချင်တယ် ။
“ချစ်ခြင်းတရားကို မရှာတော့တဲ့အခါ
ချစ်ခြင်းတရားကို ရလာတယ် ။
ပျော်ရွှင်ခြင်းကို မရှာတော့တဲ့အခါ
ပျော်ရွှင်ခြင်းကို ရလာတယ် ။
ဘဝရဲ့ အဓိပ္ပာယ်ကို မရှာတော့တဲ့အခါ
ဘဝရဲ့ အဓိပ္ပာယ်ကို ရလာတယ် ။
ဘာလို့လဲဆိုရင် ဒီအရာအားလုံးဟာ
ငါတို့ဆီမှာပဲ ရှိနေခဲ့လို့ပါ။

image

လူဆိုတာ ထိန်းချုပ်နိုင်စွမ်း ရှိရမယ် ။
လူတွေအားလုံးမှာ ဆန္ဒဆိုတာ ရှိကြတာပဲ ။
တိရစ္ဆာန်တွေမှာလည်း ဆန္ဒဆိုတာ ရှိတာပဲ ။
လူ နဲ့ တိရစ္ဆာန်ရဲ့ ကွာခြားမှုက တစ်ခုပဲ ရှိတယ် ။
အဲဒါက အသိဉာဏ် နဲ့ ထိန်းချုပ်မှုပဲ ။
ဆန္ဒရှိသလိုသာ လွတ်လပ်စွာ လုပ်ခွင့်ရရင်
လူတွေဟာ တိရစ္ဆာန်တွေ ဖြစ်ကုန်တော့မှာပေါ့ ။
လူ့ဘဝရဲ့ အနှစ်သာရကိုက ထိန်းချုပ်ခြင်းပါ ။
#မရှိမဖြစ်မိုး #ဂျူး

image
7 w - Translate

လီဆူလူမျိုး
လီဆူလူမျိုး (အင်္ဂလိပ်: Lisu people; တရုတ်: 傈 僳 族, Lìsù zú; ထိုင်း: ลีสู่; လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ) သည် တိဗက်-ဗမာနွယ် လူမျိုးစု ဖြစ်ပြီး မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ အရူနာချာပရာဒစ်ပြည်နယ်တို့ရှိ တောင်တန်းထူထပ်သော ဒေသများတွင် နေထိုင်ကြသည်။
လူဦးရေ စုစုပေါင်း= ၁,၂၀၀,၀၀၀ (ခန့်မှန်း))
အများစု နေထိုင်သည့် နေရာ
တရုတ်နိုင်ငံ (ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်)၊[၁] မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အနောက်-အရှေ့ အိန္ဒိယ (အရူနာချာပရာဒစ်ပြည်နယ်)
ဘာသာစကား=လီဆူ၊ Lipo, လေမယ် နှင့် နော
ကိုးကွယ်မှု=ခရစ်ယာန်ဘာသာ, Animism နှင့် ဗုဒ္ဓဘာသာ
လီဆူလူမျိုးသည် တိဗက်မြန်မာအနွယ်ဝင် လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ လီဆူလူမျိုးတို့တွင် အဓိကအားဖြင့် အနွယ်(၃)မျိုးရှိသည်ယင်းတို့မှာ လီဆူမည်း၊ လီဆူဖြူနှင့် ပန်းလီဆူ ဟူ၍ပင်ဖြစ်သည်။ လီဆူအနွယ်တို့သည် ၎င်းတို့၏ မူလနေရင်းဌာနေဖြစ်သော သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသ၌ နေထိုင်လျက် ရှိနေကြပြီး၊ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနေရပေသည်။ လီဆူအနွယ် သုံးမျိုးတွင် ဆွေမျိုးပေါင်း (၁၄) စုခန့်ရှိသည်။ ယင်းတို့မှာ ဂျာခေါ်ဆွေမျိုးနှင့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရသော ဆွေမျိုးစုများ ဖြစ်ကြလေသည်။
မြောက်ဖျားဒေသရှိ လီဆူတို့သည် ပူတာအို၊ လောခေါင်နှင့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနှင့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စသည့်အရပ်များတွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ တစ်နေရာတည်းတွင် အတည်တကျ နေထိုင်တတ်ခြင်း မရှိသဖြင့် လီဆူတို့ကို မြန်မာနိုင်ငံ၏ ဂျစ်ပစီလူမျိုးများဟု တင်စား ခေါ်ဆိုနိုင်ကြပေသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။

#knowledge
#knowledgesharing

image
7 w - Translate

နာဂလူမျိုး
နာဂလူမျိုးတို့သည် မြန်မာနိုင်ငံမြောက်ဘက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ နာဂတောင်တန်းတွင် နေထိုင်ကြသူများဖြစ်သည်။ သီးခြားနေထိုင်သော အုပ်စုလေးများ​​ဖြစ်ပြီးနာဂမျိုး စုစု ပေါင်း များစွာ ကွဲပြားလျက် ရှိသည်။ လူမျိုးများအားဖြင့် တစ်မျိုးတည်း ဖြစ်သော်လည်း ယင်းတို့ နေထိုင်ရာဒေသ၏ ပထဝီဝင် အနေအထားကိုလိုက်၍ စကားနှင့် ဓလေ့ထုံးစံများ အနည်းငယ်စီ ခြားနားကွဲလွဲနေကြ ရသည်။
ထင်ရှားသော နာဂလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂတောင်တန်းများတွင် နေထိုင်ကြသော ခယ်မြူငန် (နောက်ကော်) နာဂ၊ လိုင်းနောင် (ထန်ဂန်) နာဂ၊ တန်ရှန်း (တန်ဆား၊ဟိုင်းမီ၊ပန်မီး) နာဂ၊ ပါရာနာဂ၊ မကူရီနာဂ၊ တန်ခွန်နာဂ၊ ကောန်ညက်နာဂ၊ အနန်နာဂ၊ မောန်ဆန်းနာဂ၊ မော်ယောန်းနာဂ၊ လမ်းကန်းနာဂ၊ ခေါင်ဆိုင်နာဂ (မသေချာပါ) တို့ဖြစ်သည်။ အာသံနယ်ဘက်ခြမ်းရှိ နာဂတောင်တန်းတွင်မူ အန်ဂါမီနာဂ၊ ကောန်ညက်နာဂ၊ အောင်းနာဂ၊ ကျာ့ခဆန်းနာဂ၊ လော်ထားနာဂ၊ ဆန်းထန်းနာဂနှင့် ဆီးမား (ဆူမီး) နာဂ စသည်တို့ ထင်ရှား၏။
နာဂတစ်မျိုးလုံးကို ခြုံကြည်လျှင် ရုပ်ရည်မှာ မြန်မာနှင့် အလွန်တူ၏။ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ အရပ်မြင့်၏။ မိန်းမများ ဝတ်ဆင်သည့် အပြာရောင် အင်္ကျီသည် မွန်ကိုလူမျိုးတို့နှင့် ဆင်ဆင်တူ၍ မျက်နှာဝိုင်းသည့် မိန်းကလေးများသည် အပျိုဆိုလျှင် ဆံပင်အရှည်မထား၊ ကတုံးနီးပါးခန့် ရိပ်ထား၏။ အိမ်ထောင်ပြုမှသာလျှင် ဆံပင်အရှည် ထားကြသည်။ ယောက်ျားများသည် ခြေထောက်နှင့် ခါးကြီးကွင်းများ ဆင်ယင်ကြသည်။ နားပေါက်၌ ချဉ်မျှင်စများ သွင်းထားကြသည်။ ပုတီးကုန်းများ၊ ခရုခွံများကို “ကျား”ရော “မ”ပါ တပ်မက်စွာ ဆင်ယင်ကြသည်။
နာဂလူမျိုးများသည် သင်္ခြိုင်းဂူများကို ရွာထဲ၌လည်းကောင်း ရွာလမ်းနံဘေး၌ လည်းကောင်း တည်ထားကြသည်။ ဂူပေါ်တွင် တင်ထားသော ကျောက်တုံးများကို ကြည့်ပါက ထိုသူ အသက်ရှင်စဉ်က ခေါင်းဖြတ်ခဲ့သမျှကို သိရှိနိုင်ရန်ဖြစ်ပြီး ကျောက်တုံးငယ်များမှာမူ သူ၏ ချစ်သူ အရေအတွက်ကို ဖော်ပြထားခြင်းဖြစ်၏။ အချို့လူများ၌ ကျောက်တုံးငယ် (6 ခန့်ကိုပင် တွေ့ရတတ်သည်။
နာဂလူမျိုးများ ကိုင်ဆောင်သော လက်နက်မှာ လှံ၊ တုတ်ရှည်ထိပ်တွင် ဓားမတိုသဖွယ် တပ်ဆင်ထားသော လက်နက်နှင့် လေးမြှားတို့ပင်ဖြစ်သည်။ လှံတံ၌ ဆိတ်မွှေးများကို ရောင်စုံဆေးဆိုး၍ တပ်ဆင်ထားကြ၏။ လှံသွားတွင် အဆိပ်လူးလေ့လည်းရှိ၏။ ပေ (၃၅) မှ (၄၀) အတွင်း လက်မှန်းတည့်အောင် ပစ်နိုင်စွမ်းရှိသည်။
စစ်တိုက်နည်း
ပြင်ဆင်ရန်
နာဂတို့ စစ်တိုက်နည်းမှာ ညဉ့်ဘက်တွင် ရွာတစ်ရွာကို ဝိုင်းထားပြီး နံနက်လင်းသည်နှင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ အုပ်စုတစ်စုက ရွာထဲကိုဝင်၍ မြင်မြင်သမျှကို ခေါင်းဖြတ်တိုက်ခိုက်၏။ အခြားအုပ်စုက ရွာနှင့်မလှမ်းမကမ်းရှိ စပါးကျီးများကို မီးတင်ရှိုလေ့ရှိသည်။
နာဂလူမျိုးတို့ ခေါင်းဖြတ်ရခြင်းမှာ ထိုသို့ ခေါင်းဖြတ်ရခြင်းအားဖြင့် မှော်အတတ်ကို ရရှိနိုင်သည်ဟု အစွဲအယူ ရှိကြသောကြောင့်ဖြစ်၏။ အချို့ ခေါင်းအရနည်းလျှင် ခေါင်းတစ်လုံးတည်းကိုပင် ဝေခြမ်းယူကြရသည်။ ခေါင်းများများ ဖြတ်နိုင်သူသည် လူစွမ်းကောင်းဖြစ်ပြီး ထိုသူ၏ အိမ်ပေါက်ဝ၌ ဖြတ်ထားသော ခေါင်းများကို ကြိမ်ကြိုးနှင့် ချီလျက် ဆွဲချိတ်ထားသည်ကို တွေ့နိုင်ကြသည်။

#knowledge
#knowledgesharing

image
7 w - Translate

ကမ္ဘာ့အကြီးဆုံး ဘောပင်သည် သစ်ကုလားအုတ်ထက် အရပ်ရှည်တယ်လို့ ဆိုသည်။
2011 တုန်းက India က လူတစ်ယောက်ဟာ အရမ်းကြီးတဲ့ ဖောင်တိန်ဘောပင် ကို ဖန်တီးခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။
ဘောပင်၏ အရွယ်အစား အရှည်သည် 5.5 မီတာရှည်ပြီး အလေးချိန် 37 ကီလိုဂရမ်ကျော်ရှိ လူနှစ်ယောက် မ က အမှန်တကယ်ရေးနိုင်သည်ဟု ဆိုပါတယ်။
ဘောပင်ရဲ့ အရည်အသွေးကို အပြည့်အ၀လုပ်ဆောင်နိုင်ပြီး လုပ်ဖူးသမျှ အကြီးဆုံးဘောပင်အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ရရှိထားပါတယ်။
အိတ်ဆောင်အရွယ်အစား အတိအကျမဟုတ်သော်လည်း ဘောလ်ပင်ဂိုးများ အတွက် အသုံးဝင်မယ့်် မှ သေချာပါသည်။
#knowledge
#knowledgesharing

image
7 w - Translate

K›ung F›ood (2018)

Family/Adventure
IMDb : 5.3/10
RottenTomatoes : 45%

ဇာတ်လမ်းအကြောင်းလေးကတော့ပေါင်ဟာဆိုရင် အပူပေးပြီးပေါင်းထားတဲ့ပေါင်မုန့်လေးဖြစ်ပြီးတော့ အမြဲတမ်းဟီးရိုးတစ်ယောက်ဖြစ်လာဖို ကမ္ဘာကြီးကိုကယ်တင်ဖိုအတွက်ဆိုပြီးပဲ တွေးနေတဲ့သူဖြစ်ပါတယ် ဒါနဲ့တစ်ရက်မှာတော့သူ့ရဲ့ဆရာဖြစ်သူက အပြင်လောကကြီးကိုစူးစမ်းပြီး မကောင်းတဲ့သူတွေကိုနှိမ်နင်းဖိုအတွက်ဆိုပြီး ပေါင်လေးကိုအပြင်ကိုလွှတ်လိုက်ပါတယ်

ဒီလိုနဲ့စူပါပေါင်လေးဟာပင်လယ်ထဲကိုထွက်မယ့်သင်္ဘောကြီးတစ်စီးပေါ်ကိုလိုက်ပါလာခဲ့တာပေါ့ ဖြစ်ချင်တော့စူပါပေါင်လေးစီးလာတဲ့သင်္ဘောကိုပင်လယ်ဓားပြတွေကဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ်

အမြဲတမ်းဟီးရိုးတစ်ယောက် သူရဲကောင်းဖြစ်ချင်နေတဲ့ပေါင်အတွက် လူစွမ်းကောင်းဖြစ်ဖိုအခွင့်အလမ်းရလာတယ်ပြောရမှာပေါ့ ပေါင်မုန့်လေးဖြစ်တဲ့ပေါင်ဟာမကောင်းတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲ သူဖြစ်ချင်တဲ့သူရဲကောင်းအဖြစ်ကိုရောက်ရှိနိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်

image
7 w - Translate

R›afadan T›ayfa 4: H›ayrimator (2023)

Animation
IMDb : 5.4/10
Box Office : 6.7/10

ဒီကာတွန်းကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တူရကီကာတွန်းဇာတ်‌ကားလေးပဲဖြစ်ပါတယ်။

Hayri လိုခေါ်တဲ့ ဉာဏ်ကြီးရှင်ကောင်လေးဟာ Hayrimatör လိုခေါ်တဲ့စက်ရုပ်ကြီးကိုတည်ဆောက်နေခဲ့ပေမယ့် အလုပ်လုပ်စေဖို လုံလောက်တဲ့စွမ်းအားရှိမနေခဲ့ပါဘူး။ ဒီတော့ သူ့ရဲ့မိတ်ဆွေဂြိုလ်သားလေး Zobi ကိုအကူညီသွားတောင်းပါတော့တယ်။

Zobi ကလည်း သူ့ရဲ့လက်စွပ်ကိုပေးလိုက်ပြီး မပျောက်‌ အောင်ဂရုစိုက်ဖိုနဲ့ ဒီလက်စွပ်က သူ့အိမ်ပြန်ဖိုလက်မှတ်ဖြစ်ကြောင်းပြောပြီး ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ Hayri က သူ့ရဲ့စက်ရုပ်ကိုပဲအာရုံစိုက်နေတဲ့အတွက် Rafadan Crew အဖွဲသားတွေအပေါ် ပျက်ကွက်လာတာတွေရှိလာပါတယ်။

လက်စွပ်အကြောင်းကိုကြားသွားတဲ့ လူဆိုးကြီး Mr Spy ဟာ Hayrimatör ဆီကနေ လက်စွပ်ကိုခိုးယူဖိုကြိုးစားပါတော့တယ်။ဒီတော့ Mr.Spy ဆီကနေ Hayri တိုလက်စွပ်ကိုဘယ်လိုပြန်ယူကြမလဲ Rafadan Crew ကရော အရင်လိုစည်းလုံးနိုင်ပါ့ဦးမလားဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်…

image