2 w - Translate

"The Melody of Ocean 🎶 🎶 🌊🌊"
တိုင်းဧရာ မှာရှိတဲ့ လှပတဲ့ ကမ်းခြေများရဲ့ ရေလှိုင်းသ‌ဏ္ဍာန် နှင့် ပင်လယ်အရောင် ကို ရောစပ် Inspired ယူပြီး Designer Emerald Thu Zar မှ ဖန်တီးချူပ်လုပ်ထားသည့် "The Melody of Ocean" Evening Gown နှင့် ယနေ့ည Preliminary Night တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည် တိုင်း‌ဧရာရဲ့ တခုတည်းသော ကိုယ်စားပြု Miss Universe Pathein ကို အားပေးကြပါဦးရှင်
Dress Designer - Designer Emerald Thuzar
Hair Do & Make up - Ko Pan
Photo by - Sai Aikuu (DJ Photography)
Retouch by - Zeyar Htun (DJ Photography)
Contact Lens - FreshtoneMyanmar
Arranged by - Miss Universe Pathein Organization
Thank you all ❤️❤️
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image

ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော် 😋😋
**********
ဒီဟင်းလေးကလေ မကြိုက်တဲ့သူ မရှိလောက်တဲ့
ချဉ် ငံ စပ် ဟင်းလေး တစ်ခွက်ပါ။
ထမင်းစားမြိန်လွန်းလို့ အိမ်သားတွေ
ဒီဟင်းပွဲမှာ လက်ဆုံစေတဲ့ ဟင်းလျာလေးပေါ့။

ချက်နည်းလေးက 🌶 🍅 🧄 🧅
*****
မန်ကျည်းသီးကို သဲစင်အောင် ရေသယ့်ဆေးပြီး
မန်ကျည်းသီးဖပ်လေးတွေကို ရေစိမ်ထားပါ။

ခရမ်းချဉ်သီး ကြိတ်ထားပါ။

ငါးကွမ်းရှပ်ကို အတုံးတုံးပြီး ရေဆေး ရေစစ်ထားပါ။

အိုးထဲ ဆီထည့်ပြီး နနွင်းထည့်ပါ။
ဆီ အပူပေးပီးရင် ငါးကွမ်းရှပ် ထည့်ပါ။
အပေါ်ယံလေး နီရံရုံလေးသာကြော်ပြီး ဆယ်ထားပါ။

ဆီကျန်ထဲကို ငရုတ်သီးအခြောက်တောင့်လေးထည့်ပြီး
မီးအားသင့်ရုံနဲ့ ကျွတ်ရုံလေး ကြော်၍
ဆယ်ယူထားပီးရင် အမြှီးဖြုတ်ထားပါ။

ထိုဆီထဲကို
ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီး ဆီသတ်ပါ။

ကြက်သွန် ရွလာခါနီးမှာ မီးအားလျှော့၍
ငရုတ်သီး အကြမ်းဖပ် ထည့်မွှေပြီး
အကြမ်းဖပ် ရွလာတဲ့အခါ

​ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်၍
မီးအားပြန်တင်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီး စိမ်းနံ့ပျောက်ရင်

ရေဆေးထားတဲ့ ငါးကွမ်းရှပ်တုံးလေးများ ထည့်မွှေပီးတာနဲ့
ခုနက ရေစိမ်ထားတဲ့ မန်ကျည်းသီးဖပ် နဲ့
မန်ကျည်းရည်တွေ အားလုံး လောင်းထည့်လိုက်ပါ။

ဟင်းချိုမှုန့်, သကြားအနဲငယ်လေး ထည့်မွှေပြီး အဖုံးအုပ်ထားပါ။

ဆူပွက်လာရင် မီးအားလေးလျှော့ပီး အဖုံးအုပ်တည်ပါမယ်။
မီးအားလျှော့ , အဖုံးအုပ် တည်ပေးပါမှ
ငါးကွမ်းရှပ်တုံးလေးတွေပါ အတွင်းသားထိ အိလာသလို
ငါးခြောက်အသားတုံးလေးထဲကိုလည်း
အရသာ စိမ့်ဝင်စေမယ့်အပြင်
ငါးခြောက်တုံးမှာ ရှိတဲ့ အငံဓါတ်လေးတွေကလည်း
ဟင်းအနှစ်ထဲကို စိမ့်ဝင်စေပီး
အနှစ်နဲ့ ငါးခြောက် အရသာ တစ်သားတည်း ကျနေမှာပါ။

အဖုံးလေးဖွင့်ဖွင့်ပြီး မွှေမွှေပေးပါ။

ခုနက ရွနေအောင်
ကြော်ထားတဲ့ ငရုတ်သီးကြော်များပါ ထည့်မွှေပေးပါ။

ဆီပျံခါနီးမှ အရသာ မြည်းပေးပါ။
ပုံမှန်အားဖြင့်တော့ ငါးခြောက်က
တဖြည်းဖြည်းနဲ့ အငံထွက်လာတာမို့ အငံထည့်စရာ မလိုပါဘူး။
လိုတယ်ထင်မှ ဆားလေး သင့်ရုံထည့်ပေးပါ။

ဆီပျံလာရင်တော့
ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေး ရပါပြီ။

🍚 ပြီးရင်တော့ ထမင်းပူပူလေးနဲ့
ရှူးရှူးရှဲရှဲ ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေးရဲ့
ဟင်းအနှစ်လေးတွေနဲ့နယ်ပြီး ငါးခြောက်တုံးလေး နဲ့
ငရုတ်သီးခြောက်တောင့်လေးကို
ကိုက်ပြီး မြိန်ရှက်စွာ စားသုံးလို့ရပါပြီ။

ငါးကွမ်းရှပ် မရှိရင်လဲ
မိမိနှစ်သက်ရာ ငါးခြောက်နဲ့ ချက်စားလို့ ရပါတယ်။

image

တစ်မျိုးထဲနဲ့စားမြိန်စေမယ့် အသီးရွက်စုံချိုချဥ်ကြော်

အသီးရွက်ကြိုက်သူများ အထူးနှစ်သက်စေမယ့်
ဟင်းချက်နည်းလေး လာပြီဝေ့ 🤩

ချိုချဥ်ဆော့စ်အရည်စပ်နည်းလေး အဓိကထား
ဝေမျှပေးထားတာမို့ ချိုချဥ်ကြော်ကောင်းကောင်းလေး
အိမ်မှာချက်စားလိုသူတွေအတွက် ချက်နည်းလေးအတိုင်း
အိမ်မှာလက်ရာစမ်းကြည့်ကြဖို့ အကြံပြုပါရစေနော်

အသေးစိတ်ချက်နည်း 👇🏻

2 w - Translate

Miss Universe Myanmar 🇲🇲 2025
Universe Dream 💫 လို့ နာမည်ရတဲ့
Official stage တဲ့ကွယ် 👑
အမေစိုးကို ကျော်လို့ရမလား ☝🏻✨
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
2 w - Translate

Miss Universe Myanmar 🇲🇲 2025
Universe Dream 💫 လို့ နာမည်ရတဲ့
Official stage တဲ့ကွယ် 👑
အမေစိုးကို ကျော်လို့ရမလား ☝🏻✨
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
2 w - Translate

Miss Universe Myanmar 🇲🇲 2025
Universe Dream 💫 လို့ နာမည်ရတဲ့
Official stage တဲ့ကွယ် 👑
အမေစိုးကို ကျော်လို့ရမလား ☝🏻✨
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

imageimage

ပုဇွန်မာဆလာ (Prawn Masala)

ပုဇွန်ကို အကောင်လိုက် ရေအရင်ဆေးပါ။ ပြီးလျှင် အမြီးဖျားညှပ် ခေါင်းညှပ် သွားထုတ် ပြီးလျှင် အခွံမခွာဘဲ အခွံနှင့်အတူ ကျောခွဲပြီး အညစ်အကြေးထုတ်ကာ ရေဖွဖွဆေးပါ။ ပြီးလျှင် ပုဇွန်ကို ဆား နှင့် အရသာမှုန့် နယ်ကာ ၁၅ မိနစ်ခန့်နှပ်ထားပါ။

ကြက်သွန်နီ+ ကြက်သွန်ဖြူ+ ဂျင်း + ငြုပ်သီးအပွခြောက် ရောထောင်းပါ။ မန်ကျည်းသီမှည့်ကို ရေနွေးစိမ်ထားပါ။ ကြက်ဥတစ်လုံးကို ခေါက်ထားပါ။ ရှမ်းနံနံ နှင့် ဟင်းရွက်မာဆလာ ကို အဆင်သင့်ပြင်ထားပါ။

အိုးထဲတွင် ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျှင် ထောင်းထားသော ငြုပ်သီးကို ထည့်ပါ။ မွှေးလာလျှင် မာဆလာ ထည့်ဆီသတ်ပါ။ ပြီးလျှင် ရေနွေးနည်းနည်းထည့်၍ အနှစ်ဖြစ်အောင်ချက် ပါ။ အနှစ်ထဲ အရသာ တခါတည်း ပြင်ပါ ဆား+အရသာ မှုန့်လိုသလိုထည့်ပါ။ ပြီးလျှင် ပုဇွန်ထည့်ပါ။ ပုဇွန် မကျက်တကျက်တွင် မန်ကျည်းသီးမှည့်အနှစ်ရည်ကို ထည့်ပါ။ ဆူလာလျှင် ခေါက်ထားသော ကြက်ဥထည့်ပါ။ ကြက်ဥနှစ် မန်ကျည်းနှစ် လိပ်စပြုလျှင် ရှမ်းနံနံအုပ်ပါ။

ပုဇွန်မာဆလာချက်ရပါပြီ!

image

ငါးသလောက်ပေါင်းအလွယ်ကူဆုံးနည်း

ငါးသလောက် တစ်ကောင်ကို အကြေးထိုး,
အူဖောက် သန့်စင်ပီး

ဆား,သကြား,အရသာမှုန့် နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍ နာရီဝက်ခန့် နှပ်ထားပေးပါ။

ခရမ်းချဉ်သီး နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်နီ နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်ဖြူမွှာလေးများ မထူမပါး လှီးထားပါ။

ငါးသလောက် ပေါင်းပါတော့မယ်။

***

အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင် အပူပေးပီး မီးခဏပိတ်ပါ။

နှစ်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီ ခရမ်းချဉ်သီးကို အောက်မှခံပြီး ခင်းပါမယ်။

ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။

ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါမယ်။

မီးအားမပြင်းစေပဲ တည်ထားပါမယ်။ ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါမယ်။

ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။

ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။

image