Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သဘာဝဘေး ကူညီထောက်ပံ့ရေး လူမှုအကျိုးပြုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အာရှဘောလုံးအဖွဲ့ချုပ်တွေ့ဆုံ ဆွေးနွေး
အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ လူမှုရေးလုပ်ငန်းများအတွက် ဖွဲ့စည်းတည်ထောင်ထားသည့် AFC Dream Asia Foundation အနေဖြင့် သဘာဝဘေး ကူညီထောက်ပံ့ရေး လူမှုအကျိုးပြုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ယနေ့ အောက်တိုဘာ (၂၉) ရက် နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သဘာဝဘေး ကူညီထောက်ပံ့ရေး လူမှုအကျိုးပြုလုပ်ငန်းများ အပါအဝင် အာရှဒေသနိုင်ငံများ၏ ကလေ-းသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး ထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို ဆွေးနွေးပွဲသို့ AFC Dream Asia Foundation ဦးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဆော်ဒီအာရေဗျ အိမ်ရှေ့ မင်းသား HRH Prince Abdulaziz Bin Turki Al Faisal၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ နှင့် AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Major General Khiev Sameth၊ Hong Kong China ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Timothy Fok Tsun Ting တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်လည်ပြုပြင်ထားသည့် မုံရွာမြို့မှ မီးပွိုင့် (၁၀)ခုကို ဆိုလာစနစ်တပ်ဆင်ထား
ပြန်လည်ပြုပြင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကမီးပွိုင့် (၁၀)ခုကို ဆိုလာစနစ်တပ်ဆင်ထားကြောင်းအမှတ် (၁၇) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှုး ရဲမှုးမိုးကျော်ထံမှသိရသည်။
"မီးပွိုင့်ကောင်းရင် လမ်းအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးကို အထောက်အကူပြုပါတယ်။ ယာဥ်မောင်းသူတွေအနေနဲ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာမောင်းနှင်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု အမှတ် (၁၇) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှုး ရဲမှူးမိုးကျော်က ပြောသည်။
မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့်မြို့ပတ်လမ်းဆုံမှ မြို့ပတ်လမ်းမီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် တရုတ်တန်းလမ်းဆုံမှ မြို့လယ်မီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက်ကာလမ်းဆုံမှ ဇောတိကမီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် လယ်တီလမ်းဆုံမှ တမာတန်းမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းဆုံမှ ထန်းတောမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် ကျောက်ကာလမ်းဆုံမှ ကျောက်ကာမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံမှ သာစည်မီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် လယ်တီလမ်းဆုံမှ ရေစင်မီးပွိုင့်၊ ကျောက်ကာလမ်းနှင့် ရန်ကင်းလမ်းဆုံမှ ရန်ကင်းမီးပွိုင့်နှင့် ကျောက်ကာလမ်းနှင့် ရေကူးကန်လမ်းဆုံမှ ရေကူးကန်မီးပွိုင့်တို့ကို ပြုပြင်ထားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေလမ်းညွှန်ပံ့ပိုးပေးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး လျပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယတိုင်းဒေသကြီး အင်ဂျင်နီယာက အတွင်းရေးမှုးဆောင်ရွက်ကာမုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် အမှတ် (၁၇)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတပ်ဖွဲ့ခွဲမှုးတို့က မီးပွိုင့်များကို၂၀၂၄ ခု၊ ဇွန်လ (၁၃)ရက်မှ စတင်ပြင်ဆင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ရှိမီးပွိုင့် (၁၀)ခုသည် ၂၀၂၁ ခုနှစ်မှ စတင်၍ ဖျက်ဆီးခံခဲ့ရရာ မီးလုံးမှအပ ကျန်သည့်ပစ္စည်းများ ပျက်စီးသွားသည့်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြန်လည်စည်ကားလာသည့် မုံရွာမြို့တွင် မီးပွိုင့်များ ပြန်လည်ပြုပြင် ဆောင်ရွက်ရန် ဆုံးဖြတ်ညွှန်ကြားလာသည့်အတွက် (၃)လ ကျော်ကာလအတွင်း အပြီးပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတီဖင်ကာရီ ခြေကျင်းဝတ်ဒဏ်ရာ ရရှိ
-----------------
NBA ကလပ် ဂိုးဒင်းစတိတ် ဝါရီယာအသင်းရဲ့ အဓိက ကစားသမား စတီဖင်ကာရီဟာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တဲ့အတွက် လာမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ကာရီဟာ အောက်တိုဘာ ၂၇ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ LA ကလစ်ပါအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမတစ်ကြိမ် ခြေကျင်းဝတ်ကို ထိခိုက်တုန်းက ခဏအနားယူပြီး ပြန်ဝင်ခဲ့ပေမယ့် ဘယ်ဘက်ခြေကျင်းဝတ်ကို နောက်တစ်ကြိမ် ထပ်မံထိခိုက်ပြီးနောက်မှာတော့ ကာရီဟာ ဆက်မကစားနိုင် တော့ပဲ ကွင်းအတွင်းကနေ ထွက် သွားခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်းက ကာရီရဲ့ ခြေကျင်းဝတ်ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတယ်လို့ ထင်မှတ်ခဲ့ ပေမယ့် အသေးစိတ်စစ်ဆေးပြီးနောက် အရွတ်ကို ထိခိုက်မှု မရှိတဲ့အတွက် ပွဲအနည်းငယ်သာ လွဲချော်ရဖွယ်ရှိ တယ်လို့ ဆိုပါတယ်။
အခုရာသီမှာ ကာရီဟာ ဂိုးဒင်းစတိတ် ဝါရီယာအသင်းရဲ့ အဓိကကစားသမားတစ်ယောက်အဖြစ် လက်စွမ်းပြနေ တာဖြစ်ပြီး အသင်းအတွက် ပျမ်းမျှရမှတ် ၁၈ ဒသမ ၃ မှတ်နဲ့ ပျမ်းမျှဖန်တီးမှု ၇ ကြိမ်လောက်အထိ စွမ်းဆောင် ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုရာသီက ကာရီရဲ့ ကစားသမားဘဝ ၁၆ ကြိမ်မြောက် NBA ရာသီဖြစ်ခဲ့ပြီး ဒဏ်ရာတွေများနေတဲ့ ဂိုးဒင်းစတိတ်ဝါရီယာအသင်း အတွက် ကာရီရဲ့ ဒဏ်ရာသတင်းက သတင်းဆိုး ဖြစ်ခဲ့ပါတယ်။