22 w - Translate

Serum တဗူး ဝယ်ရမလား?
ဒီ Daily Sheet mask Box ဝယ်ရမလား? ဆိုရင် Nyi ဒီ Sheet mask Box လေးကို ပိုညွှန်းပါတယ်🌱🌸

Nyi က Sheet mask တွေ ကပ်ရတာ မကြိုက်မှန်း ဟိုးအရင် page စဖွင့်ခါစထဲက အမြဲပြောနေကျပါ။ Sheet mask တချပ် 4,5ထောင်ပေးပြီး ကပ်လိုက် ကြားထဲပျက်လတ်သွားလိုက် လုပ်မယ့်အစား Serum တဗူးဝယ်သုံးတာက ရေရှည်အတွက်ရော အသားအရေအတွက်ပါ အများကြီးပိုကောင်းလိမ့်မယ်လို့ပေါ့နော်။ ခုထက်ထိလဲ အဲ့လိုမျိုးခံယူထားဆဲပဲ။ Sheet mask တွေ စျေးပိုပြီးကြီးလာတယ်၊ Serum တွေဆိုလဲ တဗူးကို 5သောင်း 6သောင်းဖြစ်လာတယ်။ ဒါကြောင့် Nyi က ကောင်းနိုးရာရာလေးတွေ လိုက်သုံးကြည့်ရင်း ဒီ Hidden gems လေး 2ခုကို တွေ့တာပါပဲ။

ma:nyo က ထုတ်တဲ့ Thanks Berry Everyday Mask တဲ့။ ကိုယ်တွေရင်းနှီးကြတဲ့ Daily Sheet mask Box ပုံစံလေး။ ထူးခြားချက်က 100% Vegan🌱 ဖြစ်အောင် ပြုလုပ်ထားတာပါ။ Packaging လေးကလဲ ချစ်ဖို့ကောင်းပြီး အမြင်ဆန်းတယ် သုံးချင်စဖွယ်ဖြစ်ပါတယ်။ 2ခုလုံးမှာ Berry Extracts တွေ အဓိကပါဝင်ပြီး အစိမ်းလေးမှာ Green tea, ပန်းရောင်လေးမှာ Darjeeling tea ဆိုပြီး main ingredient အနေနဲ့ တွေ့ရတယ်ပေါ့နော်။ နောက်ထပ် 2ခုလုံးမှာ Sodium hyaluronate နဲ့ Glycerin ပါဝင်ပြီး Alcohol, Essential oil free ဖြစ်တယ်။ Fragrance ကိုတော့ last ingredient အနေနဲ့ မြင်ရပါတယ်။

သုံးရတဲ့ခံစားချက်မှာ Nyi က Packaging ရဲ့ ကျစ်လစ်မှု သေသပ်မှုကို သဘောကျပါတယ်။ အလေအလွင့် အဖိတ်အစင်မရှိဘဲ အသုံးပြုရတာ အဆင်ပြေတယ်။ အနံ့လေးတွေကလဲ ချစ်စရာ သင်းသင်းပျံ့ပျံ့လေးနဲ့ စိတ်ကိုလန်းဆန်းစေပါတယ်။ အစိမ်းလေးက Green tea နံ့စစ်စစ်ကို ရတယ်။ ပန်းရနံ့ အသီးရနံ့တွေ မကြိုက်တဲ့သူတွေ သဘောကျမယ်လို့ Nyi ထင်ပါတယ်။ ပန်းရောင်လေးကတော့ Tea နံ့ကို ပန်းရနံ့လေးတွေနဲ့ ရောစပ်ထားသလို ချိုဖန့်ဖန့်နဲ့ ဘိုဆန်တဲ့ရနံ့မျိုး။ အနံ့တွေ overpowering ဖြစ်မနေတာကို Nyi အရမ်းသဘောကျပါတယ်။

ဗူးအတွင်းမှာလဲ serum တွေကို ရွှဲနင့်နေရောပဲ။ Sheet mask တချပ်ချင်းစီ ဝယ်သလောက်တော့ အရည်တွေအရမ်းများမနေဘူးပေါ့နော်။ ဒါပေမဲ့လဲ သူ့တချပ်ကို ညှပ်လေးနဲ့ယူလိုက်ရင် ပုံထဲကလို serum တွေနဲ့ fully soaked ဖြစ်နေရော။ Nyi သုံးရသလောက် serum တွေကလဲ high quality ဖြစ်တယ်လို့ ခံစားရပါတယ်။ Very hydrating, Very soothing, Very relaxing လို့ ဆိုပါရစေ။ Serum ရဲ့ texture lightweight ဖြစ်မှု၊ စိမ့်ဝင်မြန်မှုကိုလဲ ချီးကျူးရပါမယ်။ ထပ်ပြီးကြွေမိတာက ကိုယ်လိုမျက်နှာကြီးတဲ့သူနဲ့တောင် သူ့ရဲ့ sheet mask က သေးနေတာမျိုးမရှိဘူး။ မျက်နှာပေါ်မှာ သက်သောင့်သက်သာနဲ့ အံကိုက်ဖြစ်နေရော။

10min ကပ်ပြီးသွားရင်လဲ မျက်နှာက ရေဓာတ်ပြည့်ပြီး ပြောင်တင်းကျန်ရစ်ခဲ့တယ်။ Nyi ကတော့ သူ့ကပ်ပြီးရင် serum ထပ်မလိမ်းတော့ပါဘူး။ အပေါ်ကနေ moisturizer လေးပဲ လိမ်းပေးလိုက်တယ်။ ဒီ ma:nyo Thanks Berry Everyday Mask ကနေ ရတဲ့အာနိသင်တွေဆိုရင် Hydrating, Calming, Soothing, Relaxing, Sebum control ဖြစ်တယ်လို့ Nyi တော့ ပြောချင်ပါတယ်။ Sheet mask Box တွေထဲ အဆီပြန် ဝက်ခြံအဆီဖုသမားကအစ သုံးလို့အဆင်ပြေတာတော့ သူ့ရဲ့အားသာချက်ပါ။

Overall အမြင်အရဆိုရင် Hydrating serum တဗူးနဲ့ စျေးချင်းအတူတူ ဒီ Sheet mask Box လေးကို တရက်ခြားတခါလောက် ကပ်တဲ့ result က Hydrating serum တဗူးကို နေ့တိုင်းလိမ်းတာထက် ပိုသိသာတဲ့ result ကို ရပါတယ်။ 2ရက်တကြိမ်ဆိုရင် တဗူးမှာ အချပ် 30 ပါတော့ 2လအသုံးခံပါလိမ့်မယ်နော်။ Budget လဲ save, Skin အတွက်လဲ ကောင်း, နွေရာသီရောက်လဲ သုံးလို့ရ ဆိုတော့ Nyi ကတော့ Highly recommend ပါလို့ အရမ်းကြိုက်ပါတယ်။ ခုဆို စျေးတွေလျှော့နေလို့ ပိုတောင်တန်သေးတယ်။

FYI >>> 15% discount ရှိလို့ ခုဝယ်မယ်ဆိုရင် 48000ks ကို 40800ks ပဲ ကျသင့်ပါမယ်ဗျ။

🛒 @KOCOS Myanmar

Disclaimer : Collab ē ma:nyo

#manyo #manyothanksberryeverydaymask #reviewbynyi #nyipick #nyipicksheetmask
#crd

image
image
image
22 w - Translate

gems
မိုးကုတ်မြ (Natural Diopside)🥬🥬🥬

22 w - Translate

တိုက်စစ်မှူး ၂ယောက် သုံးလို့ ဂိုးပိုရတာ မဟုတ်ပါဘူး …

‘ ဒီနေ့မှာ ကျွန်တော်တို့ ကော်ဘီကို သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါက ရက်စ်မက်စ် ( ဟွိုင်းလန်း ) နဲ့ရော၊ ဂျော့ရှ် ( ဇာ့ခ်ဇီး ) နဲ့ရော ပြဿနာ ရှိလို့ မဟုတ်ပါဘူး။ တခါတလေမှာ အသင်းဟာ မှန်ကန်တဲ့ အသုံးချမှုတွေနဲ့ အခြေအနေတွေကို ဖန်တီးရပါတယ်။

တိုက်စစ်မှူး ၂ယောက် သုံးလို့ ခင်ဗျား ဂိုးပိုသွင်းနိုင်တယ် ဆိုတာမျိုး မရှိပါဘူး။ ဒါက အသင်းလိုက် ပြဿနာ တရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲရဲ့ ရှုထောင့်အားလုံးမှာ တိုးတက်ဖို့ လိုပါသေးတယ်။ ‘ 🗣️ ရူဘင် အမ်မိုရင် ( ပဲလေ့စ်အား ၀-၂ နဲ့ အရေးနိမ့်အပြီး ဖြေကြားချက် )

image
22 w - Translate

အချစ်ဟာ တစ်ခါတစ်ခါ အရာရာ တစ်ခါတလေ ဘာမှမဟုတ်ပါဘူး..အချစ်ကို ဘယ်သူမှ ပြည့်စုံအောင်ဖွဲဆိုနိုင်ခြင်းမရှိ ချစ်နေရင်းနဲ့အချစ်ဆိုတာဘာလဲ မသိ နက်နဲတဲ့အချစ်…

အချစ်ဆိုသည်မှာ ကြည်နူးတဲ့အခိုက် လမင်းတစ်ရာ အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခိုက် နေမင်းကုဋေ ကုဋာ လို ကျွန်တော်တိုရဲ့ မှော်ဆရာကြီး ကိုငှက်(ထူးအိမ်သင်) က တေးသီသွားခဲ့ပါတယ်…

ကျွန်တော်တိုရဲ့ ဗိုင်အာဗာ မင်းသား ရမ် ချရနး က ဘယ်လို ဖော်ပြမလဲဆိုတာ ဒီကားမှာ ကြည့်ကြည့်လိုက်ပါ…

ကြည့်ပြီးသူတွေ ရှိသလို မကြည့်ရသေးသူတွေလည်း ကြည့်နိုင်အောင်လို ပြန်တင်လိုက်တာပါ…
ယောကျာ်းတစ်ယောက်ဟာ ဘယ်တော့မှ တစ်ဘဝစာ အချစ်နိုင်ဘူးလုံ ယုံကြည်ထားတဲ့ကောင်လေးတစ်ယောက် ရင်ခုန်လှိက်မောစရာ အချစ်ကို တည်မြဲဖို အမြဲတမ်းလမ်းခွဲနေရမယ်လို သူက သတ်မှတ်ထားတဲ့ ဒဿနကို လက်တွေ့ကျင့်သုံးတဲ့အခါ ဘယ်လိုမျိုးတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါစို့

#crd
#storymode

image
22 w - Translate

ဒီနေ့လို မနက်ခင်းတွေဟာ နိုးထရတာ အကျည်းတန်ဆုံးပဲဆိုတဲ့ ဝမ်း 💔

သူမတို့မိသားစုဘဝရဲ့ အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ကြရတာပါ။ ၂၀၂၁ နောက်ပိုင်းမှာ သူမတို့မိသားစုရဲ့ မပြောင်းလဲခိုင်မြဲတဲ့ ရပ်တည်ချက်ကြောင့် ယခုဆိုရင် မိမိရဲ့မွေးရပ်မြေနိုင်ငံမှာမဟုတ်ဘဲ အခြားသောတိုင်းတစ်ပါးမှာ ဘဝကို သုညကနေပြန်စတင်နေရတာပါ။ ၄ နှစ်မြောက်သွားပြီဖြစ်တဲ့ ဒီနေ့ဟာ သူမတို့အတွက် နိုးထရတဲ့ မနက်ခင်းကအစ အကျည်းတန်တယ်လို့ သူမကဆိုလိုက်တာပါ။

#celenews

image

*ဒီမိုကရေစီနိုင်ငံနှင့် လွတ်လပ်သော စာနယ်ဇင်းများ

ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းတို့သည် အစိုးရတို့၏ ထိန်းချုပ်မှုမှ ကင်းလွတ်ကြ၏။ အစိုးရတို့သည် ရွေးကောက်ပွဲသက်တမ်း တစ်ခုစာမျှစီ အုပ်ချုပ်ခွင့်ရကြ၍၊ ထိုကာလအတွက် ဖွဲ့စည်းမည့် အစိုးရအဖွဲ့များ၌ စာနယ်ဇင်းကို ထိန်းချုပ်သည့် ဝန်ကြီးဌာနမျိုး ပါဝင်လေ့မရှိပေ။ စာနယ်ဇင်း များတွင် ဖော်ပြမည့်အကြောင်းအရာကိုထိန်းချုပ်ခြင်း၊ စာနယ်ဇင်းသမားတို့၏ လုပ်ဆောင်မှုများနှင့် နောက်ကြောင်းရာဇဝင်များကို စုံစမ်းစစ်ဆေး၍ ကန့်သတ်မှုပြုခြင်း၊ စာနယ်ဇင်းသမားအား အစိုးရဩဇာခံ အဖွဲ့အစည်း များသို့ ဝင်ရောက်ရန် ဖိအားပေးခြင်း စသည်များကို ဒီမိုကရေစီအစိုးရတို့ ရှောင်ကြဉ်ကြသည်။

22 w - Translate

ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ညက ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်နက်ဆာအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပါတယ် ။ ဒီဂိုးတွေကြောင့် ရိုနယ်ဒို ဟာ သူ့အသက် ၃၉ နှစ်အတွင်းမှာ သွင်းဂိုးပေါင်း ၅၀ တိတိပြည့်မြောက်အောင် ရယူသွားနိုင်ခဲ့ပါတယ် ။ ရိုနယ်ဒို ဟာ အသက် ၃၀ ပြည့်ကတည်းက နှစ်တိုင်းနီးပါး ( ၃၇ နှစ်တစ်ခုတည်းသာ ) ဂိုး ၄၀ အနည်းဆုံးသွင်းယူထားနိုင်ခဲ့ပါတယ် ။ မနက်ဖြန်ဆိုရင်တော့ ဘောလုံးသမိုင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ကြီး ၄၀ နှစ်ပြည့်မြောက်တော့မှာပါ ။

image

မိုရာတာကို အေစီမီလန်ကနေ ဂါလာတာစာရေး အငှားနဲ့ခေါ်ယူ

ဖေဖော်ဝါရီ ၄

ဂါလာတာစာရေးအသင်းဟာ အေစိမီလန်အသင်း တိုက်စစ်မှူး မိုရာတာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ ယူရို ၆ သန်းနဲ့ အငှားခေါ်ယူခဲ့ပါတယ်။

ဂါလာတာစာရေးအသင်းဟာ မိုရာတာကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ အေစီမီလန်အသင်း က သူတို့ရဲ့တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မိုရာတာဟာ ဂါလာတာစာရေးအသင်းကနေ ဒီရာသီရဲ့ ဒုတိယရာသီဝက်အတွက် လုပ်ခလစာ ယူရို ၃ သန်းနဲ့ လာမယ့်ရာသီ ပထမရာသီဝက်အတွက် ယူရို ၃ သန်းရရှိမှာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ မိုရာတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသလက်တီကိုအသင်းကနေ အေစီမီလန်အသင်းထံ ယူရို ၁၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။

မိုရာတာဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဂါလာတာစာရေးအသင်းအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိုရာတာကို အပြီးသတ် ဝယ်ယူဖို့ အေစီမီလန်အသင်းထံ အကြောင်းကြားခဲ့ရင် ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတယ်လို့ တူရကီ ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဂါလာတာစာရေးအသင်း အနေနဲ့ မိုရာတာကို အပြီးသတ် မဝယ်ယူဘူးဆိုရင်လည်း အငှားကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးခွင့် ရှိနေပါတယ်။

ဒါအပြင် ဂါလာတာစာရေးအသင်းဟာ နောက်ထပ် သက်တမ်းတိုးမယ့် အငှားကာလ မကုန်ခင်မှာ မိုရာတာကို ဝယ်ယူမယ်ဆိုရင် ယူရို ၉ သန်းပေးချေကာ အပြီးသတ်ခေါ်ယူနိုင်မယ့် ဒုတိယရွေးချယ်ခွင့်ရှိနေတာပါ။

ဂါလာတာစာရေးအသင်း အနေနဲ့ ဒီပမာဏကို ၆ လ အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မိုရာတာဟာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အသလက်တီကိုနဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တာပါ။

ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

ပုံ - မိုရာတာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

သက်တမ်းကုန်ခါနီး မြန်မာလုပ်သား(၂)သန်းခန့်ထံမှ ဘတ် (၁၈၀ဝ) စီ ပိုကောက်မည့် ထိုင်းတို့အကြံ မြန်မာအစိုးရလက်မခံ

ဖေဖော်ဝါရီ ၄

သက်တမ်းကုန်ခါနီး ထိုင်းရောက်မြန်မာလုပ်သား (၂)သန်းခန့်ထံမှ ဘတ်(၁၈၀ဝ)ပိုကောက်မည့် ကိစ္စကို မြန်မာအစိုးရဘက်ကလက်မခံကြောင်း ထိုင်းအခြေစိုက် မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်‌နေသူများတွင် Passport ဖြင့် တရားဝင်သွားရောက်လုပ် ကိုင်သည့် MOU လုပ်သားများအပြင် တရားမဝင် သွားရောက်၍ CI ဖြင့် အလုပ်လုပ်ကိုင်နေသူများလည်း ရှိနေသည်။
၎င်းတို့အနက်မှ တရားဝင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများအနက် အလုပ် သမား(၂)သန်း နီးပါးသည် လာမည့်ဖေဖော်ဝါရီ (၁၃)ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း သိရသည်။

‘Work ပါမစ်နဲ့ ဗီဇာသက်တမ်းတိုးဖို့ပေါ့။ သက်တမ်းတိုးဖို့ကို အတိအကျဆို လူ(၁)သန်းနဲ့ (၇)သိန်းလောက်ရှိ တယ်။ တိုးဖို့ကို ထိုင်းဘက်နဲ့ ဗမာဘက်နဲ့ ပထမတော့ Pre MOU ဆိုပြီးတော့ MOU ပုံစံတစ်မျိုးပေါ့။ အဲဒီလိုမျိုး ပြောတဲ့အခါ ကျတော့ ထိုင်းဘက်က ပိုက်ဆံအပိုတွေ တောင်းတာ။ လာမယ့် (၂)လပိုင်း(၁၃)ရက်အကုန်ကုန်မှာ။ တစ် ယောက်မှမကျန်ဘူး။ ထိုင်းဘက်က နောက်ထပ် သက်တမ်း(၅)လထပ်တိုးပေးတယ်။ (၆)လပိုင်းအထိ ဖြစ်သွားတာ ပေါ့} ဟု ထိုင်းအခြေစိုက် မြန်မာသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ILO ဥပဒေနှင့်ညီစေရန်အတွက် ၎င်းတို့၏စက်ရုံ အလုပ်ရုံများ တွင်ရှိနေသည့် တရားမဝင် CI လုပ်သားများကိုလည်း တရားဝင်နှစ်နိုင်ငံအစိုးရ၏ အသိ အမှတ်ပြု MOU လုပ်သား များကဲ့သို့ ဖြစ်စေရေးကိုလည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်တမ်းပြန် တိုး မည့် တရားဝင် MOU လုပ်သားများ အပါအဝင် CI လုပ်သားများထံမှ ကုန်ကျစရိတ်အပြင် တစ်ဦး လျှင်ဘတ်(၁၈၀ဝ)ကို ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်(၁၈၀ဝ)ကို ထိုင်းအစိုးရနှင့် မြန်မာအလုပ်သမား သံအရာရှိတို့က ထိုင်းတွင်ဘတ်ငါးသန်းဖြင့် လိုင်စင်တင်ထားသည့် အေဂျင်စီများမှတစ်ဆင့် မြန်မာသံရုံးမှ ကောက်ခံ သည့် ခေါင်းစဉ်ဖြင့် ကောက်ရန် ကြိုးစားခြင်းဖြစ်သည်။ ၎င်းဘတ်(၁၈၀ဝ)ကို Namelist စစ်ရန်ပေးရသည့် သဘော မျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ရာ အဆိုပါကိစ္စကို မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိရှိသွားပြီးနောက် အဆိုပါကိစ္စသည် မြန်မာလုပ်သားများနှင့် နိုင်ငံတော်ကို ထိခိုက်နစ်နာနိုင်သည့်အတွက် မြန်မာ အစိုးရဘက်မှ လက်မခံကြောင်း သိရသည်။

အဆိုပါငွေကြေးများသည် မြန်မာသံရုံး‌‌ခေါင်းစဉ်ဖြင့် ကောက်ခံမည်ဆိုသော် လည်း မြန်မာအစိုးရ၏ဘဏ္ဍာငွေထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ ထိုင်းအစိုးရ၊ အေဂျင်စီနှင့် လုပ်သံအ ရာရှိများမှ အလွဲသုံးစားမလုပ်ဟုလည်း မပြောနိုင်ပေ။ အဆိုပါကိစ္စကို မြန်မာအစိုးရဘက်မှလက်မခံကြောင်း သိရသည်။

‘သဘောမတူတာမဟုတ်ဘူး။ ထိုင်းဘက်ကလုပ် တဲ့ဟာတွေကြိုက်တာလုပ်ပါ။ သူတို့ဘာသာသူတို့ ဗီဇာနဲ့ Work Permit သက်တမ်းတိုးပေးတာသူတို့ကိစ္စ။ ဟုတ်တယ်မလား။ ငါတို့စာအုပ်သက်တမ်းတိုးတာ ငါတို့ကိစ္စ။ အဲဒီတော့ ငါတို့စာအုပ်သက်တမ်း တိုးပေးမယ်။ တိုးပေးတဲ့အထဲမှာ သူတို့ကပါလာမှာ။ MOU လုပ်မယ်ဆိုပြီး သူတို့က လာဝင်မှာ။ ဝင်လာတဲ့အခါ သူတို့က ပိုက်ဆံကောက်မှာ။ ဒီဘက်ကလည်းကောက်၊ ဟိုဘက်ကလည်းကောက်။ အဲဒီတော့ သူတို့ဘက်က ဗီဇာနဲ့ Work Permit တိုးမယ့်ကိစ္စက မင်းတို့ဘာသာ မင်းတို့ကြိုက်သလိုလုပ် ဒီထဲမှာ လာမရောနဲ့ ငါတို့က လည်း ငါတို့စာအုပ်သက်တမ်းတိုးပေးဖို့ကိစ္စ ငါတို့လုပ် မယ်ဆိုပြီး ဖြစ်နေတာ’ဟု ထိုင်းရောက် အခြား သတင်းရင်းမြစ်တစ်ဦးက ဆက်လက်ပြောသည်။

မြန်မာအစိုးရအနေဖြင့် ထိုသို့ဆောင်ရွက်လိုက်ခြင်းသည် မြန်မာလုပ်သားများအတွက် ထိခိုက်နစ်နာ ခြင်းမျိုး မရှိကြောင်း သိရသည်။

သက်တမ်းကုန်ခါနီး မြန်မာလုပ်သားတစ်ယောက်အနေဖြင့် သက်တမ်းတိုး မည်ဆိုပါက ကုန်ကျစရိတ်အမှန်မှာ ဘတ်(၄၀ဝဝ)ခန့်သာ ကုန်ကျမည်ဆိုသော်လည်း လက်ရှိတွင် ဘတ် (၁၀ဝဝဝ)အထက်တွင် ပေးဆောင်နေရကြောင်း သိရသည်။

#centralnewsnaypyitaw

image

ဗဟုသုတ
"ဆီ၊းအတွက် လက်တွေ့ပျော၊က်တဲ့"
[ ဆေးတစ်ခွက် ]
ဆီးသွားတဲ့အခါနာကျင်ခြင် မပြီးသလိုအောင့်ခြင်း
ပြီးခါနီးနာကျင်ခြင်း ဆီးသြားတဲ့အခါ အဖြူအဖက်
လေလိုလို အခဲအနည်းငယ်ပါကာသွားတဲ့အခါမှာ
အောင့်ခြင်း အလုပ်ပျက်အောင်နာကျင်နေပါက
-လိုအပ်တာလေးက မခက်ခဲပါဘူး
- ကြက်သွန်နီ ၃ လုံး
- ရေနွေးပူပူလေး အနည်ငယ်
-သကြားအနည်းငယ်ပဲလိုပါတယ်
" ကြက်သွန်နီ ကိုနွှာပြီးမှ ရေမဆေးရ "
ပါးပါးလှီးပြီး သကြားအနည်းငယ်ထည့်ပေါ့
-
ထည့်ပြီရေနွေးပူပူလေးထည့်ပြီး ခဏ အုပ္ထားပါ
ပူနွေးနွေးလေးအရည်းသောက်လိုက်ပါ
ကြက်သွန်ဖက်တွေ မစားရ အရေသောက်ယုံနဲ့
နေ့ခြင်းပျောက်ပါတယ် ။
မေတ္တာဖြင့်
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့
#crd

image