25 w - Translate

Funny Halloween Decoration Idea 💀

image

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
25 w - Translate

𝙵𝚊𝚟𝚘𝚞𝚛𝚒𝚝𝚎 ❤️

image
image
image
image
image
Nagato Yahiko shared a post  
25 w

25 w - Translate

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းကိုင်တွယ်ဖြေရှင်းလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိ-မ်လည်မှုများနှင့် တယ်လီကွန်း လိ-မ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားလိုက်သည်။

စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ "ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ဖွဲ့စည်းထားခြင်း၊ ကုလသမဂ္ဂ UNODC ၏ အကူအညီဖြင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် ညီလာခံတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အကျိုးကျေးဇူးများအနေဖြင့် နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေခြင်း၊ တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုမြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

image