25 w - Translate

ငြိမ်သက် အေးချမ်းတဲ့
ရှင်သန်ခြင်းလေး 🥰

imageimage
+6

အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေးရန် နစကဒုတိယဥက္ကဋ္ဌပြောကြား

အောက်တိုဘာ ၃၁၊ နေပြည်တော်။

အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၃၀ ရက်နေ့က ပြောကြားလိုက်သည်။

နေပြည်တော်ရှိအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေး အပ်ခြင်း စသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲကြီးက တစ်ဆင့် နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ရရှိလာမည့် အားကစား သမားများကို စွမ်းရည်တိုးတက်ကောင်းမွန်အောင် ကျွေးမွေးမှု (Sports Nutrition)အပိုင်းတွင်လည်း အားကစားနည်းအလိုက် သိပ္ပံနည်းကျစနစ်တကျနှင့် ကယ်လိုရီတွက်ချက်ကျွေးမွေးစေရေး၊ ခွန်အားတိုးဖို့ တားမြစ်ဆေးမသုံးစွဲဘဲ တိုင်းရင်း ဆေးဝါးများနှင့် ဖေါ်စပ်ကျွေးမွေးစေရေးတို့ကိုဆောင်ရွက်ရန် စသည်ဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်တိုက်တွန်းမှာကြားလိုကြောင်း”ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကြီးကို အားကစား ပြိုင်ပွဲအဖြစ်သာ မရှုမြင်ဘဲ နိုင်ငံတော်အဆင့်အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်အောင် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကလည်း ကကြီးမာကျယ်ပြန့်ခြင်းကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောက သားများအပါအဝင် ပြည်သအခန်းကဏ္ဍရပ်လုံးက ကိုယ်စီကိုယ်စီကျရာ အခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိ စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အောင်မြင် စွာကျင်းပနိုင်မည်ဟုယုံကြည်ပါကြောင်းလည်း ပြောကြားခဲ့သည်။

အမျိုးသားအားကစားပွဲတော်များကို ယခုအချိန်ထိ (၄)ကြိမ် ကျင်းပခဲ့ပြီး ပထမအကြိမ်ကို ၁၉၉၂ ခုနှစ်၊ မေလ (၃) ရက်နေ့မှ (၁၆)ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၂)နည်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့မှ ဖေဖော် ဝါရီလ (၆)ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၄)နည်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၂၄) ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနဖေဖော်ဝါရီလး၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၂၈)ရက်နေ့ထိ နေပြည်တော်တွင် အားကစားနည်း (၂၇)နည်းတို့ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပဉ္စမအကြိမ် အမျိုးသားအား ကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်နေကြေင်း သိရှိရသည်။

#centralnewsnaypyitaw

image
25 w - Translate

YouTube နဲ့ flow က ရတဲ့ အမှတ်တရတွေနဲ့ ပြည်သူ့ချစ်မင်းသမီး အဆိုတော်‌ ဝိုင်းစုခိုင်သိန်း💖

image

Shrimp 🦐

image

Shrimp 🦐

image

Shrimp 🦐

image

Shrimp 🦐

image

Shrimp 🦐

image
image
image
image
25 w - Translate

အလုပ်တွေ နဲ့စိတ်ဖိစီးမူ များလာတဲ့အခါ စာထိုင်ဖတ်လိုက်ပါ
( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )
" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့
" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့
" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ
" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး
" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ
" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"
"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်
" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။
...........................&..............:.........
ဆရာကြီးအားလေးစားလျက်ပါ
#western
#entertainment
#crd_to_owner_with_respect

image
25 w - Translate

လူတွေကြားထဲရှိနေရင်တောင်
လူတွေကြားထဲရှိနေတယ်လို့
မခံစားရတော့တဲ့ အခြေအနေတစ်ခု
ငါရခဲ့ပါတယ် ။

-ဂန္ဓမာ

image