25 w - Translate

၃၆ နှစ်မြောက်မွေးနေ့ပွဲမှာ ပျော်လွန်းလို့ မျက်ရည်ပါကျခဲ့တဲ့ ဝတ်မှုန်ရွှေရည်

တစ်နည်းအားဖြင့် Fan တွေက ၃၅ နှစ်ကို နှုတ်ဆက်တဲ့ ပွဲလေးအဖြစ် ဖန်တီးခဲ့ကြတာပါ။ သူမချစ်တဲ့ Fan လေးတွေရဲ့ ဖန်တီးမှု Surprise တွေကြောင့်ပဲ Idol က မျက်ရည်ပါကျခဲ့ရတယ်လို့ ရေးထားပါတယ်။ ပါဝင်ပေးတဲ့ သူမ Fan တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်တယ်လို့ ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။
#updatenews

imageimage
+4

ယူနိုက်တက်မှာဆက်ရှိဖို့ အဆင်သင့်ပဲလို့ နစ္စတယ်ရွိုင်း ပြော

အောက်တိုဘာ ၃၁၊ အားကစား။

လက်စတာအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းက အသင်းမှာဆက်ရှိဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ပြောခဲ့ ပါတယ်။

နစ္စတယ်ရွိုင်းက “နည်းပြသစ် ရောက်လာခဲ့ရင်လည်း ကျနော် ဆက်ရှိချင်ပါတယ်။ ကျနော်ဟာ လက်ထောက် အဖြစ်နဲ့ ကလပ်ကို ကူညီဖို့လာခဲ့တာပါ။ အခုယာယီနည်းပြအဖြစ်နဲ့ အသင်းက လိုအပ်တဲ့ အချိန်ကာလအထိ ကူညီပေးသွားမှာပါ။ အသင်းရဲ့ ပြောင်းလဲပြင်ဆင်မှု အနာဂတ်မှာလည်း ဘယ်အခန်းကဏ္ဍမဆိုပါဝင်ပြီး ကူညီ ပေးသွားချင်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်ဒီမှာရှိနေတာပါ”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

နွေရာသီက ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရတဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်နိုင်ပွဲ ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင် နေပေမယ့် သတင်းတွေအရ ပေါ်တူဂီလူမျိုးနည်းပြဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေ စတင်မယ့် အချိန်မှသာ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ချယ်လ်ဆီး၊ လက်စတာအသင်းတို့နဲ့ ပရီးမီးယားလိဂ်၊ PAOK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဆက်ပြီးကိုင်တွယ်ရဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယာယီနည်းပြ နစ္စတယ်ရွိုင်းက လက်စတာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက် ကစားသမားတွေဟာ အလွန် ကောင်းမွန်ခဲ့တယ်လို့ ချီးကျူးခဲ့ပြီး လာမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာ ရပ်တည်နေတာကြောင့် ချယ်လ်ဆီးအသင်း နဲ့ပွဲစဉ်မှာ နိုင်ပွဲရယူပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်ဖို့ ယာယီနည်းပြ နစ္စတယ်ရွိုင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါ တယ်။

Source: ESPN

ပုံ - လက်စတာအသင်းအား အနိုင်ယူပြီးနောက် နစ္စတယ်ရွိုင်းအောင်ပွဲခံနေပုံ

#centralnewsnaypyitaw

image
25 w - Translate

သမီးလေးနဲ့ အတူ ဘန်ကောက်မှာ ဆယ်ကျော်သက်လေးတစ်ယောက်လို ကဲနေတဲ့ ခိုင်သင်းကြည်

image

ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၃၁၊ နိုင်ငံတကာ။

ကနဦးရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မူကြမ်းရရှိထားကြောင်း အစ္စရေးရုပ်သံဌာနက ကြေညာထားသလို ရက်ပိုင်းအတွင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခု ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ရက်ပေါင်း ၆၀ ထဲက ပထမသီတင်းပတ်အတွင်း အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွာသွားမယ်ဆိုတဲ့ သတင်း တွေလည်း သတင်းပေါက်ကြားမှုကတစ်ဆင့် ထွက်ပေါ်နေပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေးသဘောတူညီလိမ့်မယ်လို့ မျှော် လင့်မထားကြောင်း လက်ဘနွန်ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီက ပြောပါတယ်။

ဒါပေမဲ့ ကြာသပတေးနေ့မှာ အစ္စရေးကို သွားရောက်မယ့် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် အေမို့စ်ဟိုချက်စ်တိမ်းနဲ့ ဗုဒ္ဓဟူးနေ့က စကားပြောပြီးနောက် ပိုပြီးတော့ အကောင်းမြင်လာတယ်လို့ နာဂျစ်မီကာ တီက ပြောပါတယ်။ “ဟိုချက်စ်တိမ်းနဲ့ ဖုန်းပြောနေစဉ် သူ ကျွန်တော့်ကိုပြောပါတယ်။

လမကုန်ခင်၊ နိုဝင်ဘာလ ၅ ရက်နေ့မတိုင်ခင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပါလိမ့်မယ်လို့ သူပြောပါတယ်။” လို့ မီကာတီက လက်ဘနွန်ရုပ်သံ Al Jadeed ကို ပြောပါတယ်။

“ကျွန်တော်တို့ တတ်နိုင်သမျှအားလုံး ဆောင်ရွက်နေပါတယ်။ လာမယ့် နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်း အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိလာလိမ့်မယ်ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက် ကျွန်တော်တို့မှာ ရှိနေဆဲပါ” လို့ ၎င်းက ပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ ပါလက်စတိုင်းဟားမတ်စ် ဂါဇာစစ် ပွဲနဲ့ အပြိုင် အပြန်အလှန်တိုက်ခိုက်နေကြတာဖြစ်းပါတယ်။ လက်ဘနွန်စစ်ပွဲဟာ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း ပိုမိုပြင်းထန်လာပြီး စစ်ပွဲဖြစ်ပွားခဲ့တဲ့ တစ်နှစ်အတွင်း သေ ဆုံးသူ ၂၈၀၀ ရှိသွားပြီဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဟစ်ဘိုလာအဖွဲ့က ပြန်လည်ပြောကြားခြင်းမရှိပါဘူး။

လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာအဖွဲ့ကိုတော့ အစ္စရေးတပ်တွေက ဗုဒ္ဓဟူးနေ့က ဆက်လက် အရှိန်မြှင့်တိုက် ခိုက်လျက်ရှိရာ လက်ဘနွန်နိုင်ငံ Baalbek မြို့အရှေ့ဘက်ဒေသနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကို လေ ကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

Ref: Lebanon, Israel could agree to ceasefire within days, Lebanese Prime Minister says

#centralnewsnaypyitaw

image
image
image
25 w - Youtube

25 w - Translate

အဲလိုမုန့်လိုက်ကျွေးမယ့် အချောလေးတယောက်လောက်

ပထမဆုံးထားတဲ့ရည်းစားတုန်းက Indiana Delight ထင်တယ်။ ဆိုင်အကြီးကြီးပဲ။ အဲ့ကို ခေါ်သွားတာ။
ညီမလေး အလုပ်အားရင် လိုက်ခဲ့အုန်း မုန့်ကျွေးမယ် ဆိုလို့ ကိုယ်က ပါသွားရော။ ရည်းစားက
မဖြစ်သေးဘူး။ မုန့်က ငတ်ပြီ။ ရိုးရိုးသားသားပဲ ထင်တာပေါ့တော်။
မြေအိုးဒန်ပေါက်ရယ် နောက်ပြီး စမိုင်ဒိန်ချဉ်ထင်တယ်။ သုံးလေးခုလောက်စားပြီးမှ ကိုကြီးကို ချစ်လား ဆိုတော့ ကိုယ်တွေလဲ ဟုတ် ဆိုပြီး ခေါင်းငြိမ့်လိုက်တာ အဲ့မှာရည်းစားရသွားရော ။
သူနဲ့ပြတ်ပြီး မန္တလေး က ကချင် ဗေဒင်ဆရာအကိုကြီးနဲ့ကျ ‌ ညနေ ကျုံးဘေးမှာ ကိတ်မုန့်နဲ့ ကော်ဖီဗန်းလေးတွေနဲ့ရောင်းတာကွာ။ မုန့်လှလှ လေး‌ တွေ တစ်ဆက်လုပ်ပြီးရောင်းတဲ့ခေတ်က အဲဒါထိုင်စားရင်း ချစ်လားမေးတာကို အင်း အင်း ဆိုပြီး ခေါင်းငြိတ်ပြလိုက်တာ ရည်းစားကရ သွားပြန်ရော။ ပါးစပ်နဲ့ မဖြေလိုက်နိုင်ဘူး။ ကိတ်မုန့်က ပလုတ်
ပလောင်းနဲ့ မို့လို့။
တောင်ကြီးမှာကျတော့လဲ အင်းလေးထဲအထိ ခေါ်သွားပြီး ရေပေါ်မုန့်တီလိုက်ကျွေးတာစားရင်း အဲ့မှာ ရည်းစားတစ်ယောက်ထပ်ရ။သူက အချစ်တွေဖွဲ့နွဲ့ ကိုယ်က မုန့်တီပူပူ တဖူးဖူးသောက်။ သူ ဘာတွေပြောနေမှန်းတောင်မမှတ်မိဘူး။ မုန့်တီက ငါးဖယ်နဲ့ ငါးကြော်နဲ့သောက်ခဲ့တာတော့ အခုထိမှတ်မိတယ်။ မပြတ်မချင်း တစ်ခုပြီးတစ်ခု စားချင်သမျှ လှမ်းပို့သေးတယ်။
နေပြည်တော်မှာ ၁လလောက် အလုပ်သွားလုပ်တုန်း အဲ့ကျ အကိုလူပျိုကြီး ကျတော့ ဝန်ထမ်းအိမ်ရာမှာ
ယောထမင်း ယောဟင်းချက်ကျွေးမယ်ဆိုလို့ ငတ်တာ ကနေ ၁လလောက် သူချက်ကျွေးတာ နေ့တိုင်းစားခဲ့ရတယ်။ ဒါကျ ex တွေထဲက အစားတစ်လုပ်ကျေးဇူးရှင်။ ကိုယ် ထမင်းငတ်မှာစိုးလို့ တာဝန်ကျတဲ့နေရာ နေ့တိုင်းဆိုင်ကယ်နဲ့ လာပို့ပေးခဲ့တာ။ သူ့အိမ်က အမေတွေ အဖေတွေကပါ စားတော်ပဲကို ထန်းညက်နဲ့ ထန်းရည်နဲ့ ပြုတ်ပြီး ရှယ်ပို့ပေးတာစားခဲ့ရသေးတယ်။
မရယ်ကြနဲ့။ Dating life ကို ထုတ်ပြရရင် ၉၀%က မုန့်လိုက်စားမိရင်း မထင်မှတ်ဘဲ ရည်းစားရကုန်တာကြီးပဲ။
အခုတော့ ကိုယ့်မုန့်ကိုယ်ဝယ်စားနိုင်ဖို့ကြိုးစားရုန်းကန်နေရတယ်။ တော်ကြာ မုန့်ကျွေးမယ်လေ ဆိုပြီး လိုက်သွားမိရင် လင်ထပ်‌ရနေမှာစိုးလို့ ။
သမီး ဘလူး ကျွေးတာမှမစားတော့ဘူး ရတယ် ရတယ်။ ကိုယ့်မုန့်ပဲကိုယ်ရှာစားတော့မယ်။ သူများကျွေးတာစားမိရင် အချစ်တွေပါ ပြန်ပေးမိကုန်လို့ 🤣🤌🏻 မုန့်‌စားရရင်ကို ကိုယ်က မေတ္တာမျှချင်နေပြီ။
Credit

image
25 w - Translate

၃၅ နှစ်ပြည့် မွေးနေ့ကို ချစ်ရတဲ့ Fan လေးတွေနဲ့အတူ ကျင်းပခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည် ❤️
Happy Birthday par 🎊🎉🎂

image
25 w - Translate

၃၅ နှစ်ပြည့် မွေးနေ့ကို ချစ်ရတဲ့ Fan လေးတွေနဲ့အတူ ကျင်းပခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည် ❤️
Happy Birthday par 🎊🎉🎂

image
25 w - Translate

၃၅ နှစ်ပြည့် မွေးနေ့ကို ချစ်ရတဲ့ Fan လေးတွေနဲ့အတူ ကျင်းပခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည် ❤️
Happy Birthday par 🎊🎉🎂

image
25 w - Translate

၃၅ နှစ်ပြည့် မွေးနေ့ကို ချစ်ရတဲ့ Fan လေးတွေနဲ့အတူ ကျင်းပခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည် ❤️
Happy Birthday par 🎊🎉🎂

image